Property Expo
×

အိႏိၵယႏုိင္ငံ ေျမာက္ပိုင္းတြင္ ျဖစ္ပြားခဲ့သည့္ ဆိုးရြားေသာ ရထားမေတာ္တဆမႈႀကီးအတြင္း အသက္ရွင္ က်န္ရစ္သူမ်ားကို ကယ္ဆယ္ေရးမ်ားက ညလံုးေပါက္ ရွာေဖြခဲ့ၾကေၾကာင္း သိရသည္။

ယူတာပရာဒက္ရွ္တြင္ ႏိုဝင္ဘာ ၂၀ က ျဖစ္ပြားခဲ့သည့္ ျဖစ္ရပ္ေၾကာင့္ လူေပါင္း ၁၂၀ ေက်ာ္ ေသဆံုးခဲ့သလို ဆိုးဆိုးရြားရြား ထိခိုက္ခဲ့သည့္ ရထားတြဲမ်ားအတြင္း ေနာက္ထပ္ ႐ုပ္အေလာင္းမ်ားကို ထပ္မံ ေတြ႕ျမင္ရဦးမည္ဟု ကယ္ဆယ္ေရးမ်ားက ေမွ်ာ္လင့္ထားသည္။ ထို႔ေၾကာင့္ အေသအေပ်ာက္ ပမာဏ ထပ္မံ ျမင့္တက္လာဖြယ္ ရွိေနသည္။

နံနက္အေစာပိုင္း အခ်ိန္တြင္ ကန္ပူအာ ၿမိဳ႕အနီး၌ Indore-Patna Express ရထား၏ တြဲ ၁၄ ခုထိ လမ္းေခ်ာ္ တိမ္းေမွာက္သြားမႈ၏ အေၾကာင္းရင္းကို တိတိက်က် မသိရေသးေခ်။ သို႔ေသာ္ ရထားလမ္းပိုင္းတြင္ ကြဲအက္ ပ်က္စီးမႈမ်ား ရွိေနျခင္းက အဓိက ျပႆနာဟု ကနဦး စစ္ေဆးမႈမ်ားက ညႊန္ျပေနသည္။

အိႏိၵယတြင္ ရထားလမ္းပိုင္းမ်ား အရည္အေသြး ညံ့ဖ်င္းမႈ အပါအဝင္ အေျခအေန အရပ္ရပ္ေၾကာင့္ ရထားမေတာ္တဆမႈမ်ား မၾကာခဏ ျဖစ္ပြားေလ့ ရွိသည္။ အိႏိၵယ သယ္ယူပို႔ေဆာင္ေရး ဝန္ႀကီးဌာနသည္ ႏိုဝင္ဘာ ၂၁ ရက္ နံနက္ပိုင္း၌ ထိခုိက္ဒဏ္ရာရသူ ၁၃၁ ဦး၏ အမည္မ်ားကို ထုတ္ျပန္ ေၾကညာခဲ့ၿပီး ယင္းတို႔အနက္ ၅၈ ဦးမွာ အေျခအေန ဆိုးရြားေၾကာင္း ေဖာ္ျပခဲ့သည္။ အေစာပိုင္းကမူ ထိခုိက္ဒဏ္ရာရသူ အေရအတြက္ ၁၅၀ မွ် ရွိခဲ့ေၾကာင္း သတင္းမ်ားက ေဖာ္ျပခဲ့သည္။

ရထားလမ္းေခ်ာ္မႈတြင္ စက္ေခါင္းႏွင့္ကပ္လ်က္ ေ႐ွ႕ဘက္အက်ဆံုး တြဲႏွစ္တြဲ၌ အဓိက အျပင္းထန္ဆံုး ထိခုိက္မႈမ်ား ရွိခဲ့သည္။ တြဲႏွစ္တြဲ အခ်င္းခ်င္း ႐ိုက္မိကာ ဂၽြမ္းထိုးေမွာက္ခံု ျဖစ္သြားခဲ့ေၾကာင္း သိရသည္။ ေသဆံုးသူ အမ်ားစုသည္လည္း အဆိုပါ တြဲမ်ားအတြင္းမွ ျဖစ္ၾကသည္။

ကယ္ဆယ္ေရးမ်ားသည္ သတၱဳျဖတ္စက္မ်ား၊ မီးတုတ္မ်ား၊ ကရိန္းမ်ားကို အသံုးျပဳကာ တြဲမ်ားကို ေထာင္မတ္ၿပီး ပိတ္မိေနသူမ်ားကို ကယ္ထုတ္ရန္ ညလံုးေပါက္ အားထုတ္ ႀကိဳးစားခဲ့ၾကသည္။ ရထားေပၚတြင္ တင္ေဆာင္လာသူ အေရအတြက္ကို တိတိက်က် မသိရေသးေခ်။

အာဏာပိုင္မ်ားက ရထားေပၚတြင္ တရားဝင္ လုိက္ပါႏိုင္သူ အေရအတြက္သည္ ၁၂၀၀ မွ်သာ ျဖစ္ေသာ္လည္း ယင္းထက္ ခရီးသည္ အေရအတြက္ ေနာက္ထပ္ ၅၀၀ မွ် အပိုေဆာင္း လုိက္ပါလာသည္ဟု ယံုၾကည္ရေၾကာင္းလည္း ေျပာၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရထားမတော်တဆမှုကြီးအတွင်း အသက်ရှင် ကျန်ရစ်သူများကို ကယ်ဆယ်ရေးများက ညလုံးပေါက် ရှာဖွေခဲ့ကြကြောင်း သိရသည်။

ယူတာပရာဒက်ရှ်တွင် နိုဝင်ဘာ ၂၀ က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကြောင့် လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့သလို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည့် ရထားတွဲများအတွင်း နောက်ထပ် ရုပ်အလောင်းများကို ထပ်မံ တွေ့မြင်ရဦးမည်ဟု ကယ်ဆယ်ရေးများက မျှော်လင့်ထားသည်။ ထို့ကြောင့် အသေအပျောက် ပမာဏ ထပ်မံ မြင့်တက်လာဖွယ် ရှိနေသည်။

နံနက်အစောပိုင်း အချိန်တွင် ကန်ပူအာ မြို့အနီး၌ Indore-Patna Express ရထား၏ တွဲ ၁၄ ခုထိ လမ်းချော် တိမ်းမှောက်သွားမှု၏ အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။ သို့သော် ရထားလမ်းပိုင်းတွင် ကွဲအက် ပျက်စီးမှုများ ရှိနေခြင်းက အဓိက ပြဿနာဟု ကနဦး စစ်ဆေးမှုများက ညွှန်ပြနေသည်။

အိန္ဒိယတွင် ရထားလမ်းပိုင်းများ အရည်အသွေး ညံ့ဖျင်းမှု အပါအဝင် အခြေအနေ အရပ်ရပ်ကြောင့် ရထားမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။ အိန္ဒိယ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနသည် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်း၌ ထိခိုက်ဒဏ်ရာရသူ ၁၃၁ ဦး၏ အမည်များကို ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းတို့အနက် ၅၈ ဦးမှာ အခြေအနေ ဆိုးရွားကြောင်း ဖော်ပြခဲ့သည်။ အစောပိုင်းကမူ ထိခိုက်ဒဏ်ရာရသူ အရေအတွက် ၁၅၀ မျှ ရှိခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ရထားလမ်းချော်မှုတွင် စက်ခေါင်းနှင့်ကပ်လျက် ရှေ့ဘက်အကျဆုံး တွဲနှစ်တွဲ၌ အဓိက အပြင်းထန်ဆုံး ထိခိုက်မှုများ ရှိခဲ့သည်။ တွဲနှစ်တွဲ အချင်းချင်း ရိုက်မိကာ ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့ကြောင်း သိရသည်။ သေဆုံးသူ အများစုသည်လည်း အဆိုပါ တွဲများအတွင်းမှ ဖြစ်ကြသည်။

ကယ်ဆယ်ရေးများသည် သတ္တုဖြတ်စက်များ၊ မီးတုတ်များ၊ ကရိန်းများကို အသုံးပြုကာ တွဲများကို ထောင်မတ်ပြီး ပိတ်မိနေသူများကို ကယ်ထုတ်ရန် ညလုံးပေါက် အားထုတ် ကြိုးစားခဲ့ကြသည်။ ရထားပေါ်တွင် တင်ဆောင်လာသူ အရေအတွက်ကို တိတိကျကျ မသိရသေးချေ။

အာဏာပိုင်များက ရထားပေါ်တွင် တရားဝင် လိုက်ပါနိုင်သူ အရေအတွက်သည် ၁၂၀၀ မျှသာ ဖြစ်သော်လည်း ယင်းထက် ခရီးသည် အရေအတွက် နောက်ထပ် ၅၀၀ မျှ အပိုဆောင်း လိုက်ပါလာသည်ဟု ယုံကြည်ရကြောင်းလည်း ပြောကြားထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top