Property Expo
×




Credit:Trend Myanmar

#Unicode Version
Texas ပြည်နယ်က အသက် ၂၄နှစ်အရွယ် အလယ်တန်းပြဆရာမနဲ့အသက် ၁၃နှစ်အရွယ် ကျောင်းသားတို့ ချစ်တင်းနှောပြီး ကိုယ်ဝန်ရတဲ့အထိ ဖြစ်သွားတဲ့အကြောင်းတွေ ဒီနှစ်စပိုင်းက အင်တာနက်ပေါ်ပျံ့နှံ့သွားခဲ့ပါတယ်။ တရားရုံးက ဖော်ပြတဲ့ မှတ်တမ်းအရဆိုရင် Stovall အလယ်တန်းကျောင်းက Alexandria Vera ဆိုသူ ဆရာမဟာ ရှစ်တန်းကျောင်းသားလေးနဲ့ ၂၀၁၅ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ မကြာခဏဆိုသလို သူတို့နှစ်ဦးဟာ လိင်ဆက်ဆံတာမျိုးတွေ ရှိခဲ့တာပါ။

ဒါကို သူမက တာဝန်ရှိသူတွေကို သူတို့မကြာခဏ အတူနေဖြစ်ကြကြောင်း ဝန်ခံခဲ့ပါတယ်တဲ့။ အဲ့ဒီနောက်မှာတော့ သူမဟာ ကျောင်းသားနဲ့ရတဲ့ ကိုယ်ဝန်ကို လွယ်ထားခဲ့ရပြီး ကျောင်းသားမိဘတွေကို အသိပေးခဲ့ပါတယ်တဲ့။ အဲ့ဒီနောက်မှာတော့ အခြေအနေတွေ ပိုရှုပ်ထွေးလာခဲ့ကာ သူတို့အလယ်တန်းကျောင်းကို စစ်ဆေးရေးလာတာတွေ အကြိမ်ရေပိုစိပ်လာခဲ့တာကြောင့် သူမဟာ ကိုယ်ဝန်ကို ဖျက်ချပစ်ခဲ့ပါတယ်။

မကြာခင်မှာပဲ သူမကို ဖမ်းဝရမ်းထွက်လာခဲ့ပြီး တရားရုံးမှာ တရားရင်ဆိုင်ဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ခုနောက်ဆုံးသိရှိရတဲ့ သတင်းအချက်အလက်တွေအရ သူမကို ထောင်ဒဏ် ၂၅နှစ်ကနေ ၅နှစ်ထိ အသနားခံစာကြောင့် လျှော့ပေါ့ပေးလိုက်တယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top