Kantharyar Centre
×

သင္တုိ႔နားေတြ သန္႔ရွင္းဖုိ႔အတြက္ အသံုးျပဳေနတဲ့ နားက်ပ္ဂြမ္းေခ်ာင္းေလးေတြဟာ တကယ္ေတာ့ နားသန္႔ရွင္းေရးလုပ္ဖို႔တင္ အသံုး၀င္တာ မဟုတ္ပါဘူး။ ဒီဂြမ္းေခ်ာင္းေလးေတြကို အသံုးျပဳႏိုင္တဲ့ အျခားနည္းလမ္းေပါင္းမ်ားစြာ ရွိေနတာမို႔ အားလံုးသိရေအာင္ ေျပာျပေပးလိုက္ပါတယ္။

၁။သြားေလရာကို ေရေမႊးပုလင္း သယ္မယ့္အစား ဂြမ္းေခ်ာင္းေလးေတြကို သယ္ယူသြားႏိုင္ပါတယ္။

ကိုယ္ဆြတ္ေနက် ေရေမႊးရနံ႕ေလးကို အခ်ိန္တုိင္း ခႏၶာကိုယ္ေပၚမွာ သင္းပ်ံ႕ေနေစဖုိ႔ ေရေမႊးပုလင္းကို သြားေလရာ သယ္သြားၿပီး စြတ္စရာမလုိပါဘူး။ ဂြမ္းေခ်ာင္းေလးေတြကို ေရေမႊးဖ်န္းဆြတ္လိုက္ၿပီး  ပံုမွာျပထားသလို ပလတ္စတစ္အိတ္ထဲထည့္ၿပီး လြယ္လြယ္ကူကူ ယူသြားလိုက္ရံုေပါ့။ ၿပီးရင္း တစ္ခုခ်င္းစီကို ထုတ္ၿပီး လည္ပင္း၊ လက္ေကာက္၀တ္ေလးေတြမွာ ဂြမ္းထိပ္ကေလးနဲ႔ တို႔ထိလုိက္ရံုနဲ႔ ရနံ႕ေလးေတြ သင္းသြားမွာပါ။ဘယ္ေလာက္မိုက္သလဲ။

၂။ႏႈတ္ခမ္းနီဆိုးတဲ့အခါ ဂြမ္းေခ်ာင္းေလးေတြနဲ႔ အနားသတ္လိုက္ပါ။

ႏႈတ္ခမ္းနီဆိုတဲ့အခါ လွ်ံသြားတာမ်ိဳးေတြ ျဖစ္တတ္တယ္ဆုိရင္ ဂြမ္းေခ်ာင္းေလးေတြနဲ႔ သပ္သပ္ရပ္ရပ္ေလး တို႔ေပးပါ။ ပိုၿပီး ေသသပ္ခ်င္တယ္ဆိုရင္ေတာ့ ႏႈတ္ခမ္းသားအနားေတြကို ဂြမ္းေခ်ာင္းေလးေတြနဲ႔ ေပါင္ဒါမႈန္႔တို႔ၿပီး အၿပီးသတ္လိုက္ေပါ့။

၃။ဆံပင္အရင္နားေတြကို ဂြမ္းေခ်ာင္းေလးေတြနဲ႔ အေရာင္ညီေအာင္ ဖန္တီးပါ။

ဆံပင္အရင္းနားေတြက အေရာင္ေတြေျပာင္းၿပီး ၾကည့္မေကာင္းေအာင္ မညီမညာျဖစ္ေနၿပီဆုိရင္ေတာ့  ဂြမ္းေခ်ာင္းေလးေတြကို အိုင္းရွဲဒိုးနည္းနည္းသုတ္ၿပီး ခုန မညီမညာျဖစ္ေနတဲ့ ဆံပင္ရင္းေတြကို ကာလာညႈိလိုက္ရံုပါပဲ။

၄။ဒရိုင္ယာကိုလည္း ဂြမ္းေခ်ာင္းေလးေတြသံုးၿပီး သန္႔ရွင္းေရးလုပ္ႏိုင္ပါတယ္။

ကိုယ့္ရဲ႕ ဒရိုင္ယာမွာ ဖုန္ေတြကပ္ေနၿပီလား၊ ဒါမွမဟုတ္ ဂ်ီးေတြျဖစ္ေနၿပီလား။ ဒါဆို ဂြမ္းေခ်ာင္းေလးေတြသံုးၿပီး သန္႔ရွင္းေရးလုပ္လိုက္ရံုေပါ့။ ဘာခက္တာမွတ္လို႔။

၅။ၾကပ္ေနတဲ့ဇစ္ကိုလည္း ဂြမ္းေခ်ာင္းသံုးၿပီး အဆင္ေျပေအာင္ လုပ္ႏိုင္ပါတယ္။

ကိုယ္၀တ္မယ့္အက်ႍဇစ္က ၾကပ္ေနတယ္ဆုိရင္ ဂြမ္းေခ်ာင္းမွာ ရွန္ပူနည္းနည္းစြတ္ၿပီး ၾကပ္ေနတဲ့ေနရာကို သုတ္လိမ္းေပးလိုက္ပါ။ ရွန္ပူကို ေခ်ာဆီသေဘာမ်ိဳး သံုးတဲ့သေဘာပါပဲ။ အဆင္ေျပသြားပါလိမ့္မယ္။

၆။၀က္ျခံညွစ္မယ္ဆုိလည္း ဂြမ္းေခ်ာင္းေတြကို သံုးႏိုင္တာပဲေနာ္။

မ်က္ႏွာမွာ ၀က္ၿခံက မွည့္ေနၿပီ။ ညွစ္လိုက္ရင္ အုိေကသြားၿပီဆိုရင္ လက္န႔ဲညွစ္ပစ္လိုက္မယ့္အစား ဂြမ္းေခ်ာင္းေလးေတြကို သံုးလို႕ရတယ္ေနာ္။ ပထမဆံုး ေရေႏြးေလးနဲ႔ မ်က္ႏွာသစ္လိုက္ပါ။ အဲ့ဒီေနာက္မွာေတာ့ မ်က္ႏွာေပၚက ၀က္ၿခံကို ဂြမ္းေခ်ာင္းႏွစ္ေခ်ာင္းသံုးၿပီး ဖယ္ရွားလိုက္ရံုေပါ့။

၇။eye makeup ဖ်က္မယ္ဆိုရင္လည္း ဂြမ္းေခ်ာင္းေလးေတြ သံုးႏိုင္ပါေသးတယ္။

မ်က္ခြံေပၚက မိတ္ကပ္ေတြ ဖ်က္ပစ္ဖုိ႔ဆိုရင္ ဂြမ္းေခ်ာင္းထိပ္ေလးကို moisturizerထဲ ႏွစ္လိုက္ၿပီး မိတ္ကပ္ေတြကို ဖ်က္ပစ္လိုက္ရံုပါပဲ။

၈။မ်က္ခံုးေမႊးဆြဲတဲ့အခါ ဂြမ္းေခ်ာင္းေတြရဲ႕ အကူအညီကို ယူပါ။

မ်က္ခံုးေမႊးအနားသတ္ေလးေတြ လွလွပပ ညီညီညာညာေလးျဖစ္ဖုိ႔အတြက္လည္း ဂြမ္းေခ်ာင္းေလးေတြက ကူညီေပးႏိုုင္ပါေသးတယ္။

၉။မ်က္ခြံေပၚေပသြားတဲ့ mascara ေတြကို ဂြမ္းေခ်ာင္းထိပ္ေလးေတြနဲ႔ ဖယ္ရွားႏိုင္။

တစ္ခါတစ္ေလ လက္ဆနည္းနည္းမ်ားသြားလို႔ mascara ဆြဲတဲ့အခါ လွ်ံသြားတာမ်ိဳးပဲျဖစ္ျဖစ္၊ mascara ရည္မေျခာက္ခင္ မ်က္လံုးမွိတ္လိုက္မိလို႔ မ်က္ခြံေပၚ ေပသြားတာပဲျဖစ္ျဖစ္ ဂြမ္းေခ်ာင္းထိပ္ေလးေတြနဲ႔ တုိ႔ထိသန္႔ရွင္းေပးႏိုင္ေသးတယ္ေနာ္။

၁၀။မ်က္ေတာင္တုတပ္မယ္ဆုိရင္လည္း ဂြမ္းေခ်ာင္းေလးေတြက အသံုး၀င္ပါတယ္။

မ်က္ေတာင္တုတပ္ေလ့ရွိတဲ့သူေတြအတြက္ ဂြမ္းေခ်ာင္းေလးေတြ ဘယ္ေလာက္အသံုး၀င္တယ္ဆိုတာ ေျပာျပေပးခ်င္ပါတယ္။ အဲ့ဒါကေတာ့ မ်က္ေတာင္တုမွာ သုတ္လိမ္းေပးရမယ့္ ေကာ္ကို ဂြမ္းေခ်ာင္းေလးေတြနဲ႔ သုတ္လိမ္းေပးၿပီး မ်က္ေတာင္တု တပ္လိုက္ရံုပါပဲ။ ဘယ္ေလာက္မိုက္လဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

သင်တို့နားတွေ သန့်ရှင်းဖို့အတွက် အသုံးပြုနေတဲ့ နားကျပ်ဂွမ်းချောင်းလေးတွေဟာ တကယ်တော့ နားသန့်ရှင်းရေးလုပ်ဖို့တင် အသုံးဝင်တာ မဟုတ်ပါဘူး။ ဒီဂွမ်းချောင်းလေးတွေကို အသုံးပြုနိုင်တဲ့ အခြားနည်းလမ်းပေါင်းများစွာ ရှိနေတာမို့ အားလုံးသိရအောင် ပြောပြပေးလိုက်ပါတယ်။

၁။သွားလေရာကို ရေမွှေးပုလင်း သယ်မယ့်အစား ဂွမ်းချောင်းလေးတွေကို သယ်ယူသွားနိုင်ပါတယ်။

ကိုယ်ဆွတ်နေကျ ရေမွှေးရနံ့လေးကို အချိန်တိုင်း ခန္ဓာကိုယ်ပေါ်မှာ သင်းပျံ့နေစေဖို့ ရေမွှေးပုလင်းကို သွားလေရာ သယ်သွားပြီး စွတ်စရာမလိုပါဘူး။ ဂွမ်းချောင်းလေးတွေကို ရေမွှေးဖျန်းဆွတ်လိုက်ပြီး  ပုံမှာပြထားသလို ပလတ်စတစ်အိတ်ထဲထည့်ပြီး လွယ်လွယ်ကူကူ ယူသွားလိုက်ရုံပေါ့။ ပြီးရင်း တစ်ခုချင်းစီကို ထုတ်ပြီး လည်ပင်း၊ လက်ကောက်ဝတ်လေးတွေမှာ ဂွမ်းထိပ်ကလေးနဲ့ တို့ထိလိုက်ရုံနဲ့ ရနံ့လေးတွေ သင်းသွားမှာပါ။ဘယ်လောက်မိုက်သလဲ။

၂။နှုတ်ခမ်းနီဆိုးတဲ့အခါ ဂွမ်းချောင်းလေးတွေနဲ့ အနားသတ်လိုက်ပါ။

နှုတ်ခမ်းနီဆိုတဲ့အခါ လျှံသွားတာမျိုးတွေ ဖြစ်တတ်တယ်ဆိုရင် ဂွမ်းချောင်းလေးတွေနဲ့ သပ်သပ်ရပ်ရပ်လေး တို့ပေးပါ။ ပိုပြီး သေသပ်ချင်တယ်ဆိုရင်တော့ နှုတ်ခမ်းသားအနားတွေကို ဂွမ်းချောင်းလေးတွေနဲ့ ပေါင်ဒါမှုန့်တို့ပြီး အပြီးသတ်လိုက်ပေါ့။

၃။ဆံပင်အရင်နားတွေကို ဂွမ်းချောင်းလေးတွေနဲ့ အရောင်ညီအောင် ဖန်တီးပါ။

ဆံပင်အရင်းနားတွေက အရောင်တွေပြောင်းပြီး ကြည့်မကောင်းအောင် မညီမညာဖြစ်နေပြီဆိုရင်တော့  ဂွမ်းချောင်းလေးတွေကို အိုင်းရှဲဒိုးနည်းနည်းသုတ်ပြီး ခုန မညီမညာဖြစ်နေတဲ့ ဆံပင်ရင်းတွေကို ကာလာညှိုလိုက်ရုံပါပဲ။

၄။ဒရိုင်ယာကိုလည်း ဂွမ်းချောင်းလေးတွေသုံးပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

ကိုယ့်ရဲ့ ဒရိုင်ယာမှာ ဖုန်တွေကပ်နေပြီလား၊ ဒါမှမဟုတ် ဂျီးတွေဖြစ်နေပြီလား။ ဒါဆို ဂွမ်းချောင်းလေးတွေသုံးပြီး သန့်ရှင်းရေးလုပ်လိုက်ရုံပေါ့။ ဘာခက်တာမှတ်လို့။

၅။ကြပ်နေတဲ့ဇစ်ကိုလည်း ဂွမ်းချောင်းသုံးပြီး အဆင်ပြေအောင် လုပ်နိုင်ပါတယ်။

ကိုယ်ဝတ်မယ့်အကျႍဇစ်က ကြပ်နေတယ်ဆိုရင် ဂွမ်းချောင်းမှာ ရှန်ပူနည်းနည်းစွတ်ပြီး ကြပ်နေတဲ့နေရာကို သုတ်လိမ်းပေးလိုက်ပါ။ ရှန်ပူကို ချောဆီသဘောမျိုး သုံးတဲ့သဘောပါပဲ။ အဆင်ပြေသွားပါလိမ့်မယ်။

၆။ဝက်ခြံညှစ်မယ်ဆိုလည်း ဂွမ်းချောင်းတွေကို သုံးနိုင်တာပဲနော်။

မျက်နှာမှာ ဝက်ခြံက မှည့်နေပြီ။ ညှစ်လိုက်ရင် အိုကေသွားပြီဆိုရင် လက်နဲ့ညှစ်ပစ်လိုက်မယ့်အစား ဂွမ်းချောင်းလေးတွေကို သုံးလို့ရတယ်နော်။ ပထမဆုံး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အဲ့ဒီနောက်မှာတော့ မျက်နှာပေါ်က ဝက်ခြံကို ဂွမ်းချောင်းနှစ်ချောင်းသုံးပြီး ဖယ်ရှားလိုက်ရုံပေါ့။

၇။eye makeup ဖျက်မယ်ဆိုရင်လည်း ဂွမ်းချောင်းလေးတွေ သုံးနိုင်ပါသေးတယ်။

မျက်ခွံပေါ်က မိတ်ကပ်တွေ ဖျက်ပစ်ဖို့ဆိုရင် ဂွမ်းချောင်းထိပ်လေးကို moisturizerထဲ နှစ်လိုက်ပြီး မိတ်ကပ်တွေကို ဖျက်ပစ်လိုက်ရုံပါပဲ။

၈။မျက်ခုံးမွှေးဆွဲတဲ့အခါ ဂွမ်းချောင်းတွေရဲ့ အကူအညီကို ယူပါ။

မျက်ခုံးမွှေးအနားသတ်လေးတွေ လှလှပပ ညီညီညာညာလေးဖြစ်ဖို့အတွက်လည်း ဂွမ်းချောင်းလေးတွေက ကူညီပေးနိုုင်ပါသေးတယ်။

၉။မျက်ခွံပေါ်ပေသွားတဲ့ mascara တွေကို ဂွမ်းချောင်းထိပ်လေးတွေနဲ့ ဖယ်ရှားနိုင်။

တစ်ခါတစ်လေ လက်ဆနည်းနည်းများသွားလို့ mascara ဆွဲတဲ့အခါ လျှံသွားတာမျိုးပဲဖြစ်ဖြစ်၊ mascara ရည်မခြောက်ခင် မျက်လုံးမှိတ်လိုက်မိလို့ မျက်ခွံပေါ် ပေသွားတာပဲဖြစ်ဖြစ် ဂွမ်းချောင်းထိပ်လေးတွေနဲ့ တို့ထိသန့်ရှင်းပေးနိုင်သေးတယ်နော်။

၁၀။မျက်တောင်တုတပ်မယ်ဆိုရင်လည်း ဂွမ်းချောင်းလေးတွေက အသုံးဝင်ပါတယ်။

မျက်တောင်တုတပ်လေ့ရှိတဲ့သူတွေအတွက် ဂွမ်းချောင်းလေးတွေ ဘယ်လောက်အသုံးဝင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ အဲ့ဒါကတော့ မျက်တောင်တုမှာ သုတ်လိမ်းပေးရမယ့် ကော်ကို ဂွမ်းချောင်းလေးတွေနဲ့ သုတ်လိမ်းပေးပြီး မျက်တောင်တု တပ်လိုက်ရုံပါပဲ။ ဘယ်လောက်မိုက်လဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top