Property Expo
×

လန္ဒန္-ခ်န္ပီယံလိဂ္ ပထမဆံုး ရာသီ လြယ္ကူေသာ အေျခအေန အျဖစ္ ဖန္တီးခဲ့ေသာ လက္စတာ စီးတီးသည္ ကိုပင္ေဟဂင္တြင္ အႏိုင္ရပါက ေနာက္ဆံုး ၁၆ သင္းအဆင့္သို႔ တက္ေရာက္ႏိုင္ မည္ ျဖစ္သည္။

လြန္ခဲ့ေသာ သီတင္းႏွစ္ပတ္ က ကိုပင္ေဟဂင္ကို ၁-၀ ဂိုးျဖင့္ ကပ္ႏိုင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ စတင္ကစားေသာ ရာသီတြင္ အုပ္စုပဲြသံုးပဲြ ဆက္တိုက္အႏိုင္ရ ေသာ ပၪၥမေျမာက္ အသင္းျဖစ္ လာေသာ လက္စတာသည္ ယေန႔ည ေလးပဲြဆက္တုိက္ႏိုင္ၿပီး ေပၚတုိက ဘရပ္ဂ္အသင္းကို အ ႏိုင္မရပါက အုပ္စု (G) ထိaပ္ဆံုး ေနရာ ရရွိမည္ျဖစ္သည္။

ယင္းသို႔ဆုိလွ်င္ ႐ံႈးထြက္အ ဆင့္တြင္ အသင္းႀကီးတစ္သင္း ႏွင့္ ထိပ္တိုက္ေတြ႕မႈကို ေရွာင္လဲႊ ႏိုင္မည္ျဖစ္သည္။

သို႔ေသာ္ ခရစၥတယ္ပဲေလ့စ္ ကို အိမ္ကြင္း၌ အႏိုင္ရၿပီး စပါး ကို သေရကစားကာ တစ္မွတ္ရ ယူခဲ့ၿပီးေနာက္ ယမန္ႏွစ္ကကဲ့သို႔ ေျခစြမ္းမ်ိဳး ျပန္ရလာသည့္္ အရိပ္ အေယာင္ ေတြ႕ရသည္။

လက္စတာတြင္ ကြင္းလယ္ လူမင္ဒီ ဒဏ္ရာေၾကာင့္ ပါ၀င္ ႏိုင္မည္မဟုတ္ဘဲ စလီမာနီႏွင့္ အာမက္မူဆာတို႔၏ ဒဏ္ရာအ ေျခအေနကိုလည္း ပဲြမတိုင္မီ အ ကဲျဖတ္ရမည္ျဖစ္သည္။

ကိုပင္ေဟဂင္အသင္းကမူ ၿပိဳင္ပဲြအားလံုး ေနာက္ဆံုးခုနစ္ပဲြ တြင္ ေျခာက္ဂိုးသြင္းယူထားေသာ ပါရာေဂြးတိုက္စစ္မွဴး ဖီဒီရီကို ဆန္တန္ဒါကို အားကိုးရမည္ျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
Unicode Version

လန်ဒန်-ချန်ပီယံလိဂ် ပထမဆုံး ရာသီ လွယ်ကူသော အခြေအနေ အဖြစ် ဖန်တီးခဲ့သော လက်စတာ စီးတီးသည် ကိုပင်ဟေဂင်တွင် အနိုင်ရပါက နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင် မည် ဖြစ်သည်။

လွန်ခဲ့သော သီတင်းနှစ်ပတ် က ကိုပင်ဟေဂင်ကို ၁-၀ ဂိုးဖြင့် ကပ်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ် စတင်ကစားသော ရာသီတွင် အုပ်စုပွဲသုံးပွဲ ဆက်တိုက်အနိုင်ရ သော ပဉ္စမမြောက် အသင်းဖြစ် လာသော လက်စတာသည် ယနေ့ည လေးပွဲဆက်တိုက်နိုင်ပြီး ပေါ်တိုက ဘရပ်ဂ်အသင်းကို အ နိုင်မရပါက အုပ်စု (G) ထိaပ်ဆုံး နေရာ ရရှိမည်ဖြစ်သည်။

ယင်းသို့ဆိုလျှင် ရှုံးထွက်အ ဆင့်တွင် အသင်းကြီးတစ်သင်း နှင့် ထိပ်တိုက်တွေ့မှုကို ရှောင်လွဲှ နိုင်မည်ဖြစ်သည်။

သို့သော် ခရစ္စတယ်ပဲလေ့စ် ကို အိမ်ကွင်း၌ အနိုင်ရပြီး စပါး ကို သရေကစားကာ တစ်မှတ်ရ ယူခဲ့ပြီးနောက် ယမန်နှစ်ကကဲ့သို့ ခြေစွမ်းမျိုး ပြန်ရလာသည့် အရိပ် အယောင် တွေ့ရသည်။

လက်စတာတွင် ကွင်းလယ် လူမင်ဒီ ဒဏ်ရာကြောင့် ပါဝင် နိုင်မည်မဟုတ်ဘဲ စလီမာနီနှင့် အာမက်မူဆာတို့၏ ဒဏ်ရာအ ခြေအနေကိုလည်း ပွဲမတိုင်မီ အ ကဲဖြတ်ရမည်ဖြစ်သည်။

ကိုပင်ဟေဂင်အသင်းကမူ ပြိုင်ပွဲအားလုံး နောက်ဆုံးခုနစ်ပွဲ တွင် ခြောက်ဂိုးသွင်းယူထားသော ပါရာဂွေးတိုက်စစ်မှူး ဖီဒီရီကို ဆန်တန်ဒါကို အားကိုးရမည်ဖြစ် သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top