Property Expo
×

ေရြးေကာက္ပြဲညက စာေရး တဲ့အခါ ေကာ္လံတစ္ခုကို ကြၽန္ ေတာ့္သူငယ္ခ်င္း ေရႊ႕ေျပာင္း အ ေျခခ် ေနထိုင္သူတစ္ေယာက္ဆီ က စကားလံုးေတြနဲ႔ အစျပဳခဲ့ပါ တယ္။ သူက ၁၉၈၀ ျပည့္လြန္ႏွစ္ ေတြမွာ ဇင္ဘာေဘြကေန အ ေမရိကန္ကို ေရာက္လာတဲ့ လက္စ္ ေလ ဂိုးလ္ဝက္ဆာပါ။ သူ႔စကား က ဒီလိုပါ။

‘‘မင္းတို႔ အေမရိကန္ေတြက ကိုယ့္ႏုိင္ငံကုိယ္ ေဘာလံုးလို က်ံဳး က်ံဳးကန္ေနၾကတာကိုး။ တကယ္ ေတာ့ အဲဒါ ေဘာလံုးမဟုတ္ဘူး။ ဖာဘာဂီဥ (ရတနာစီျခယ္ထားတဲ့ ထီးသံုးနန္းသံုး ဥပံုေသတၱာငယ္) တစ္လံုးပဲ။ အခ်ိန္မေရြး ကြဲသြား ႏိုင္တယ္’’ တဲ့။

ေဒၚနယ္ထရန္႔ သမၼတ ျဖစ္ လာတဲ့ေနာက္ ကြၽန္ေတာ္ျဖတ္ သန္းခဲ့တဲ့ ၆၃ ႏွစ္တာ ကာလ ထက္ကို ေလာေလာလတ္လတ္ အေျခအေနမွာ ကိုယ့္ႏုိင္ငံ ထိ ခိုက္ ၿပိဳကြဲသြားမွာကို ပိုေၾကာက္ ေနမိပါတယ္။ ကိုယ့္ႏိုင္ငံအစိုးရ က မွန္ကန္တဲ့ လုပ္ငန္းေဆာင္ ရြက္မႈမ်ိဳး မရွိရင္ ႏုိင္ငံကလည္း ျပင္ဆင္လုိ႔မရေအာင္ ပ်က္စီး သြားႏုိင္ပါတယ္။

ထရန္႔က သမၼတေလာင္း တစ္ေယာက္အျဖစ္ ထြက္ေပၚ လာခ်ိန္ကတည္းက သူသာႏုိင္ သြားရင္ဆိုတဲ့ ကိစၥကို အေလးအ နက္ စဥ္းစားရမယ့္ ျဖစ္ႏုိင္ေျခ တစ္ရပ္လုိ႔ ကြၽန္ေတာ္ သေဘာ ထားခဲ့ပါတယ္။ ကြၽန္ေတာ့္အေန နဲ႔ ကိုယ့္ေကာ္လံ ေဆာင္းပါးမွာ ျဖစ္ႏုိင္ေျခကိစၥကို အမွန္တကယ္ ျဖစ္ေျမာက္လာသလို သံုးသပ္ခဲ့ တာေတြ ရွိပါတယ္။ ဒါေပမဲ့ အ မွန္တကယ္ ျဖစ္လာခ်ိန္မွာေတာ့ တုန္လႈပ္ေနတုန္းပါပဲ။

ဒါဟာ ထည့္မတြက္လို႔ မရ တဲ့ ျဖစ္ႏုိင္ေျခ တစ္ခုပဲလုိ႔ ကြၽန္ ေတာ္ ယူဆခဲ့တဲ့ အခ်က္ကေတာ့ အေမရိကန္ အမ်ားအျပားဟာ အစြန္းေရာက္ၿပီး ကဖ်က္ယဖ်က္ ႏုိင္တဲ့ အေျပာင္းအလဲမ်ိဳးေတြကို ေတာင္ အသည္းအသန္ လိုခ်င္ေန တာကို သေဘာေပါက္လုိ႔ပါပဲ။ သူတို႔က ဒီအေျပာင္းအလဲရဲ႕ အ ေထာက္အပံ့ဟာ ဘာလဲ၊ ကိုယ့္ ကေလးေတြအတြက္ စံနမူနာအ ျဖစ္ ၫႊန္ျပဆံုးမသင့္တဲ့ ပုဂၢိဳလ္က ဘယ္သူလဲ၊ အဲဒီပုဂၢိဳလ္ဟာ သူ႔ ရည္မွန္းခ်က္ေတြကို လက္ေတြ႕ အထေျမာက္ေအာင္ လုပ္ျပႏိုင္ တဲ့ အရည္အခ်င္း တကယ္ပဲ ရွိပါ့ မလား၊ ဒါမွမဟုတ္ အထေျမာက္ ေအာင္ အေကာင္အထည္ေဖာ္ဖို႔ ျဖစ္ျဖစ္ေျမာက္ေျမာက္ အစီအစဥ္ေတြေကာ သူ႔ဆီမွာ ရွိေနရဲ႕လား ဆိုတဲ့ ေမးခြန္းေတြကိုေတာင္ ဂ႐ု မစိုက္ၾကေတာ့ပါဘူး။ တကယ့္ ကို စိတ္ထိခိုက္စရာပါပဲ။

ကြၽန္ေတာ္ ေတြးေၾကာက္ခဲ့ တဲ့ ကိစၥေတြကို အိတ္သြန္ဖာ ေမွာက္ သြန္မခ်ခင္တုန္းက ထရန္႔ကို ေထာက္ခံျခင္းနဲ႔ ပတ္ သက္ၿပီး ေမွ်ာ္လင့္ခ်က္ အနား သတ္ကေလး တစ္ခုတေလမ်ား ရွိမလားလို႔ ကြၽန္ေတာ္ ရွာေဖြ ၾကည့္ခဲ့ပါတယ္။ နာရီေပါင္းမ်ား စြာ ေလ့လာခဲ့တယ္။ ကြၽန္ေတာ္ ေနာက္ဆံုး ရွာေတြ႕လာတာက ေတာ့ ဒီတစ္ခ်က္ ပါပဲ။ ထရန္႔ဟာ သူ႔ေရြးေကာက္ပြဲကာလမွာ ေျပာ ဖူးသမွ် စကားေတြ၊ ေပးဖူးသမွ် ကတိေတြ တစ္ခုကိုမွ အမွန္တ ကယ္ တည္ၿမဲေအာင္ ထိန္းသိမ္း ႏုိင္မွာ မဟုတ္ပါဘူး။ ႁခြင္းခ်က္ အေနနဲ႔ တစ္ခြန္းပဲ ရွိပါတယ္။ အဲဒါကေတာ့ ‘‘ဒီပြဲမွာ က်ဳပ္ႏုိင္ ခ်င္တယ္’’ ဆိုတဲ့ သူ႔စကားပါပဲ။

ဒါေပမဲ့ ထရန္႔ဟာ ပုဂၢိဳလ္ ေရး အျမင္အရ၊ မူဝါဒ ေရးရာအရ အလံုးစံု မေျပာင္းလဲသေရြ႕ ဒီေရြး ေကာက္ပြဲမွာ စစ္မွန္တဲ့ ေအာင္ႏုိင္ သူ ျဖစ္လာမွာ မဟုတ္ပါဘူး။ သူ ဟာ ေသြးခဲြမႈေတြ လုပ္ေနမယ့္အ စား အေျခအေနေတြကို ကုစားသူ ျဖစ္ရပါမယ္။ မုသားစကားေတြကို က်ေလာက္ေအာင္ ေျပာတတ္သူ တစ္ေယာက္အစား အမွန္တရား ေတြကို စိတ္လိုလက္ရ ေျပာတတ္ သူတစ္ေယာက္ ျဖစ္ရပါမယ္။ ျပႆနာေတြကို အတြင္းက်က် ဆန္းစစ္ ေလ့လာတတ္ၿပီး ခုိင္မာ တဲ့ အခ်က္အလက္ အေထာက္ အထားေတြကို အေျခခံၿပီး ဆံုး ျဖတ္ခ်က္ေတြ ခ်မွတ္ႏုိင္သူ ျဖစ္ ရပါမယ္။ လူေတြ ၾကားခ်င္တဲ့ စကားမ်ိဳးထက္ လူေတြ ၾကား သိဖို႔ လိုအပ္တဲ့ စကားမ်ိဳးကို ေျပာ ရဲသူ ျဖစ္ရပါမယ္။ ၿပီးေတာ့ ကိုယ့္ တစ္ဘို႔တည္း မၾကည့္ဘဲ ႏွစ္ဦး ႏွစ္ဖက္ မွ်တတဲ့ အေပးအယူ ဝါဒ မ်ိဳးနဲ႔သာ စည္ပင္ထြန္းကားတဲ့ ကမၻာေျမတစ္ခုကို လက္ေတြ႕ တည္ေဆာက္ႏုိင္တယ္ ဆိုတာကို နားလည္ဖို႔ လိုပါတယ္။

သူ႔အေနနဲ႔ ဒီလိုပံုစံေတြ လုပ္ ေဆာင္လာပါေစလို႔ ေမွ်ာ္လင့္ၾက ႐ံုပဲ ကြၽန္ေတာ္တို႔ တတ္ႏုိင္ပါေတာ့ တယ္။ တကယ္လုိ႔ သူက ျဖစ္ ေျမာက္ေအာင္ မလုပ္ႏုိင္ဘူးဆို ရင္ သူ႔အတြက္ မဲေပးခဲ့သူေတြဟာ ထရန္႔ရဲ႕ ျမင္သာလြန္းတဲ့ အနာအ

ဆာေတြကို မ်က္စိေမွာက္ခဲ့ၾက တယ္လုိ႔ပဲ ေျပာရပါမယ္။ ခင္ဗ်ား တို႔ဟာ အေျခခံကအစ ျဖစ္က တတ္ဆန္း ေျပာင္းလဲမႈတိုင္းကို တစ္႐ိႈက္မက္မက္ ေတာင္းဆိုခဲ့ တာကိုး။ ဒီေတာ့ အက်ိဳးဆက္ကို ခင္ဗ်ားတို႔ လက္ခံ႐ံုပဲ။

ကြၽန္ေတာ္ကေတာ့ ထရန္႔ ဟာ သမိုင္းတစ္ေလွ်ာက္ အဆိုးဆံုး သမၼတဆိုတဲ့ ဂုဏ္ပုဒ္မ်ိဳးနဲ႔ ရာထူးကေန ျပန္ဆင္းခ်င္မယ္ မထင္ပါဘူး။ ဒီေတာ့ ျပည္တြင္း စစ္ေနာက္ပိုင္း အေမရိကန္မွာ ျပစ္ခ်က္အမ်ားဆံုး သမၼတ ဆိုတာ ေလာက္ပဲ ထားလုိက္ဦးေတာ့။ တစ္ကမၻာလံုးကို လႈပ္ခတ္ သက္ေရာက္မႈေတြက ရွိေနမွာပါ ပဲ။

ဒီေတာ့ ကြၽန္ေတာ့္အေနနဲ႔ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ က သမၼတအေနနဲ႔ ထရန္႔ဟာ ျဖစ္ ႏုိင္ေျခ ရွိသမွ် အေကာင္းဆံုး လူ ပုဂၢိဳလ္ေတြကို သူ႔ေဘးမွာ စုစည္း ထားႏုိင္ဖုိ႔ပါပဲ။ သူ႔ေရြးေကာက္ပြဲ တုန္းက အစြမ္းကုန္ လိုက္အား ျဖည့္ခဲ့တဲ့ လက္ယာစြန္း ဝါဒစြဲသ မားေတြျဖစ္တဲ့ ႐ူဒီဂူလီယာနီနဲ႔ နယူတန္ ဂင္ဂရစ္ခ်္တို႔လူေတြ မပါဖို႔ အေရးႀကီးပါတယ္။

ေနာက္ၿပီး အေလးအနက္ စိုးရိမ္စရာေကာင္းတဲ့ ႐ႈေထာင့္ တစ္ခု ရွိပါေသးတယ္။ အဲဒါက ေတာ့ အႏုိင္ရဖို႔ကို ထရန္႔က အ ျပင္းအထန္ အစြဲအလမ္းႀကီးေန တတ္တာပါ။ သူ႔အျမင္မွာ ဘဝ ဆိုတာ တစ္ဖက္ကအႏုိင္၊ တစ္ ဖက္က လံုးဝအ႐ံႈးဆိုတဲ့ ကစားပြဲ တစ္ခု သက္သက္သာ ျဖစ္ပါ တယ္။ က်ဳပ္ႏုိင္ရင္ ခင္ဗ်ား႐ံႈး မယ္။ ဒါမ်ိဳးပါ။ ဒါေပမဲ့ အေမရိ ကန္ ျပည္ေထာင္စုကို ဦးေဆာင္ ေတာ့မယ္ဆိုရင္ ကိစၥတိုင္းက အ ႏုိင္အ႐ံႈး သီးျခားစီ ျဖစ္ေနတဲ့ ကစားပြဲ မဟုတ္ေတာ့ပါဘူး။

‘‘ႏွစ္ဦးႏွစ္ဖက္ ဘက္မွ်စြာ အက်ိဳးျဖစ္ထြန္းတဲ့ ဆက္ဆံေရး မ်ိဳးေတြ ရွိေနမွသာ ကမၻာႀကီးဟာ တည္ၿငိမ္ေနမယ္၊ က်န္းမာေန မယ္၊ အျပန္အလွန္ အမွီသဟဲ ျပဳႏုိင္ လိမ့္မယ္’’ လုိ႔ ကုမၸဏီ အ ႀကီးအကဲေတြကို အုပ္ခ်ဳပ္မႈဆုိင္ ရာ အႀကံေပးအျဖစ္ တာဝန္ယူေန သလို ‘How’ ဆိုတဲ့ စာအုပ္ကို ကိုယ္တုိင္ ေရးသားဖူးတဲ့ LRN အ မႈေဆာင္ခ်ဳပ္ ဒြန္ဆိဒ္မန္းက ေျပာ ဖူးပါတယ္။

အေမရိကန္ဟာ ဒီသေဘာ တရားကို ေကာင္းေကာင္းနား လည္ၿပီး လက္ေတြ႕အသံုးခ်ေနခဲ့ ပါတယ္။ ဒုတိယ ကမၻာစစ္အၿပီး မွာ ဥေရာပကို ေဒၚလာေငြေတြ သန္းေပါင္းမ်ားစြာ ေပးပို႔ၿပီး ေထာက္ပံ့ခဲ့တယ္။ ဥေရာပႏုိင္ငံ ေတြ ျပန္လည္ထူေထာင္ေရးမွာ ကူညီရင္း ကုန္သြယ္ဖက္ေတြ အ

ေနနဲ႔ ရပ္တည္ခဲ့တယ္။ ဒီဆက္ ဆံေရးဟာ ႏွစ္ဦးႏွစ္ဖက္ ေကာင္း က်ိဳးျဖစ္ထြန္းေစတဲ့ ရလဒ္မ်ိဳး ထြက္ေပၚလာပါတယ္။ ဒါကို ထရန္႔ က နားလည္ရဲ႕လား။ သူ႔ကို မဲေပး ခဲ့တဲ့ လူေတြကေကာ အေမရိကန္ မွာ သူတို႔ရေနတဲ့ အလုပ္ေနရာ ေတြဟာ ကမၻာ့ႏုိင္ငံ အားလံုးနဲ႔ ကြၽန္းကိုင္းမွီ၊ ကိုင္းကြၽန္းမွီ ရပ္ တည္မႈမ်ိဳးနဲ႔ တိုက္႐ိုက္ဆက္ႏႊယ္ ေနတယ္ဆိုတာကို နားလည္ၾက ရဲ႕လား။

ထရန္႔ ႏုိင္သြားၿပီးတဲ့ေနာက္ ဘာေတြ ဆက္ျဖစ္ၾကမလဲ။ ကြၽန္ ေတာ့္အတြက္ေတာ့ ဒါဟာ ႀကိဳ ေျပာဖို႔ ေစာလြန္းေသးတယ္ ထင္ ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္ အ တြင္းစိတ္ကေတာ့ ဒီအပိုင္းမွာကုန္သြယ္ေရးေတြ၊ ဝင္ေငြကြာဟ မႈ က႑ေတြထက္ ယဥ္ေက်းမႈ အစဥ္အလာပိုင္းမွာ ပိုၿပီး ႐ိုက္ခတ္ မႈ ျပင္းလိမ့္မယ္လုိ႔ ေျပာျပေနသ  လုိပါပဲ။ အေမရိကန္ ႏုိင္ငံသား ေျမာက္ျမားစြာဟာ မွီတြယ္စရာ  ေနအိမ္ ေပ်ာက္ဆံုးေနတဲ့ အိမ္ ေျခရာမဲ့ေတြလို ခံစားခ်က္မ်ိဳး ျဖစ္ လာလိမ့္မယ္။

လူေတြအတြက္ ကိုယ္ပိုင္ အိမ္ရာ ေပ်ာက္ဆံုးသြားျခင္းထက္ ပိုၿပီး စိတ္ဆိုးစရာ၊ စိတ္႐ႈပ္ေထြး စရာ အေျခအေနမ်ိဳး မရွိပါဘူး။ အေမရိကန္ဟာ လူမ်ားစု-လူ နည္းစု ကြဲျပားရပ္တည္တဲ့ ႏုိင္ငံ တစ္ခု ျဖစ္လာၿပီဆိုရင္ လူျဖဴ လူ လတ္တန္းစား အမ်ားစုအေပၚ ၿခိမ္းေျခာက္မႈ အေငြ႕အသက္ေတြ ရွိလာႏုိင္တယ္။ သူတို႔က အမ်ား အားျဖင့္ေတာ့ ၿမိဳ႕ႀကီးျပႀကီးေတြ မွာ ေနေလ့ရွိပါတယ္။

အခုခ်ိန္မွာ နည္းပညာပိုင္း တိုးတက္ေျပာင္းလဲမႈေတြကို အမီ လုိက္ရင္း လူေတြက ခ်ာခ်ာလည္ ေနၾကရပါတယ္။ နည္းပညာ ျမင့္ မားလာျခင္းက လူေတြရဲ႕ အလုပ္ အကိုင္ ေနရာေတြကို ဆံုး႐ံႈးေစ သလို လုပ္ငန္းခြင္ ေနရာေတြမွာ လည္း အေျပာင္းအလဲေတြ ျဖစ္ လာေစတယ္။ ဘဝတစ္ေလွ်ာက္ လံုးမွာလည္း ေခတ္ကို အမီလုိက္ ဖို႔ သင္ယူမႈေတြနဲ႔ ဖိစီးလံုးေထြး ေနတယ္။ ကိုယ့္ရဲ႕ လုပ္ငန္းခြင္ေန ရာနဲ႔ အေျခတည္တဲ့ လူ႔အသိုက္ အဝန္းဟာ ဘဝမွာ အေရးအပါ ဆံုး ၫႊန္းကိန္းႏွစ္ခု ျဖစ္ပါတယ္။ သေဘာထား တင္းမာလြန္းသူ တစ္ေယာက္ သမၼတျဖစ္လာတဲ့ အခါ လူေတြရဲ႕ အလုပ္အကိုင္နဲ႔ အေျခတည္ ေနထုိင္မႈေတြမွာ ၿပီး စလြယ္ ေျဖရွင္းေပးတာမ်ိဳးေတြ လုပ္လာႏုိင္ပါတယ္။ ဒီအခါမွ စိတ္ပ်က္ ေဒါသထြက္မႈေတြ ႀကံဳ လာရင္လည္း မဆန္းေတာ့ပါဘူး။

အခုဆိုရင္ ထရန္႔ရယ္၊ ရီ ပက္ဘေလကန္ ပါတီရယ္ဟာ အ စိုးရရဲ႕ ရာထူးေနရာ အဆင့္ဆင့္ ကို ထိန္းခ်ဳပ္ကိုင္တြယ္ပါေတာ့ မယ္။ တရား႐ံုးေတြကစလုိ႔ လႊတ္ ေတာ္ထိ၊ အိမ္ျဖဴေတာ္ထိ သူတို႔ ျခယ္လွယ္ပါေတာ့မယ္။ ဒါဟာ အံ့ဩအားက်ေလာက္စရာ တာ ဝန္ခံရမႈမ်ိဳးပါ။ ဒီကိစၥ အားလံုးကို သူတို႔ တာဝန္ခံရပါမယ္။ ဒါကို သူတို႔ကိုယ္တိုင္ေကာ ေသခ်ာနား လည္ႏိုင္ပါရဲ႕လား။

ပုဂၢိဳလ္ေရး ႐ႈေထာင့္က ေျပာ ရရင္ေတာ့ သူတို႔ေတြ အေျခအ ေန မလွတာမ်ိဳး ကြၽန္ေတာ္ မႀကံဳ ေစခ်င္ပါဘူး။ သူတို႔ယူထားတဲ့ ေနရာဟာ ကြၽန္ေတာ့္ႏုိင္ငံ၊ ကြၽန္ ေတာ့္မ်ိဳးဆက္ ကေလးငယ္ေတြ အတြက္ သိပ္ကို အေရးႀကီးပါ တယ္။ အရင္ ရွစ္ႏွစ္တုန္းက ရီ ပက္ဘေလကန္ ပါတီနဲ႔ မတူတာ ကေတာ့ ကြၽန္ေတာ္က ကိုယ့္သမၼတကို က်႐ံႈးတာမ်ိဳး မျမင္ခ်င္ ေတာ့ပါဘူး။ သူက်႐ံႈးရင္ ကြၽန္ ေတာ္တို႔အားလံုးလည္း သြားၿပီ သာမွတ္ပါ။

ဒီေတာ့ ထရန္႔ဟာ သမၼတ ျဖစ္လာခ်ိန္မွာ ေရြးေကာက္ပြဲ တုန္းက ထရန္႔ထက္ ပိုေကာင္းမြန္ ျပည့္စံုလာဖုိ႔ ေမွ်ာ္လင့္႐ံုပါပဲ။ အ ခုအခ်ိန္ထိေတာ့ ကိုယ့္ႏုိင္ငံအ တြက္၊ စည္းလံုးစြာ ရပ္တည္မႈအ တြက္ ကြၽန္ေတာ္ နာက်င္ေနဆဲ၊ တုန္လႈပ္ စိုးရိမ္ေနဆဲပါ။ ၿပီး ေတာ့ ပထမဆံုးအႀကိမ္အျဖစ္ အေမရိကန္မွာ အိုးမဲ့အိမ္မဲ့ တစ္ ေယာက္လို ကြၽန္ေတာ္ ခံစားေနမိ ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ရွေးကောက်ပွဲညက စာရေး တဲ့အခါ ကော်လံတစ်ခုကို ကျွန် တော့်သူငယ်ချင်း ရွှေ့ပြောင်း အ ခြေချ နေထိုင်သူတစ်ယောက်ဆီ က စကားလုံးတွေနဲ့ အစပြုခဲ့ပါ တယ်။ သူက ၁၉၈၀ ပြည့်လွန်နှစ် တွေမှာ ဇင်ဘာဘွေကနေ အ မေရိကန်ကို ရောက်လာတဲ့ လက်စ် လေ ဂိုးလ်ဝက်ဆာပါ။ သူ့စကား က ဒီလိုပါ။

‘‘မင်းတို့ အမေရိကန်တွေက ကိုယ့်နိုင်ငံကိုယ် ဘောလုံးလို ကျုံး ကျုံးကန်နေကြတာကိုး။ တကယ် တော့ အဲဒါ ဘောလုံးမဟုတ်ဘူး။ ဖာဘာဂီဥ (ရတနာစီခြယ်ထားတဲ့ ထီးသုံးနန်းသုံး ဥပုံသေတ္တာငယ်) တစ်လုံးပဲ။ အချိန်မရွေး ကွဲသွား နိုင်တယ်’’ တဲ့။

ဒေါ်နယ်ထရန့် သမ္မတ ဖြစ် လာတဲ့နောက် ကျွန်တော်ဖြတ် သန်းခဲ့တဲ့ ၆၃ နှစ်တာ ကာလ ထက်ကို လောလောလတ်လတ် အခြေအနေမှာ ကိုယ့်နိုင်ငံ ထိ ခိုက် ပြိုကွဲသွားမှာကို ပိုကြောက် နေမိပါတယ်။ ကိုယ့်နိုင်ငံအစိုးရ က မှန်ကန်တဲ့ လုပ်ငန်းဆောင် ရွက်မှုမျိုး မရှိရင် နိုင်ငံကလည်း ပြင်ဆင်လို့မရအောင် ပျက်စီး သွားနိုင်ပါတယ်။

ထရန့်က သမ္မတလောင်း တစ်ယောက်အဖြစ် ထွက်ပေါ် လာချိန်ကတည်းက သူသာနိုင် သွားရင်ဆိုတဲ့ ကိစ္စကို အလေးအ နက် စဉ်းစားရမယ့် ဖြစ်နိုင်ခြေ တစ်ရပ်လို့ ကျွန်တော် သဘော ထားခဲ့ပါတယ်။ ကျွန်တော့်အနေ နဲ့ ကိုယ့်ကော်လံ ဆောင်းပါးမှာ ဖြစ်နိုင်ခြေကိစ္စကို အမှန်တကယ် ဖြစ်မြောက်လာသလို သုံးသပ်ခဲ့ တာတွေ ရှိပါတယ်။ ဒါပေမဲ့ အ မှန်တကယ် ဖြစ်လာချိန်မှာတော့ တုန်လှုပ်နေတုန်းပါပဲ။

ဒါဟာ ထည့်မတွက်လို့ မရ တဲ့ ဖြစ်နိုင်ခြေ တစ်ခုပဲလို့ ကျွန် တော် ယူဆခဲ့တဲ့ အချက်ကတော့ အမေရိကန် အများအပြားဟာ အစွန်းရောက်ပြီး ကဖျက်ယဖျက် နိုင်တဲ့ အပြောင်းအလဲမျိုးတွေကို တောင် အသည်းအသန် လိုချင်နေ တာကို သဘောပေါက်လို့ပါပဲ။ သူတို့က ဒီအပြောင်းအလဲရဲ့ အ ထောက်အပံ့ဟာ ဘာလဲ၊ ကိုယ့် ကလေးတွေအတွက် စံနမူနာအ ဖြစ် ညွှန်ပြဆုံးမသင့်တဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲ၊ အဲဒီပုဂ္ဂိုလ်ဟာ သူ့ ရည်မှန်းချက်တွေကို လက်တွေ့ အထမြောက်အောင် လုပ်ပြနိုင် တဲ့ အရည်အချင်း တကယ်ပဲ ရှိပါ့ မလား၊ ဒါမှမဟုတ် အထမြောက် အောင် အကောင်အထည်ဖော်ဖို့ ဖြစ်ဖြစ်မြောက်မြောက် အစီအစဉ်တွေကော သူ့ဆီမှာ ရှိနေရဲ့လား ဆိုတဲ့ မေးခွန်းတွေကိုတောင် ဂရု မစိုက်ကြတော့ပါဘူး။ တကယ့် ကို စိတ်ထိခိုက်စရာပါပဲ။

ကျွန်တော် တွေးကြောက်ခဲ့ တဲ့ ကိစ္စတွေကို အိတ်သွန်ဖာ မှောက် သွန်မချခင်တုန်းက ထရန့်ကို ထောက်ခံခြင်းနဲ့ ပတ် သက်ပြီး မျှော်လင့်ချက် အနား သတ်ကလေး တစ်ခုတလေများ ရှိမလားလို့ ကျွန်တော် ရှာဖွေ ကြည့်ခဲ့ပါတယ်။ နာရီပေါင်းများ စွာ လေ့လာခဲ့တယ်။ ကျွန်တော် နောက်ဆုံး ရှာတွေ့လာတာက တော့ ဒီတစ်ချက် ပါပဲ။ ထရန့်ဟာ သူ့ရွေးကောက်ပွဲကာလမှာ ပြော ဖူးသမျှ စကားတွေ၊ ပေးဖူးသမျှ ကတိတွေ တစ်ခုကိုမှ အမှန်တ ကယ် တည်မြဲအောင် ထိန်းသိမ်း နိုင်မှာ မဟုတ်ပါဘူး။ ခြွင်းချက် အနေနဲ့ တစ်ခွန်းပဲ ရှိပါတယ်။ အဲဒါကတော့ ‘‘ဒီပွဲမှာ ကျုပ်နိုင် ချင်တယ်’’ ဆိုတဲ့ သူ့စကားပါပဲ။

ဒါပေမဲ့ ထရန့်ဟာ ပုဂ္ဂိုလ် ရေး အမြင်အရ၊ မူဝါဒ ရေးရာအရ အလုံးစုံ မပြောင်းလဲသရွေ့ ဒီရွေး ကောက်ပွဲမှာ စစ်မှန်တဲ့ အောင်နိုင် သူ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူ ဟာ သွေးခွဲမှုတွေ လုပ်နေမယ့်အ စား အခြေအနေတွေကို ကုစားသူ ဖြစ်ရပါမယ်။ မုသားစကားတွေကို ကျလောက်အောင် ပြောတတ်သူ တစ်ယောက်အစား အမှန်တရား တွေကို စိတ်လိုလက်ရ ပြောတတ် သူတစ်ယောက် ဖြစ်ရပါမယ်။ ပြဿနာတွေကို အတွင်းကျကျ ဆန်းစစ် လေ့လာတတ်ပြီး ခိုင်မာ တဲ့ အချက်အလက် အထောက် အထားတွေကို အခြေခံပြီး ဆုံး ဖြတ်ချက်တွေ ချမှတ်နိုင်သူ ဖြစ် ရပါမယ်။ လူတွေ ကြားချင်တဲ့ စကားမျိုးထက် လူတွေ ကြား သိဖို့ လိုအပ်တဲ့ စကားမျိုးကို ပြော ရဲသူ ဖြစ်ရပါမယ်။ ပြီးတော့ ကိုယ့် တစ်ဘို့တည်း မကြည့်ဘဲ နှစ်ဦး နှစ်ဖက် မျှတတဲ့ အပေးအယူ ဝါဒ မျိုးနဲ့သာ စည်ပင်ထွန်းကားတဲ့ ကမ္ဘာမြေတစ်ခုကို လက်တွေ့ တည်ဆောက်နိုင်တယ် ဆိုတာကို နားလည်ဖို့ လိုပါတယ်။

သူ့အနေနဲ့ ဒီလိုပုံစံတွေ လုပ် ဆောင်လာပါစေလို့ မျှော်လင့်ကြ ရုံပဲ ကျွန်တော်တို့ တတ်နိုင်ပါတော့ တယ်။ တကယ်လို့ သူက ဖြစ် မြောက်အောင် မလုပ်နိုင်ဘူးဆို ရင် သူ့အတွက် မဲပေးခဲ့သူတွေဟာ ထရန့်ရဲ့ မြင်သာလွန်းတဲ့ အနာအ

ဆာတွေကို မျက်စိမှောက်ခဲ့ကြ တယ်လို့ပဲ ပြောရပါမယ်။ ခင်ဗျား တို့ဟာ အခြေခံကအစ ဖြစ်က တတ်ဆန်း ပြောင်းလဲမှုတိုင်းကို တစ်ရှိုက်မက်မက် တောင်းဆိုခဲ့ တာကိုး။ ဒီတော့ အကျိုးဆက်ကို ခင်ဗျားတို့ လက်ခံရုံပဲ။

ကျွန်တော်ကတော့ ထရန့် ဟာ သမိုင်းတစ်လျှောက် အဆိုးဆုံး သမ္မတဆိုတဲ့ ဂုဏ်ပုဒ်မျိုးနဲ့ ရာထူးကနေ ပြန်ဆင်းချင်မယ် မထင်ပါဘူး။ ဒီတော့ ပြည်တွင်း စစ်နောက်ပိုင်း အမေရိကန်မှာ ပြစ်ချက်အများဆုံး သမ္မတ ဆိုတာ လောက်ပဲ ထားလိုက်ဦးတော့။ တစ်ကမ္ဘာလုံးကို လှုပ်ခတ် သက်ရောက်မှုတွေက ရှိနေမှာပါ ပဲ။

ဒီတော့ ကျွန်တော့်အနေနဲ့ တစ်ခုတည်းသော မျှော်လင့်ချက် က သမ္မတအနေနဲ့ ထရန့်ဟာ ဖြစ် နိုင်ခြေ ရှိသမျှ အကောင်းဆုံး လူ ပုဂ္ဂိုလ်တွေကို သူ့ဘေးမှာ စုစည်း ထားနိုင်ဖို့ပါပဲ။ သူ့ရွေးကောက်ပွဲ တုန်းက အစွမ်းကုန် လိုက်အား ဖြည့်ခဲ့တဲ့ လက်ယာစွန်း ဝါဒစွဲသ မားတွေဖြစ်တဲ့ ရူဒီဂူလီယာနီနဲ့ နယူတန် ဂင်ဂရစ်ချ်တို့လူတွေ မပါဖို့ အရေးကြီးပါတယ်။

နောက်ပြီး အလေးအနက် စိုးရိမ်စရာကောင်းတဲ့ ရှုထောင့် တစ်ခု ရှိပါသေးတယ်။ အဲဒါက တော့ အနိုင်ရဖို့ကို ထရန့်က အ ပြင်းအထန် အစွဲအလမ်းကြီးနေ တတ်တာပါ။ သူ့အမြင်မှာ ဘဝ ဆိုတာ တစ်ဖက်ကအနိုင်၊ တစ် ဖက်က လုံးဝအရှုံးဆိုတဲ့ ကစားပွဲ တစ်ခု သက်သက်သာ ဖြစ်ပါ တယ်။ ကျုပ်နိုင်ရင် ခင်ဗျားရှုံး မယ်။ ဒါမျိုးပါ။ ဒါပေမဲ့ အမေရိ ကန် ပြည်ထောင်စုကို ဦးဆောင် တော့မယ်ဆိုရင် ကိစ္စတိုင်းက အ နိုင်အရှုံး သီးခြားစီ ဖြစ်နေတဲ့ ကစားပွဲ မဟုတ်တော့ပါဘူး။

‘‘နှစ်ဦးနှစ်ဖက် ဘက်မျှစွာ အကျိုးဖြစ်ထွန်းတဲ့ ဆက်ဆံရေး မျိုးတွေ ရှိနေမှသာ ကမ္ဘာကြီးဟာ တည်ငြိမ်နေမယ်၊ ကျန်းမာနေ မယ်၊ အပြန်အလှန် အမှီသဟဲ ပြုနိုင် လိမ့်မယ်’’ လို့ ကုမ္ပဏီ အ ကြီးအကဲတွေကို အုပ်ချုပ်မှုဆိုင် ရာ အကြံပေးအဖြစ် တာဝန်ယူနေ သလို ‘How’ ဆိုတဲ့ စာအုပ်ကို ကိုယ်တိုင် ရေးသားဖူးတဲ့ LRN အ မှုဆောင်ချုပ် ဒွန်ဆိဒ်မန်းက ပြော ဖူးပါတယ်။

အမေရိကန်ဟာ ဒီသဘော တရားကို ကောင်းကောင်းနား လည်ပြီး လက်တွေ့အသုံးချနေခဲ့ ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီး မှာ ဥရောပကို ဒေါ်လာငွေတွေ သန်းပေါင်းများစွာ ပေးပို့ပြီး ထောက်ပံ့ခဲ့တယ်။ ဥရောပနိုင်ငံ တွေ ပြန်လည်ထူထောင်ရေးမှာ ကူညီရင်း ကုန်သွယ်ဖက်တွေ အ

နေနဲ့ ရပ်တည်ခဲ့တယ်။ ဒီဆက် ဆံရေးဟာ နှစ်ဦးနှစ်ဖက် ကောင်း ကျိုးဖြစ်ထွန်းစေတဲ့ ရလဒ်မျိုး ထွက်ပေါ်လာပါတယ်။ ဒါကို ထရန့် က နားလည်ရဲ့လား။ သူ့ကို မဲပေး ခဲ့တဲ့ လူတွေကကော အမေရိကန် မှာ သူတို့ရနေတဲ့ အလုပ်နေရာ တွေဟာ ကမ္ဘာ့နိုင်ငံ အားလုံးနဲ့ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ရပ် တည်မှုမျိုးနဲ့ တိုက်ရိုက်ဆက်နွှယ် နေတယ်ဆိုတာကို နားလည်ကြ ရဲ့လား။

ထရန့် နိုင်သွားပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်ကြမလဲ။ ကျွန် တော့်အတွက်တော့ ဒါဟာ ကြို ပြောဖို့ စောလွန်းသေးတယ် ထင် ပါတယ်။ ဒါပေမဲ့ ကျွန်တော့် အ တွင်းစိတ်ကတော့ ဒီအပိုင်းမှာကုန်သွယ်ရေးတွေ၊ ဝင်ငွေကွာဟ မှု ကဏ္ဍတွေထက် ယဉ်ကျေးမှု အစဉ်အလာပိုင်းမှာ ပိုပြီး ရိုက်ခတ် မှု ပြင်းလိမ့်မယ်လို့ ပြောပြနေသ  လိုပါပဲ။ အမေရိကန် နိုင်ငံသား မြောက်မြားစွာဟာ မှီတွယ်စရာ  နေအိမ် ပျောက်ဆုံးနေတဲ့ အိမ် ခြေရာမဲ့တွေလို ခံစားချက်မျိုး ဖြစ် လာလိမ့်မယ်။

လူတွေအတွက် ကိုယ်ပိုင် အိမ်ရာ ပျောက်ဆုံးသွားခြင်းထက် ပိုပြီး စိတ်ဆိုးစရာ၊ စိတ်ရှုပ်ထွေး စရာ အခြေအနေမျိုး မရှိပါဘူး။ အမေရိကန်ဟာ လူများစု-လူ နည်းစု ကွဲပြားရပ်တည်တဲ့ နိုင်ငံ တစ်ခု ဖြစ်လာပြီဆိုရင် လူဖြူ လူ လတ်တန်းစား အများစုအပေါ် ခြိမ်းခြောက်မှု အငွေ့အသက်တွေ ရှိလာနိုင်တယ်။ သူတို့က အများ အားဖြင့်တော့ မြို့ကြီးပြကြီးတွေ မှာ နေလေ့ရှိပါတယ်။

အခုချိန်မှာ နည်းပညာပိုင်း တိုးတက်ပြောင်းလဲမှုတွေကို အမီ လိုက်ရင်း လူတွေက ချာချာလည် နေကြရပါတယ်။ နည်းပညာ မြင့် မားလာခြင်းက လူတွေရဲ့ အလုပ် အကိုင် နေရာတွေကို ဆုံးရှုံးစေ သလို လုပ်ငန်းခွင် နေရာတွေမှာ လည်း အပြောင်းအလဲတွေ ဖြစ် လာစေတယ်။ ဘဝတစ်လျှောက် လုံးမှာလည်း ခေတ်ကို အမီလိုက် ဖို့ သင်ယူမှုတွေနဲ့ ဖိစီးလုံးထွေး နေတယ်။ ကိုယ့်ရဲ့ လုပ်ငန်းခွင်နေ ရာနဲ့ အခြေတည်တဲ့ လူ့အသိုက် အဝန်းဟာ ဘဝမှာ အရေးအပါ ဆုံး ညွှန်းကိန်းနှစ်ခု ဖြစ်ပါတယ်။ သဘောထား တင်းမာလွန်းသူ တစ်ယောက် သမ္မတဖြစ်လာတဲ့ အခါ လူတွေရဲ့ အလုပ်အကိုင်နဲ့ အခြေတည် နေထိုင်မှုတွေမှာ ပြီး စလွယ် ဖြေရှင်းပေးတာမျိုးတွေ လုပ်လာနိုင်ပါတယ်။ ဒီအခါမှ စိတ်ပျက် ဒေါသထွက်မှုတွေ ကြုံ လာရင်လည်း မဆန်းတော့ပါဘူး။

အခုဆိုရင် ထရန့်ရယ်၊ ရီ ပက်ဘလေကန် ပါတီရယ်ဟာ အ စိုးရရဲ့ ရာထူးနေရာ အဆင့်ဆင့် ကို ထိန်းချုပ်ကိုင်တွယ်ပါတော့ မယ်။ တရားရုံးတွေကစလို့ လွှတ် တော်ထိ၊ အိမ်ဖြူတော်ထိ သူတို့ ခြယ်လှယ်ပါတော့မယ်။ ဒါဟာ အံ့ဩအားကျလောက်စရာ တာ ဝန်ခံရမှုမျိုးပါ။ ဒီကိစ္စ အားလုံးကို သူတို့ တာဝန်ခံရပါမယ်။ ဒါကို သူတို့ကိုယ်တိုင်ကော သေချာနား လည်နိုင်ပါရဲ့လား။

ပုဂ္ဂိုလ်ရေး ရှုထောင့်က ပြော ရရင်တော့ သူတို့တွေ အခြေအ နေ မလှတာမျိုး ကျွန်တော် မကြုံ စေချင်ပါဘူး။ သူတို့ယူထားတဲ့ နေရာဟာ ကျွန်တော့်နိုင်ငံ၊ ကျွန် တော့်မျိုးဆက် ကလေးငယ်တွေ အတွက် သိပ်ကို အရေးကြီးပါ တယ်။ အရင် ရှစ်နှစ်တုန်းက ရီ ပက်ဘလေကန် ပါတီနဲ့ မတူတာ ကတော့ ကျွန်တော်က ကိုယ့်သမ္မတကို ကျရှုံးတာမျိုး မမြင်ချင် တော့ပါဘူး။ သူကျရှုံးရင် ကျွန် တော်တို့အားလုံးလည်း သွားပြီ သာမှတ်ပါ။

ဒီတော့ ထရန့်ဟာ သမ္မတ ဖြစ်လာချိန်မှာ ရွေးကောက်ပွဲ တုန်းက ထရန့်ထက် ပိုကောင်းမွန် ပြည့်စုံလာဖို့ မျှော်လင့်ရုံပါပဲ။ အ ခုအချိန်ထိတော့ ကိုယ့်နိုင်ငံအ တွက်၊ စည်းလုံးစွာ ရပ်တည်မှုအ တွက် ကျွန်တော် နာကျင်နေဆဲ၊ တုန်လှုပ် စိုးရိမ်နေဆဲပါ။ ပြီး တော့ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှာ အိုးမဲ့အိမ်မဲ့ တစ် ယောက်လို ကျွန်တော် ခံစားနေမိ ပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top