Property Expo
×

၂၀၁၆ခုႏွစ္အတြက္ က်င္းပျပဳလုပ္မယ့္ အကယ္ဒမီဆုေပးပြဲကို ခင္လိႈင္က တက္ေရာက္မွာ မဟုတ္ဘူးလို႕ ဆုိပါတယ္။ သရုပ္ေဆာင္ ခင္လိႈင္ဟာ ၂၀၁၄-၂၀၁၅ ခုႏွစ္ ၂ႏွစ္ေပါင္း ျပဳလုပ္ခဲ့တဲ့ အကယ္ဒမီ ေပးပြဲအၿပီး သူေျပာခဲ့တဲ့ စကားကုိ တည္ခ်င္တာေၾကာင့္ အကယ္ဒမီေပးပြဲကို တက္ေရာက္မွာ မဟုတ္သလုိ ဒီနွစ္အကယ္ဒမီ ေပးပြဲမွ မဟုတ္ဘဲ သူယံုၾကည္ရတဲ့ ႏွစ္မေရာက္မခ်င္း အကယ္ဒမီ ဆုေပးပြဲကို တက္မွာ မဟုတ္ေၾကာင္း The Voice သတင္းစာကို ေျပာထားပါတယ္။

ခင္လိႈင္ကို "ခိုးဆိုးလုႏႈိက္" ရုပ္ရွင္ဇာတ္ကားနဲ႕ ပတ္သက္ၿပီး အကယ္ဒမီဆု ရရွိႏိုင္တယ္လို႕ ပရိသတ္မ်ားက ခန္႕မွန္းထားေပမဲ့လည္း သူကိုယ္တုိင္ကေတာ့ သူနဲ႕အတူ ပါဝင္သရုပ္ေဆာင္ထားၾကတဲ့ ျမင့္ျမတ္နဲ႕ ထြန္းထြန္းကို အကယ္ဒမီ ရေစခ်င္တယ္လို႕ ေျပာခဲ့ပါတယ္။ သရုပ္ေဆာင္ ခင္လိႈင္ကို ယခင္ႏွစ္က အကယ္ဒမီဆုေပးပြဲမွာ "ဤအရာကို အခ်စ္ဟုေခၚသလား" ဇာတ္ကားနဲ႕ ဇာတ္ပို႕ဆုရဖို႕ ေရပန္းစားခဲ့ေပမဲ့ ဆုနဲ႕ လြဲေခ်ာ္ခဲ့တာေၾကာင့္ ေဝဖန္မႈေတြဟာ ေဖ့စ္ဘြတ္စာမ်က္နွာေပၚမွာ ဂယက္ထခဲ့ပါတယ္။
play
 လက္ရွိမွာေတာ့ ခင္လိႈင္က ဒါရိုက္တာ ဂ်ိဳးရိုုက္ကူးေနၿပီး ေဇရဲထက္၊ ေအာင္ေလး၊ လင္းေအာင္ေခတ္၊ သုတ၊ စိုးျမတ္သူဇာ၊ ပတ္ထရစ္ရွာတို႕ ပါဝင္ထားတဲ့ Bad Boy 2 ရုပ္ရွင္ဇာတ္ကားမွာ ပါဝင္သရုပ္ေဆာင္ေနတယ္လို႕ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

၂၀၁၆ခုနှစ်အတွက် ကျင်းပပြုလုပ်မယ့် အကယ်ဒမီဆုပေးပွဲကို ခင်လှိုင်က တက်ရောက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သရုပ်ဆောင် ခင်လှိုင်ဟာ ၂၀၁၄-၂၀၁၅ ခုနှစ် ၂နှစ်ပေါင်း ပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ပေးပွဲအပြီး သူပြောခဲ့တဲ့ စကားကို တည်ချင်တာကြောင့် အကယ်ဒမီပေးပွဲကို တက်ရောက်မှာ မဟုတ်သလို ဒီနှစ်အကယ်ဒမီ ပေးပွဲမှ မဟုတ်ဘဲ သူယုံကြည်ရတဲ့ နှစ်မရောက်မချင်း အကယ်ဒမီ ဆုပေးပွဲကို တက်မှာ မဟုတ်ကြောင်း The Voice သတင်းစာကို ပြောထားပါတယ်။

ခင်လှိုင်ကို "ခိုးဆိုးလုနှိုက်" ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး အကယ်ဒမီဆု ရရှိနိုင်တယ်လို့ ပရိသတ်များက ခန့်မှန်းထားပေမဲ့လည်း သူကိုယ်တိုင်ကတော့ သူနဲ့အတူ ပါဝင်သရုပ်ဆောင်ထားကြတဲ့ မြင့်မြတ်နဲ့ ထွန်းထွန်းကို အကယ်ဒမီ ရစေချင်တယ်လို့ ပြောခဲ့ပါတယ်။ သရုပ်ဆောင် ခင်လှိုင်ကို ယခင်နှစ်က အကယ်ဒမီဆုပေးပွဲမှာ "ဤအရာကို အချစ်ဟုခေါ်သလား" ဇာတ်ကားနဲ့ ဇာတ်ပို့ဆုရဖို့ ရေပန်းစားခဲ့ပေမဲ့ ဆုနဲ့ လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတွေဟာ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဂယက်ထခဲ့ပါတယ်။
play
 လက်ရှိမှာတော့ ခင်လှိုင်က ဒါရိုက်တာ ဂျိုးရိုုက်ကူးနေပြီး ဇေရဲထက်၊ အောင်လေး၊ လင်းအောင်ခေတ်၊ သုတ၊ စိုးမြတ်သူဇာ၊ ပတ်ထရစ်ရှာတို့ ပါဝင်ထားတဲ့ Bad Boy 2 ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top