Kantharyar Centre
×


အိပ္ရာ၀င္စဥ္ အနီးအနား၌ ထားရွိသည့္ မိုဘိုင္းဟန္း ဆက္ေပါက္ကြဲမႈေၾကာင့္ အမ်ိဳး သမီးငယ္တစ္ဦး ဘယ္ဘက္လက္ေမာင္းထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း သိရွိရသည္။

 ဟန္းဆက္ေပါက္ကြဲမႈ ေၾကာင့္ အသက္ (၁၆)ႏွစ္အရြယ္ မယုသဇင္ၿဖိဳး၏ ဘယ္ဘက္လက္ ေမာင္း ေလာင္ကြၽမ္းမႈဒဏ္ရာအခ်ိဳ႕ရရွိခဲ့သည္။


‘‘အားသြင္းထားတဲ့ ဟန္း ဆက္ကို ျဖဳတ္ၿပီးေတာ့ အနားမွာထားအိပ္တာ၊ ႏွစ္နာရီေလာက္ ၾကာေတာ့ ထေပါက္တယ္။ လက္ေမာင္းပဲ ဒဏ္ရာရတာပါ’’ဟုမႏၲေလးတိုင္းေဒသႀကီး ခ်မ္းေျမ႕ သာစည္ၿမိဳ႕နယ္မွ ကာယကံရွင္ မယုသဇင္ၿဖိဳးကေျပာသည္။

 ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ ဟန္းဆက္သည္ တ႐ုတ္ႏိုင္ငံ ထုတ္ Coolpad အမ်ိဳးအစားျဖစ္ ၿပီး ဟန္းဆက္၀ယ္ယူသည့္အခ်ိန္ ႏွင့္ ဟန္းဆက္ေမာ္ဒယ္အမ်ိဳးအ စားကို မသိရွိေၾကာင္း မယုသဇင္ ၿဖိဳးက ဆိုသည္။

 ‘‘အားသြင္းထားတာကေတာ့ တစ္နာရီခြဲေလာက္အထိ ၾကာတယ္။ ေပါက္ကြဲေတာ့ အသံေတာ့က်ယ္တယ္။ အက်ယ္ႀကီး ေတာ့လည္းမဟုတ္ဘူး’’ ဟု ဟန္းဆက္ေပါက္ကြဲျခင္းႏွင့္ပတ္သက္ ၍ မယုသဇင္ၿဖိဳးကေျပာသည္။

ဟန္းဆက္မ်ားသည္ ပါ၀ါ ဖြင့္ထားစဥ္၌ Network ပိုင္းဆိုင္ရာမ်ား ေရွာ့ခ္ျဖစ္လာသည့္အခါ ေပါက္ကြဲမႈျဖစ္ပြားတတ္ၿပီး အသံုးျပဳသည့္ ဘက္ထရီအရည္အေသြး ညံ့သည့္အခါမ်ားတြင္လည္း ေပါက္ကြဲမႈ ျဖစ္တတ္သည္ဟု Luck Friends ဟန္းဆက္ အ ေရာင္းဆိုင္မွ technician ကိုေနမ်ိဳးႏိုင္ကဆိုသည္။

 ‘‘အသံုးျပဳေနတဲ့အခ်ိန္မွာ ဟန္းဆက္ေတြ ပူလာရင္လည္း ေပါက္ကြဲတတ္တယ္။ အားသြင္း ႀကိဳးေတြ၊ ဘက္ထရီေတြအရည္ အေသြးနိမ့္ရင္လည္း ေပါက္ကြဲ တတ္တယ္။ တ႐ုတ္ကလာတဲ့ ဘက္ထရီအပိုေတြကို ၀ယ္မသံုး ေစခ်င္ဘူး’’ဟု ကိုေနမ်ိဳးႏိုင္က အႀကံျပဳသည္။

ဟန္းဆက္ ဘက္ထရီျပႆ နာႏွင့္ပတ္သက္၍ မၾကာမီက Samsung Galaxy Note 7 တြင္ ႀကံဳေတြ႕ခဲ့ရသည့္အတြက္ ကုမၸဏီအေနျဖင့္ အဆိုပါဟန္းဆက္ ေရာင္းခ်ျခင္းႏွင့္ ထုတ္လုပ္ျခင္း ကို ေအာက္တုိဘာက ရပ္ဆိုင္းခဲ့ရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အိပ်ရာဝင်စဉ် အနီးအနား၌ ထားရှိသည့် မိုဘိုင်းဟန်း ဆက်ပေါက်ကွဲမှုကြောင့် အမျိုး သမီးငယ်တစ်ဦး ဘယ်ဘက်လက်မောင်းထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

 ဟန်းဆက်ပေါက်ကွဲမှု ကြောင့် အသက် (၁၆)နှစ်အရွယ် မယုသဇင်ဖြိုး၏ ဘယ်ဘက်လက် မောင်း လောင်ကျွမ်းမှုဒဏ်ရာအချို့ရရှိခဲ့သည်။


‘‘အားသွင်းထားတဲ့ ဟန်း ဆက်ကို ဖြုတ်ပြီးတော့ အနားမှာထားအိပ်တာ၊ နှစ်နာရီလောက် ကြာတော့ ထပေါက်တယ်။ လက်မောင်းပဲ ဒဏ်ရာရတာပါ’’ဟုမန္တလေးတိုင်းဒေသကြီး ချမ်းမြေ့ သာစည်မြို့နယ်မှ ကာယကံရှင် မယုသဇင်ဖြိုးကပြောသည်။

 ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဟန်းဆက်သည် တရုတ်နိုင်ငံ ထုတ် Coolpad အမျိုးအစားဖြစ် ပြီး ဟန်းဆက်ဝယ်ယူသည့်အချိန် နှင့် ဟန်းဆက်မော်ဒယ်အမျိုးအ စားကို မသိရှိကြောင်း မယုသဇင် ဖြိုးက ဆိုသည်။

 ‘‘အားသွင်းထားတာကတော့ တစ်နာရီခွဲလောက်အထိ ကြာတယ်။ ပေါက်ကွဲတော့ အသံတော့ကျယ်တယ်။ အကျယ်ကြီး တော့လည်းမဟုတ်ဘူး’’ ဟု ဟန်းဆက်ပေါက်ကွဲခြင်းနှင့်ပတ်သက် ၍ မယုသဇင်ဖြိုးကပြောသည်။

ဟန်းဆက်များသည် ပါဝါ ဖွင့်ထားစဉ်၌ Network ပိုင်းဆိုင်ရာများ ရှော့ခ်ဖြစ်လာသည့်အခါ ပေါက်ကွဲမှုဖြစ်ပွားတတ်ပြီး အသုံးပြုသည့် ဘက်ထရီအရည်အသွေး ညံ့သည့်အခါများတွင်လည်း ပေါက်ကွဲမှု ဖြစ်တတ်သည်ဟု Luck Friends ဟန်းဆက် အ ရောင်းဆိုင်မှ technician ကိုနေမျိုးနိုင်ကဆိုသည်။

 ‘‘အသုံးပြုနေတဲ့အချိန်မှာ ဟန်းဆက်တွေ ပူလာရင်လည်း ပေါက်ကွဲတတ်တယ်။ အားသွင်း ကြိုးတွေ၊ ဘက်ထရီတွေအရည် အသွေးနိမ့်ရင်လည်း ပေါက်ကွဲ တတ်တယ်။ တရုတ်ကလာတဲ့ ဘက်ထရီအပိုတွေကို ဝယ်မသုံး စေချင်ဘူး’’ဟု ကိုနေမျိုးနိုင်က အကြံပြုသည်။

ဟန်းဆက် ဘက်ထရီပြဿ နာနှင့်ပတ်သက်၍ မကြာမီက Samsung Galaxy Note 7 တွင် ကြုံတွေ့ခဲ့ရသည့်အတွက် ကုမ္ပဏီအနေဖြင့် အဆိုပါဟန်းဆက် ရောင်းချခြင်းနှင့် ထုတ်လုပ်ခြင်း ကို အောက်တိုဘာက ရပ်ဆိုင်းခဲ့ရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top