Property Expo
×

 စေနေန႔တြင္ ယွဥ္ၿပိဳင္ရမည့္ အာဆင္နယ္ႏွင့္ပဲြအတြက္ မန္ယူ၌ ၀ါရင့္တိုက္စစ္မွဴး အီဗရာဟီမိုဗစ္ မပါ၀င္ႏိုင္ျဖစ္ေနစဥ္ တိုက္စစ္မွဴးတစ္ဦးျဖစ္ေသာ ရြန္းေနသည္လည္း ဒဏ္ရာအတြက္ စစ္ေဆးမႈခံယူၿပီးမွသာ ဆံုးျဖတ္ႏိုင္မည္ျဖစ္သည္။

မႀကီးမားေသာ ဒဏ္ရာဟုဆိုေသာ ဒဏ္ရာျဖင့္ ရြန္းေနသည္ အဂၤလန္အသင္း၌ ပါ၀င္ႏိုင္ျခင္းမရွိဘဲ အာဆင္နယ္ႏွင့္ပဲြအတြက္ ပါ၀င္ႏိုင္မည္လားဆိုျခင္းကို မဆံုးျဖတ္မီ အိုးထရက္ဖို႔ဒ္သို႔ ျပန္၍ စစ္ေဆးမႈ ခံယူရမည္ျဖစ္သည္။

မန္ယူသည္ ယခုရာသီ၌ လက္စတာကို ဂိုးျပတ္ႏိုင္ၿပီး ေနာက္ႏိုင္ပဲြမ်ားေပ်ာက္ဆံုးကာ ဆြမ္ဆီးႏွင့္ပဲြတြင္သာ ဂိုးမ်ားသြင္းႏိုင္ခဲ့ၿပီး ရရွိေသာသံုးဂိုးစလံုးကိုရြန္းေနကဖန္တီးေပးကာအီဗရာဟီမိုဗစ္က ႏွစ္ဂိုးသြင္းယူခဲ့သည္။


ယင္းေၾကာင့္ မန္ယူနည္းျပေမာ္ရင္ဟိုအေနျဖင့္ အာဆင္နယ္ႏွင့္ပဲြတြင္ လူငယ္တိုက္စစ္မွဴး ရက္ခ်္ဖို႔ဒ္ႏွင့္ မာရွယ္တို႔ကို ပဲြထြက္ခြင့္ေပးဖြယ္ရွိသည္။

မန္ယူႏွင့္ပဲြ၌ အာဆင္နယ္ ေနာက္ခံလူ ဘယ္လာရင္ ဒဏ္ရာေၾကာင့္လဲြေခ်ာ္မည္ျဖစ္၍ ၎ေနရာတြင္ ဂ်န္ကင္ဆင္ ပါ၀င္လာႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 စနေနေ့တွင် ယှဉ်ပြိုင်ရမည့် အာဆင်နယ်နှင့်ပွဲအတွက် မန်ယူ၌ ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ် မပါဝင်နိုင်ဖြစ်နေစဉ် တိုက်စစ်မှူးတစ်ဦးဖြစ်သော ရွန်းနေသည်လည်း ဒဏ်ရာအတွက် စစ်ဆေးမှုခံယူပြီးမှသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

မကြီးမားသော ဒဏ်ရာဟုဆိုသော ဒဏ်ရာဖြင့် ရွန်းနေသည် အင်္ဂလန်အသင်း၌ ပါဝင်နိုင်ခြင်းမရှိဘဲ အာဆင်နယ်နှင့်ပွဲအတွက် ပါဝင်နိုင်မည်လားဆိုခြင်းကို မဆုံးဖြတ်မီ အိုးထရက်ဖို့ဒ်သို့ ပြန်၍ စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။

မန်ယူသည် ယခုရာသီ၌ လက်စတာကို ဂိုးပြတ်နိုင်ပြီး နောက်နိုင်ပွဲများပျောက်ဆုံးကာ ဆွမ်ဆီးနှင့်ပွဲတွင်သာ ဂိုးများသွင်းနိုင်ခဲ့ပြီး ရရှိသော သုံးဂိုးစလုံးကို ရွန်းနေက ဖန်တီးပေးကာ အီဗရာဟီမိုဗစ်က နှစ်ဂိုးသွင်းယူခဲ့သည်။


ယင်းကြောင့် မန်ယူနည်းပြမော်ရင်ဟိုအနေဖြင့် အာဆင်နယ်နှင့်ပွဲတွင် လူငယ်တိုက်စစ်မှူး ရက်ချ်ဖို့ဒ်နှင့် မာရှယ်တို့ကို ပွဲထွက်ခွင့်ပေးဖွယ်ရှိသည်။

မန်ယူနှင့်ပွဲ၌ အာဆင်နယ် နောက်ခံလူ ဘယ်လာရင် ဒဏ်ရာကြောင့်လွဲချော်မည်ဖြစ်၍ ၎င်းနေရာတွင် ဂျန်ကင်ဆင် ပါဝင်လာနိုင်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top