Property Expo
×




Unicode Version

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ဆယ်ကျော်သက်မိန်းကလေးတစ် ဦးက နှစ်သစ်ကူးမုန့်ဖိုးပေးခြင်း ပျက်ကွက်နေတဲ့ မိဘဖြစ်သူတွေကို တရားစွဲဆိုခြင်း ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။
တရုတ်ရိုးရာအရ နှစ်သစ်ကူးအချိန်တိုင်းမှာ မိသားစုတွေနဲ့ သား သမီးညီအစ်ကိုမောင်နှမတွေမှာ အကြီးလုပ်သူတွေက အချင်းချင်း ပေးအပ်တဲ့ မုန့်ဖိုးအသုံးစရိတ်ဆိုတာမျိုးတွေ ရှိပါတယ်။ ဒီလိုမျိုး ပေးအပ်ထောက်ပံ့တဲ့ မုန့်ဖိုးနဲ့ အသုံးစရိတ်ထောက်ပံ့မှုကို ခြောက် နှစ်ကျော်ကြာလုံးဝမရတော့တဲ့ မိန်းကလေး ရှာအိုဂျူရမ်က မိဘဖြစ် သူတွေကို တရားစွဲဆိုလိုက်ပါတယ်။


ကွာရှင်းပြတ်စဲထားတဲ့ မိဘတွေရဲ့ အိမ်ထောင်ရေးမှာ မိတစ်ကွဲ ဖတစ်ကွဲဖြစ်ခဲ့ရလို့ ဖွားအေဖြစ်သူနဲ့ နေထိုင်နေရတဲ့ မိန်းကလေးက သူမရဲ့ ကျောင်းစရိတ်နဲ့ နေထိုင်ရပ်တည်မှုတွေမှာ အခက်အခဲဖြစ် နေရတယ်လို့ဆိုကာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ တရားရုံးတော် ချမှတ်လိုက်တဲ့ စီရင်ချက်က မိဘဖြစ်သူတွေက သူမအတွက် တစ် လလျှင် ထောက်ပံ့ပေးစရိတ် ယွမ် ထောင့်ငါးရာကိုပေးဖို့ ဆုံးဖြတ် ခဲ့တယ်လို့ သိရပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top