Property Expo
×

"ကြၽန္ေတာ္ကဘာလဲဆိုေတာ့DoorDieလုပ္ခဲ့တာ။အဲဒီအတြက္ကြၽန္ေတာ္ဆယ္တန္းကိုလည္း ျပန္မေျဖေတာ့
ဘူး။ ေခြးျဖစ္ရင္လည္းျဖစ္၊ သူေဌးျဖစ္ရင္လည္းျဖစ္ ဆိုတဲ့စိတ္နဲ႕လုပ္ခဲ့တယ္။က်ရႈုံးသြားလည္း ေနာင္တရမွာ မဟုတ္ဘူး။"

" ကြၽန္ေတာ့္ရဲ႕ ေ႐ႊထူးဆိုတဲ့ဘဝက လွည္းတန္းကစပါတယ္။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြနဲ႕ DOTA ပတ္ခုတ္ေနတဲ့ ကေလကေခ်တစ္ေယာက္ေပါ့။ သီခ်င္းေလးေတြလည္း မေတာက္တစ္ေခါက္ ဆိုေနတဲ့အခ်ိန္မွာ။ ကြၽန္ေတာ္တို႔သူငယ္ခ်င္းေတြ ေဆာ့ေနက် ဂိမ္းဆိုင္မွာပဲ ကြၽန္ေတာ့္သီခ်င္းတစ္ပုဒ္က ေပါက္သြားတယ္ေပါ့။ အဲဒီဂိမ္းဆိုင္က လူေတြအားလုံးက နားေထာင္ၾကေတာ့ ဘယ္သူဆိုတာလဲ၊ ဘယ္သူဆိုတာလဲ ဆိုေတာ့ ေ႐ႊထူးဆိုတာေပါ့။ ကြၽန္ေတာ္ဂိမ္းေဆာ့တဲ့နာမည္က ေ႐ႊထူးပါ။ အဲဒီကေန ေ႐ႊထူးျဖစ္လာတယ္။ ဒီေနရာေပါ့က သူမ်ားေတြေျပာတဲ့ေအာင္ျမင္မႈဆိုပါစို႔၊ ကြၽန္ေတာ့္အတြက္ကေတာ့တစ္ပါ။ ဒီလိုအေန အထားေရာက္လာတယ္ဆိုတာက ကြၽန္ေတာ္ကိုယ္တိုင္ႀကိဳးစားမႈလည္းျဖစ္တယ္။ ကြၽန္ေတာ့္ပရိသတ္အေပၚမွာ ေစတနာေမတၱာအမွန္ထားတာေၾကာင့္လည္းပါတယ္၊ ကြၽန္ေတာ့္ပရိသတ္က ကြၽန္ေတာ့္ကိုခ်စ္လို႔လည္းပါ တယ္။ အဲေတာ့ ကြၽန္ေတာ့္အတြက ္ႀကိဳးစားရတာက အမ်ားႀကီးပါ။ ကြၽန္ေတာ္က မိဘေဆြမ်ိဳးအသိုင္းမရွိဘူး။
ၿပီးေတာ့ ေငြေၾကးခ်မ္းသာတဲ့မိသားစုကလာတဲ့မဟုတ္တဲ့အတြက္ေၾကာင့္ အႏွိမ္ခံရတာအမ်ားႀကီးရွိတယ္။ လူရာသြင္းမခံခဲ့ရတာေတြအမ်ားႀကီးရွိခဲ့တယ္။ ဒါေတြက ၿပီးခဲ့ပါၿပီ။ အခုအခ်ိန္မွာ ကြၽန္ေတာ္က အတိတ္ကိုမၾကည့္ဘူး။ ပစၥဳပၸန္ကို စိတ္ဝင္စားတယ္။ အနာဂါတ္အတြက္ ပိုၿပီးႀကိဳးစားတယ္။"

"ကြၽန္ေတာ္ဆို ဆယ္တန္းမေအာင္ဘူးေပါ့ေနာ္။ ဟိုးအရင္တုန္းက လူႀကီးသူမေတြေျပာတာက ဆယ္တန္းမေအာင္ရင္လူရာမဝင္ဘူးေပါ့။ ဒါေပမဲ့ ကြၽန္ေတာ့္ ညီေလးေတြ၊ ညီမေလးေတြကို ေျပာခ်င္တာက ဆယ္တန္းေတာ့ ေအာင္ေအာင္ေျဖၾကပါ။ ဆယ္တန္းေအာင္ ဖို႔ေတာ့လိုပါတယ္။ ကြၽန္ေတာ္က အခုအခ်ိန္မွာသာ ပညာေရးဘက္မလွည့္နိုင္ေတာ့တာပါ။ ဟိုးအရင္က အိမ္ရဲ႕စီးပြားေရးအေျခအေနေၾကာင့္ေရာ၊ ကိုယ္လုပ္ခ်င္တာေတြေၾကာင့္ေရာ ဆယ္တန္းဘက္ကို မလွည့္နိုင္ ခဲ့ဘူးေပါ့။ အဲဒါေၾကာင့္ အခုပညာေရးလုပ္ေနတဲ့ ညီေလး၊ ညီမေလးေတြ ဆယ္တန္းကိုေတာ့ ေအာင္ေအာင္ေျဖၾကပါ။ မည္သို႔ပင္ဆိုေစကာမူ ပြဲလယ္ေရာက္ရင္ ဆယ္တန္းေတာင္မေအာင္ဘူးဆိုတာ ကေတာ့ ေျပာစရာတစ္ခုလိုျဖစ္ေနပါတယ္။ အခု ကြၽန္ေတာ္လုပ္ေနတာတစ္ခုရွိတယ္။ ေလာေလာဆယ္မွာေတာ့ကြၽန္ေတာ္နဲ႕နီးစပ္ရာပတ္ဝန္းက်င္မွာ
 ေက်ာင္းတက္ခ်င္ရက္နဲ႕ အေျခအေနအရေက်ာင္းမတက္နိုင္တဲ့ ညီေလး၊ ညီမေလးေတြကို ကြၽန္ေတာ္ေက်ာင္းထားေပးတာေတြရွိပါတယ္။ ကြၽန္ေတာ္ျဖစ္ေစခ်င္ၿပီးကြၽန္ေတာ္မလုပ္နိုင္တဲ့အရာတစ္ခုကို Support လုပ္ေပးတဲ့သေဘာပါ။" လို႔ ေ႐ႊထူးကေန ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
" ကျွန်တော်က ဘာလဲဆိုတော့ Do or Die လုပ်ခဲ့တာ။ အဲဒီအတွက် ကျွန်တော်ဆယ်တန်းကိုလည်း ပြန်မဖြေတော့ဘူး။ ခွေးဖြစ်ရင်လည်းဖြစ်၊ သူဌေးဖြစ်ရင်လည်းဖြစ် ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တယ်။ကျရှုုံးသွားလည်း နောင်တရမှာ မဟုတ်ဘူး။"

" ကျွန်တော့်ရဲ့ ရွှေထူးဆိုတဲ့ဘဝက လှည်းတန်းကစပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ DOTA ပတ်ခုတ်နေတဲ့ ကလေကချေတစ်ယောက်ပေါ့။ သီချင်းလေးတွေလည်း မတောက်တစ်ခေါက် ဆိုနေတဲ့အချိန်မှာ။ ကျွန်တော်တို့သူငယ်ချင်းတွေ ဆော့နေကျ ဂိမ်းဆိုင်မှာပဲ ကျွန်တော့်သီချင်းတစ်ပုဒ်က ပေါက်သွားတယ်ပေါ့။ အဲဒီဂိမ်းဆိုင်က လူတွေအားလုံးက နားထောင်ကြတော့ ဘယ်သူဆိုတာလဲ၊ ဘယ်သူဆိုတာလဲ ဆိုတော့ ရွှေထူးဆိုတာပေါ့။ ကျွန်တော်ဂိမ်းဆော့တဲ့နာမည်က ရွှေထူးပါ။ အဲဒီကနေ ရွှေထူးဖြစ်လာတယ်။ ဒီနေရာပေါ့က သူများတွေပြောတဲ့အောင်မြင်မှုဆိုပါစို့၊ ကျွန်တော့်အတွက်ကတော့တစ်ပါ။ ဒီလိုအနေ အထားရောက်လာတယ်ဆိုတာက ကျွန်တော်ကိုယ်တိုင်ကြိုးစားမှုလည်းဖြစ်တယ်။ ကျွန်တော့်ပရိသတ်အပေါ်မှာ စေတနာမေတ္တာအမှန်ထားတာကြောင့်လည်းပါတယ်၊ ကျွန်တော့်ပရိသတ်က ကျွန်တော့်ကိုချစ်လို့လည်းပါ တယ်။ အဲတော့ ကျွန်တော့်အတွက ်ကြိုးစားရတာက အများကြီးပါ။ ကျွန်တော်က မိဘဆွေမျိုးအသိုင်းမရှိဘူး။ ပြီးတော့ ငွေကြေးချမ်းသာတဲ့မိသားစုကလာတဲ့မဟုတ်တဲ့အတွက်ကြောင့် အနှိမ်ခံရတာအများကြီးရှိတယ်။ လူရာသွင်းမခံခဲ့ရတာတွေအများကြီးရှိခဲ့တယ်။ ဒါတွေက ပြီးခဲ့ပါပြီ။ အခုအချိန်မှာ ကျွန်တော်က အတိတ်ကိုမကြည့်ဘူး။ ပစ္စုပ္ပန်ကို စိတ်ဝင်စားတယ်။ အနာဂါတ်အတွက် ပိုပြီးကြိုးစားတယ်။"

"ကျွန်တော်ဆို ဆယ်တန်းမအောင်ဘူးပေါ့နော်။ ဟိုးအရင်တုန်းက လူကြီးသူမတွေပြောတာက ဆယ်တန်းမအောင်ရင်လူရာမဝင်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော့် ညီလေးတွေ၊ ညီမလေးတွေကို ပြောချင်တာက ဆယ်တန်းတော့ အောင်အောင်ဖြေကြပါ။ ဆယ်တန်းအောင် ဖို့တော့လိုပါတယ်။ ကျွန်တော်က အခုအချိန်မှာသာ ပညာရေးဘက်မလှည့်နိုင်တော့တာပါ။ ဟိုးအရင်က အိမ်ရဲ့စီးပွားရေးအခြေအနေကြောင့်ရော၊ ကိုယ်လုပ်ချင်တာတွေကြောင့်ရော ဆယ်တန်းဘက်ကို မလှည့်နိုင် ခဲ့ဘူးပေါ့။ အဲဒါကြောင့် အခုပညာရေးလုပ်နေတဲ့ ညီလေး၊ ညီမလေးတွေ ဆယ်တန်းကိုတော့ အောင်အောင်ဖြေကြပါ။ မည်သို့ပင်ဆိုစေကာမူ ပွဲလယ်ရောက်ရင် ဆယ်တန်းတောင်မအောင်ဘူးဆိုတာ ကတော့ ပြောစရာတစ်ခုလိုဖြစ်နေပါတယ်။ အခု ကျွန်တော်လုပ်နေတာတစ်ခုရှိတယ်။ လောလောဆယ်မှာတော့ ကျွန်တော်နဲ့ နီးစပ်ရာပတ်ဝန်းကျင်မှာ ကျောင်းတက်ချင်ရက်နဲ့ အခြေအနေအရကျောင်းမတက်နိုင်တဲ့ ညီလေး၊ ညီမလေးတွေကို ကျွန်တော်ကျောင်းထားပေးတာတွေရှိပါတယ်။ ကျွန်တော်ဖြစ်စေချင်ပြီး ကျွန်တော်မလုပ်နိုင်တဲ့အရာတစ်ခုကို Support လုပ်ပေးတဲ့သဘောပါ။" လို့ ရွှေထူးကနေ ပြောကြားခဲ့ပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top