Kantharyar Centre
×

"လက္ရွိ အသက္ထက္ ႏုပ်ိဳတဲ့ အမ်ိဳးသမီးေတြဟာ သက္တူရြယ္တူ ေပမယ့္ အတြန္႔အလိပ္မ်ား သူေတြထက္ ႏွလံုးေရာဂါႏွင့္ ေလျဖတ္ေရာဂါ အျဖစ္နည္းေလ့ ရွိပါတယ္" လို႔ ေလ့လာခ်က္ အသစ္တစ္ခု အရ ေဖာ္ျပခဲ့ ပါတယ္။
သိပၸံပညာရွင္ မ်ားဟာ အမ်ိဳးသမီးေပါင္း ၂၆၀ အား ႏွလံုး ေရာဂါျဖစ္ႏိုင္ေျခ မ်ားတဲ့ အုပ္စုႏွင့္ နည္းတဲ့အုပ္စု ၂ စုခြဲၿပီး ေလ့လာ ဆန္းစစ္ရာမွ ေတြ႕ရွိခဲ့ တာျဖစ္တယ္။ သိပၸံပညာရွင္ မ်ားက ေနေလာင္ဒဏ္ေၾကာင့္ မ်က္ႏွာ အရြယ္မတိုင္မီ အိုမင္းလာမႈ လကၡဏာမ်ားကို အမ်ိဳးသမီးေတြ ရဲ႕ မ်က္ႏွာႏွင့္ လက္ေမာင္းအတြင္းဘက္ အေပၚပိုင္းရွိ အေရး အေၾကာင္း အတြန္႔မ်ားကို ေလ့လာဆန္းစစ္ ခဲ့ၾကပါတယ္။
ေတြ႕ရွိခ်က္အရ မ်က္ႏွာမွာ အတြန္႔အရစ္နည္းေလ ပို၍ ႏုပ်ိဳပံုေပါက္တဲ့ အျပင္ ေသြးတိုးေရာဂါႏွင့္ ႏွလံုး ေရာဂါျဖစ္နိုင္ေျခ နည္းပါး ပါတယ္။ ေသြးတိုးေရာဂါဟာ မ်က္ႏွာ အေရျပားေပၚ အေရးအေၾကာင္းနည္း ႐ံုတင္သာမက မ်က္ခြံေတြတြဲက်တာ မ်က္ႏွာအစ္/ေဖာင္းမႈလည္း နည္းတာ ေတြ႕ရပါတယ္လို႔ အဖြဲ႕ေခါင္းေဆာင္ ေဒါက္တာ ေဒးဗစ္ဂန္း က ရွင္းျပပါတယ္။
အမ်ိဳးသားေတြမွာ သီးသန္႔ခြဲ ေလ့လာရာမွာေတာ့ အေရးအေၾကာင္းေပၚတာနဲ႔ ေသြးတိုး ေရာဂါမွာ သက္ဆိုင္မႈ မရွိဘူးလို႔ ဆိုတယ္။ ဒါေပမယ့္ အသက္ရွည္တဲ့ မိသားစု မွ အမ်ိဳးသားေတြဟာ သက္တူရြယ္တူ အမ်ိဳးသားေတြထက္ ပိုၿပီး ႏုပ်ိဳေၾကာင္း ေတြ႕ရပါသတဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
"လက်ရှိ အသက်ထက် နုပျိုတဲ့ အမျိုးသမီးတွေဟာ သက်တူရွယ်တူ ပေမယ့် အတွန့်အလိပ်များ သူတွေထက် နှလုံးရောဂါနှင့် လေဖြတ်ရောဂါ အဖြစ်နည်းလေ့ ရှိပါတယ်" လို့ လေ့လာချက် အသစ်တစ်ခု အရ ဖော်ပြခဲ့ ပါတယ်။
သိပ္ပံပညာရှင် များဟာ အမျိုးသမီးပေါင်း ၂၆၀ အား နှလုံး ရောဂါဖြစ်နိုင်ခြေ များတဲ့ အုပ်စုနှင့် နည်းတဲ့အုပ်စု ၂ စုခွဲပြီး လေ့လာ ဆန်းစစ်ရာမှ တွေ့ရှိခဲ့ တာဖြစ်တယ်။ သိပ္ပံပညာရှင် များက နေလောင်ဒဏ်ကြောင့် မျက်နှာ အရွယ်မတိုင်မီ အိုမင်းလာမှု လက္ခဏာများကို အမျိုးသမီးတွေ ရဲ့ မျက်နှာနှင့် လက်မောင်းအတွင်းဘက် အပေါ်ပိုင်းရှိ အရေး အကြောင်း အတွန့်များကို လေ့လာဆန်းစစ် ခဲ့ကြပါတယ်။
တွေ့ရှိချက်အရ မျက်နှာမှာ အတွန့်အရစ်နည်းလေ ပို၍ နုပျိုပုံပေါက်တဲ့ အပြင် သွေးတိုးရောဂါနှင့် နှလုံး ရောဂါဖြစ်နိုင်ခြေ နည်းပါး ပါတယ်။ သွေးတိုးရောဂါဟာ မျက်နှာ အရေပြားပေါ် အရေးအကြောင်းနည်း ရုံတင်သာမက မျက်ခွံတွေတွဲကျတာ မျက်နှာအစ်/ဖောင်းမှုလည်း နည်းတာ တွေ့ရပါတယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဒေးဗစ်ဂန်း က ရှင်းပြပါတယ်။
အမျိုးသားတွေမှာ သီးသန့်ခွဲ လေ့လာရာမှာတော့ အရေးအကြောင်းပေါ်တာနဲ့ သွေးတိုး ရောဂါမှာ သက်ဆိုင်မှု မရှိဘူးလို့ ဆိုတယ်။ ဒါပေမယ့် အသက်ရှည်တဲ့ မိသားစု မှ အမျိုးသားတွေဟာ သက်တူရွယ်တူ အမျိုးသားတွေထက် ပိုပြီး နုပျိုကြောင်း တွေ့ရပါသတဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top