Property Expo
×

 ေခြးေလးေတြ အိပ္မက္မက္တဲ့အေၾကာင္း သုေတသနေဖာ္ျပခ်က္ကုိ ဖတ္ရႈျပီးတဲ့အခ်ိန္မွာ ေခြးပိုင္ရွင္မိဘေတြက အရမ္းကို ခံစားသြားရျပီး သူတုိ႔ေခြးေလးေတြ အိပ္ေနတဲ့ပုံေလးေတြကို အင္တာနက္ေပၚမွာ ေဝမွ်ၾကတာကို အမ်ားၾကီးေတြ႔ခဲ့ၾကပါတယ္။ ကုိယ္အိမ္ျပန္လာခ်ိန္မွာ အေမႊးဖြားဖြားေလးနဲ႔ အျမဲစိတ္လႈပ္ရွားျပီး လာၾကိဳတတ္တဲ့ ေခြးေလးတစ္ေကာင္ရွိခဲ့ရင္ အေကာင္းဆုံးခံစားခ်က္တစ္မ်ဳိးကို ခံစားဖူးသူလို႔ေျပာလို႔ရပါတယ္။ ေခြးတကယ္ခ်စ္တဲ့သူေတြအတြက္ ေခြးေလးေတြ အိပ္ေပ်ာ္ေနတာကို ျမင္ရတာနဲ႔ေတာင္ စိတ္ညစ္စရာေန႔တစ္ေန႔ကို ေမ့ေပ်ာက္ႏုိင္တယ္လို႔ ဆုိပါတယ္။

ေခြးေလးတစ္ေကာင္ကုိ တိရစာၦန္တစ္ေကာင္လို သေဘာမထားဘဲ သားသမီးတစ္ေယာက္လို သေဘာထားတဲ့ ပိုင္ရွင္ေတြအတြက္ ဟားဗတ္တကၠသိုလ္က ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုရဲ႕ ရလဒ္ကို သိရတဲ့အခါ အရမ္းကို ဝမ္းသာမယ္လို႔ထင္ပါတယ္။ သုေတသီေတြက ေခြးေလးေတြက ပုံမွန္အားျဖင့္ သူတုိ႔ရဲ႕ သခင္ေတြအေၾကာင္း အိပ္မက္မက္ေလ့ရွိတယ္လို႔ ဆုိပါတယ္။

ဟားဗတ္တကၠသိုလ္က ေဆးဘက္ဆုိင္ရာႏွင့္ ဆင့္ကဲျဖစ္စဥ္ဆုိင္ရာ စိတ္ပညာရွင္ Dr. Deirdre Barrett က ေခြးေလးေတြက သူတုိ႔ရဲ႕ သခင္ေတြကို အရမ္းတြယ္တာတတ္တဲ့အတြက္ သခင္ရဲ႕ မ်က္ႏွာ၊ အနံ႔နဲ႔ စိတ္ေက်နပ္ေစမယ့္/စိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္ အျပဳအမူမ်ဳိးေတြကိုအိပ္မက္မက္ေလ့ရွိတယ္လို႔ ဆုိပါတယ္။ သခင္ေတြအေနနဲ႔ ကိုယ့္ကေလးေတြကုိ ပိုလွတဲ့အိပ္မက္ေလးေတြ မက္ေစခ်င္တယ္ဆုိရင္ အေကာင္းဆုံးနည္းလမ္းက ေန႔ဘက္မွာေပ်ာ္စရာေကာင္းတဲ့ အေတြ႔အၾကဳံေတြကို မ်ားမ်ားေတ႔ြေစျပီး လုံျခဳံစိတ္ခ်ရတဲ့ ပတ္ဝန္းက်င္မွာ အိပ္ေရးဝဝအိပ္ေစဖို႔ပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

 ခွေးလေးတွေ အိပ်မက်မက်တဲ့အကြောင်း သုတေသနဖော်ပြချက်ကို ဖတ်ရှုပြီးတဲ့အချိန်မှာ ခွေးပိုင်ရှင်မိဘတွေက အရမ်းကို ခံစားသွားရပြီး သူတို့ခွေးလေးတွေ အိပ်နေတဲ့ပုံလေးတွေကို အင်တာနက်ပေါ်မှာ ဝေမျှကြတာကို အများကြီးတွေ့ခဲ့ကြပါတယ်။ ကိုယ်အိမ်ပြန်လာချိန်မှာ အမွှေးဖွားဖွားလေးနဲ့ အမြဲစိတ်လှုပ်ရှားပြီး လာကြိုတတ်တဲ့ ခွေးလေးတစ်ကောင်ရှိခဲ့ရင် အကောင်းဆုံးခံစားချက်တစ်မျိုးကို ခံစားဖူးသူလို့ပြောလို့ရပါတယ်။ ခွေးတကယ်ချစ်တဲ့သူတွေအတွက် ခွေးလေးတွေ အိပ်ပျော်နေတာကို မြင်ရတာနဲ့တောင် စိတ်ညစ်စရာနေ့တစ်နေ့ကို မေ့ပျောက်နိုင်တယ်လို့ ဆိုပါတယ်။

ခွေးလေးတစ်ကောင်ကို တိရစ္ဆာန်တစ်ကောင်လို သဘောမထားဘဲ သားသမီးတစ်ယောက်လို သဘောထားတဲ့ ပိုင်ရှင်တွေအတွက် ဟားဗတ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုရဲ့ ရလဒ်ကို သိရတဲ့အခါ အရမ်းကို ဝမ်းသာမယ်လို့ထင်ပါတယ်။ သုတေသီတွေက ခွေးလေးတွေက ပုံမှန်အားဖြင့် သူတို့ရဲ့ သခင်တွေအကြောင်း အိပ်မက်မက်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဟားဗတ်တက္ကသိုလ်က ဆေးဘက်ဆိုင်ရာနှင့် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ စိတ်ပညာရှင် Dr. Deirdre Barrett က ခွေးလေးတွေက သူတို့ရဲ့ သခင်တွေကို အရမ်းတွယ်တာတတ်တဲ့အတွက် သခင်ရဲ့ မျက်နှာ၊ အနံ့နဲ့ စိတ်ကျေနပ်စေမယ့်/စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူမျိုးတွေကိုအိပ်မက်မက်လေ့ရှိတယ်လို့ ဆိုပါတယ်။ သခင်တွေအနေနဲ့ ကိုယ့်ကလေးတွေကို ပိုလှတဲ့အိပ်မက်လေးတွေ မက်စေချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက နေ့ဘက်မှာပျော်စရာကောင်းတဲ့ အတွေ့အကြုံတွေကို များများတေ့ွစေပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ အိပ်ရေးဝဝအိပ်စေဖို့ပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top