Kantharyar Centre
×

ဧည့့္သည္ေတြကုိ သည္းမခံႏုိင္ေတာ့တဲ့ အေမရိကန္အမ်ဳိးသမီးတစ္ဦးရဲ႕ ေပါက္ကြဲမႈျဖစ္ရပ္က
  ေျပာစမွတ္တြင္ခဲ့ပါတယ္။ဖေလာ္ရီဒါျပည္နယ္မွ အမ်ဳိးသမီးက သူမရဲ႕အိမ္မွာေရာက္႐ွိေနတဲ့ ဧည့္သည္ေတြဟာ ဆူညံလြန္းၿပီး လုိအပ္တာထက္ အခ်ိန္ပုိ႐ွည္ၾကာစြာ ေနခဲ့တာေၾကာင့္ ေဒါသထြက္ကာ ေသနတ္ျဖင့္ပစ္ခတ္ခဲ့တာ ျဖစ္ပါတယ္။

အလန္နာအန္နက္တီ ေဆ့ဗဲလ္ အမည္႐ွိတဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ဳိးသမီးရဲ႕ ပန္နားမားၿမဳိ႕႐ွိေနအိမ္ကုိ ဧည့္သည္ စုံတြဲတစ္တြဲက လာေရာက္ခဲ့ၾကပါတယ္။ အဆုိပါစုံတြဲက အရက္ေသာက္ၿပီးေနာက္ အသံက်ယ္ေလာင္စြာျဖင့္ ေျပာဆုိလာခဲ့ၾကရာမွ အိမ္႐ွင္ျဖစ္သူ အလန္နာက သည္းမခံႏုိင္ေတာ့ဘဲ ေျခေထာက္ကုိ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့တယ္လို႕ ဆုိပါတယ္။

အလန္နာက ေသနတ္ျဖင့္ မပစ္မီ သူမရဲ႕ေနအိမ္မွထြက္သြားၾကရန္ ေျပာဆုိခဲ့ေသးေၾကာင္း ရဲတပ္ဖြဲ႕က ဆုိပါတယ္။ ဆူညံတဲ့ ဧည့္သည္စုံတြဲဟာ ေျခေထာက္မွာ ေသနတ္ျဖင့္ပစ္ခတ္ခံရၿပီး အသက္အႏၱရာယ္စုိးရိမ္စရာ မ႐ွိတဲ့ ဒဏ္မ်ားရခဲ့ပါတယ္။ ဧည့္သည္စုံတြဲကုိ ပစ္ခတ္ခဲ့တဲ့ အိမ္႐ွင္ျဖစ္သူ အလန္ကုိ ေသနတ္ျဖင့္ၿခိမ္းေျခာက္မႈျဖင့္ စြဲခ်က္တင္ထားေၾကာင္း သိရပါတယ္။

အလန္နာက ေသနတ္ျဖင့္ ၈ ခ်က္၊ ၉ ခ်က္ခန္႕ ပစ္ခတ္ခဲ့တယ္လို႕ ဆုိပါတယ္။ ေသနတ္ျဖင့္ ပစ္ခတ္ခံရတဲ့ စုံတြဲဟာ အရက္ဘားတစ္ခုမွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ အလန္နာရဲ႕ ေနအိမ္ကုိ ႏုိဝင္ဘာ ၂၁ ရက္ နံန္က ၁း၀၀ ဝန္းက်င္မွာ ေရာက္႐ွိခဲ့တာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ဧည့့်သည်တွေကို သည်းမခံနိုင်တော့တဲ့ အမေရိကန်အမျိုးသမီးတစ်ဦးရဲ့ ပေါက်ကွဲမှုဖြစ်ရပ်က ပြောစမှတ်တွင်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်မှ အမျိုးသမီးက သူမရဲ့အိမ်မှာရောက်ရှိနေတဲ့ ဧည့်သည်တွေဟာ ဆူညံလွန်းပြီး လိုအပ်တာထက် အချိန်ပိုရှည်ကြာစွာ နေခဲ့တာကြောင့် ဒေါသထွက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အလန်နာအန်နက်တီ ဆေ့ဗဲလ် အမည်ရှိတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးရဲ့ ပန်နားမားမြို့ရှိနေအိမ်ကို ဧည့်သည် စုံတွဲတစ်တွဲက လာရောက်ခဲ့ကြပါတယ်။ အဆိုပါစုံတွဲက အရက်သောက်ပြီးနောက် အသံကျယ်လောင်စွာဖြင့် ပြောဆိုလာခဲ့ကြရာမှ အိမ်ရှင်ဖြစ်သူ အလန်နာက သည်းမခံနိုင်တော့ဘဲ ခြေထောက်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အလန်နာက သေနတ်ဖြင့် မပစ်မီ သူမရဲ့နေအိမ်မှထွက်သွားကြရန် ပြောဆိုခဲ့သေးကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဆူညံတဲ့ ဧည့်သည်စုံတွဲဟာ ခြေထောက်မှာ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်စရာ မရှိတဲ့ ဒဏ်များရခဲ့ပါတယ်။ ဧည့်သည်စုံတွဲကို ပစ်ခတ်ခဲ့တဲ့ အိမ်ရှင်ဖြစ်သူ အလန်ကို သေနတ်ဖြင့်ခြိမ်းခြောက်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရပါတယ်။

အလန်နာက သေနတ်ဖြင့် ၈ ချက်၊ ၉ ချက်ခန့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်ဖြင့် ပစ်ခတ်ခံရတဲ့ စုံတွဲဟာ အရက်ဘားတစ်ခုမှာ တွေ့ဆုံခဲ့ပြီးနောက် အလန်နာရဲ့ နေအိမ်ကို နိုဝင်ဘာ ၂၁ ရက် နံန်က ၁း၀၀ ဝန်းကျင်မှာ ရောက်ရှိခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top