Property Expo
×

 ေငြစကၠဴေပၚရွိ ႐ုပ္ပံုေျပာင္းလဲ႐ိုက္ႏွိပ္ထုတ္ေဝျခင္း ကို ႏိုင္ငံေတာ္စီးပြားေရးတည္ၿငိမ္ ၿပီး သင့္ေလ်ာ္သည့္ ကာလေရာက္ခ်ိန္တြင္ ေဆာင္ရြက္ေပးမည္ျဖစ္ ေၾကာင္း ျမန္မာႏုိင္ငံေတာ္ဗဟို ဘဏ္ဒုဥကၠ႒ ဦးစိုးမင္းက ေျပာ ၾကားသည္။

လက္ရွိ သံုးစြဲေနသည့္ ေငြ စကၠဴမ်ားေပၚတြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ႐ုပ္ပံုကို အစားထိုး ႐ိုက္ႏွိပ္ထုတ္ေဝသံုးစြဲရန္ အစီအ စဥ္ရွိ၊ မရွိေမးခြန္းကို ႏိုဝင္ဘာ ၂၂ ရက္က က်င္းပေသာျပည္သူ႔လႊတ္ ေတာ္အစည္းအေဝး၌ ျပန္လည္ ေျဖၾကားရာတြင္ ဗဟိုဘဏ္ ဒု ဥကၠ႒က ယင္းသို႔ ထည့္သြင္းေျဖ ၾကားျခင္းျဖစ္သည္။

‘‘ေငြစကၠဴအသစ္  ႐ိုက္ႏွိပ္ ထုတ္ေဝမယ္ဆို လွည့္လည္သံုးစြဲ ေနတဲ့ ေငြပမာဏကို လဲလွယ္ေပး ႏိုင္ဖို႔အတြက္ လဲလွယ္သံုးစြဲတဲ့ ပမာဏနီးပါးကို မွာၾကား႐ိုက္ႏွိပ္ ရမွာျဖစ္ပါတယ္’’ဟု ဗဟိုဘဏ္ ဒုဥကၠ႒က ေျပာသည္။

လွည့္လည္ သံုးစြဲေနေသာ ေငြစကၠဴတစ္ခုကို အျပည့္အဝလဲ လွယ္ေပးမည္ဆိုပါက ႐ိုက္ႏွိပ္ရ မည့္ ပမာဏသည္ က်ပ္ဘီလီယံ တစ္ရာခန္႔ ကုန္က်မည္ျဖစ္ၿပီး အသံုးမ်ားေသာ ေငြစကၠဴမ်ားအ တြက္ ႐ိုက္ႏွိပ္မည္ဆိုပါက က်ပ္ ဘီလီယံသံုးရာေက်ာ္ကုန္က်မည္ ဟု ၎က ဆိုသည္။

 ပံုစံသစ္ ေငြစကၠဴမ်ားကို ထုတ္ေဝမည္ဆိုပါက လက္ရွိ သံုး စြဲေနသည့္ ေငြစကၠဴမ်ားကို ဖ်က္ ဆီးရန္ လိုအပ္မည္ျဖစ္ၿပီး ယင္း အတြက္ ကုန္က်စရိတ္လည္း ရွိ လာမည္ျဖစ္သည့္အျပင္ ပံုစံအမ်ိဳးမ်ိဳးရွိေနသည့္ ေငြစကၠဴအေပၚ ျပည္သူမ်ား၏ယံုၾကည္မႈ အားနည္း လာႏိုင္ေၾကာင္း ဗဟိုဘဏ္ဒုဥကၠ ႒က လႊတ္ေတာ္သို႔တင္ျပခဲ့သည္။

ဗဟိုဘဏ္ ဒုဥကၠ႒က ေငြ စကၠဴပံုစံမ်ားႏွင့္ပတ္သက္၍ ဗဟို ဘဏ္ဥပေဒပုဒ္မ ၆၅ တြင္ ဗဟို ဘဏ္သည္ ေငြစကၠဴမ်ားႏွင့္ ဒဂၤါး မ်ား၏တန္ဖိုး၊ အဆင္အျပင္၊ ဖြဲ႕ စည္းပါဝင္သည့္ ဝတၳဳပစၥည္းႏွင့္ အျခားခြဲျခားႏိုင္သည့္ လကၡဏာ မ်ားကို အစိုးရအဖြဲ႕၏သေဘာတူ ညီခ်က္ျဖင့္ သတ္မွတ္ရမည္ဟု ျပ႒ာန္းထားေၾကာင္း ေျပာသည္။

ထို႔ျပင္ ေငြစကၠဴအမ်ိဳးအစား ေျပာင္းလဲသံုးစြဲမႈႏွင့္ ပတ္သက္၍ ပုဒ္မ ၆၆ တြင္ ဗဟိုဘဏ္သည္ မည္သည့္ ေငြစကၠဴအမ်ိဳးအစားကို မဆို ေျပာင္းလဲသံုးစြဲရန္ လိုအပ္ ပါက အစိုးရအဖြဲ႕၏သေဘာတူ ညီခ်က္ျဖင့္ ေဆာင္ရြက္ႏိုင္သည္။ ယင္းေဆာင္ရြက္ခ်က္ အေျခအ ေနကို အနီးစပ္ဆံုး က်င္းပသည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္း အေဝးသို႔ တင္ျပကာ အတည္ျပဳခ်က္ရယူရမည္ဟု ပါရွိေၾကာင္း လႊတ္ေတာ္သို႔ ဗဟိုဘဏ္ဒုဥကၠ႒ က တင္ျပသည္။

လက္ရွိ လွည့္လည္သံုးစြဲေန ေသာ ေငြမ်ားလဲလွယ္ရန္ အခက္အခဲရွိေနၿပီး ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေနျဖင့္ ေငြစကၠဴမ်ားကိုႏုိင္ငံေတာ္စီးပြားေရး တည္ၿငိမ္ ေသာ အခ်ိန္၊ သင့္ေလ်ာ္ေသာကာ လတြင္ ပုဒ္မ ၆၆၊ ၆၅ တုိ႔ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေဆာင္ရြက္ေပး မည္ဟု ၎က ေျပာသည္။

ႏိုဝင္ဘာ ၂၂  ရက္က က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ ဦးကံျမင့္က ေငြစကၠဴမ်ား ေပၚ၌ ျခေသၤ့႐ုပ္၊ ဆင္႐ုပ္မ်ား အစား အမ်ိဳးသားေခါင္းေဆာင္ ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပံုကို အစားထိုး႐ိုက္ႏွိပ္ရန္ အစီအစဥ္ ရွိ၊ မရိွ ေမးခြန္းေမးျမန္းျခင္းျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ငွေစက္ကူပေါ်ရှိ ရုပ်ပုံပြောင်းလဲရိုက်နှိပ်ထုတ်ဝေခြင်း ကို နိုင်ငံတော်စီးပွားရေးတည်ငြိမ် ပြီး သင့်လျော်သည့် ကာလရောက်ချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြော ကြားသည်။

လက်ရှိ သုံးစွဲနေသည့် ငွေ စက္ကူများပေါ်တွင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံကို အစားထိုး ရိုက်နှိပ်ထုတ်ဝေသုံးစွဲရန် အစီအ စဉ်ရှိ၊ မရှိမေးခွန်းကို နိုဝင်ဘာ ၂၂ ရက်က ကျင်းပသောပြည်သူ့လွှတ် တော်အစည်းအဝေး၌ ပြန်လည် ဖြေကြားရာတွင် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌက ယင်းသို့ ထည့်သွင်းဖြေ ကြားခြင်းဖြစ်သည်။

‘‘ငွေစက္ကူအသစ်  ရိုက်နှိပ် ထုတ်ဝေမယ်ဆို လှည့်လည်သုံးစွဲ နေတဲ့ ငွေပမာဏကို လဲလှယ်ပေး နိုင်ဖို့အတွက် လဲလှယ်သုံးစွဲတဲ့ ပမာဏနီးပါးကို မှာကြားရိုက်နှိပ် ရမှာဖြစ်ပါတယ်’’ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောသည်။

လှည့်လည် သုံးစွဲနေသော ငွေစက္ကူတစ်ခုကို အပြည့်အဝလဲ လှယ်ပေးမည်ဆိုပါက ရိုက်နှိပ်ရ မည့် ပမာဏသည် ကျပ်ဘီလီယံ တစ်ရာခန့် ကုန်ကျမည်ဖြစ်ပြီး အသုံးများသော ငွေစက္ကူများအ တွက် ရိုက်နှိပ်မည်ဆိုပါက ကျပ် ဘီလီယံသုံးရာကျော်ကုန်ကျမည် ဟု ၎င်းက ဆိုသည်။

 ပုံစံသစ် ငွေစက္ကူများကို ထုတ်ဝေမည်ဆိုပါက လက်ရှိ သုံး စွဲနေသည့် ငွေစက္ကူများကို ဖျက် ဆီးရန် လိုအပ်မည်ဖြစ်ပြီး ယင်း အတွက် ကုန်ကျစရိတ်လည်း ရှိ လာမည်ဖြစ်သည့်အပြင် ပုံစံအမျိုးမျိုးရှိနေသည့် ငွေစက္ကူအပေါ် ပြည်သူများ၏ယုံကြည်မှု အားနည်း လာနိုင်ကြောင်း ဗဟိုဘဏ်ဒုဥက္က ဋ္ဌက လွှတ်တော်သို့တင်ပြခဲ့သည်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ငွေ စက္ကူပုံစံများနှင့်ပတ်သက်၍ ဗဟို ဘဏ်ဥပဒေပုဒ်မ ၆၅ တွင် ဗဟို ဘဏ်သည် ငွေစက္ကူများနှင့် ဒင်္ဂါး များ၏တန်ဖိုး၊ အဆင်အပြင်၊ ဖွဲ့ စည်းပါဝင်သည့် ဝတ္ထုပစ္စည်းနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာ များကို အစိုးရအဖွဲ့၏သဘောတူ ညီချက်ဖြင့် သတ်မှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း ပြောသည်။

ထို့ပြင် ငွေစက္ကူအမျိုးအစား ပြောင်းလဲသုံးစွဲမှုနှင့် ပတ်သက်၍ ပုဒ်မ ၆၆ တွင် ဗဟိုဘဏ်သည် မည်သည့် ငွေစက္ကူအမျိုးအစားကို မဆို ပြောင်းလဲသုံးစွဲရန် လိုအပ် ပါက အစိုးရအဖွဲ့၏သဘောတူ ညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်းဆောင်ရွက်ချက် အခြေအ နေကို အနီးစပ်ဆုံး ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးသို့ တင်ပြကာ အတည်ပြုချက်ရယူရမည်ဟု ပါရှိကြောင်း လွှတ်တော်သို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ က တင်ပြသည်။

လက်ရှိ လှည့်လည်သုံးစွဲနေ သော ငွေများလဲလှယ်ရန် အခက်အခဲရှိနေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများကိုနိုင်ငံတော်စီးပွားရေး တည်ငြိမ် သော အချိန်၊ သင့်လျော်သောကာ လတွင် ပုဒ်မ ၆၆၊ ၆၅ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေး မည်ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၂၂  ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကံမြင့်က ငွေစက္ကူများ ပေါ်၌ ခင်္သြေ့ရုပ်၊ ဆင်ရုပ်များ အစား အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို အစားထိုးရိုက်နှိပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းခြင်းဖြစ် သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top