Property Expo
×

လိင္ပိုင္းဆိုင္ရာ ေနွာင့္ယွက္ခံရၿပီး ေနာက္ဆက္တြဲ အေၿခအေနေတြမွာ ေဆးကုသမႈခံယူဖို႔နဲ႔ မႈခင္းေဆးပညာဆိုင္ရာ အကူအညီ တစ္ခုခု ရယူၿခင္းအၿပင္ ေအာက္ပါအခ်က္အလက္ေတြဟာလည္း အေနွာင့္အယွက္ခံခဲ့ရတဲ့သူေတြအတြက္ အမ်ားၾကီး အေထာက္အကူၿပဳပါတယ္။ အခ်က္တစ္ခ်က္ခ်င္းစီကို ေသခ်ာဖတ္ၾကည့္ေပးပါ။

(၁) ေဒါသထြက္ၿခင္း ၊ ၀မ္းနည္းၿခင္း ၊ ထံုထိုင္းၿခင္း ၊ ေၾကာက္ရြ႔ံၿခင္း  အစရွိတဲ့ သဘာ၀အတိုင္းၿဖစ္ေပၚေနတဲ့ စိတ္ခံစားမႈေတြကို တုန္လႈပ္ၿခင္းမရွိဘဲ လက္ခံလိုက္ႏိုိင္ဖို႔ လိုအပ္ပါတယ္။

(၂) သင္အပါအ၀င္ သင့္ပတ္၀န္းက်င္မွ လိင္ပိုင္းဆိုင္ရာ ေနွာင့္ယွက္ခံရသူကို လူသားခ်င္းစာနာေထာက္ထားၿပီး ၾကင္ၾကင္နာနာ ၿပဳမူဆက္ဆံဖို႔လိုအပ္ပါတယ္။

(၃) လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ခံရၿပီးေနာက္မွာ အေတြးေတြကို ေ၀ဖန္ပိုင္းၿခားႏိုင္ဖို႔ ကၽြမ္းက်င္ပညာရွင္တစ္ဦးတစ္ေယာက္ရဲ႔ အကူအညီလည္း လိုအပ္ပါတယ္။

(၄) အရင္ကထက္ ပိုမိုနားလည္လာႏိုင္ၿပီးေတာ့ ထိေရာက္တဲ့ အကူအညီေတြ ေပးႏိုင္ဖို႔ ကၽြမ္းက်င္ပညာရွင္ဆီကို တိုင္ပင္ေဖာ္တစ္ေယာက္နဲ႔အတူသြားဖို႔လည္း လိုအပ္ပါတယ္။

(၅) စိတ္ပုိင္းဆိုင္ရာ ထိခိုက္နာက်င္မႈေတြကို မွ်ေ၀ခံစားေပးႏိုင္မယ့္ မိသားစု၀င္ ဒါမွမဟုတ္ သူငယ္ခ်င္းရဲ႔ အေထာက္အပံ့ရဖို႔ လိုအပ္ပါတယ္။(ဘာလို႔လဲဆိုေတာ့ သင့္အေၾကာင္းကို သူတို႔က သိႏွင့္ခဲ့ၿပီးသားၿဖစ္ေနလို႔ပါပဲ။)

(၆) စိတ္ပိုင္းဆိုင္ရာ ထိခိုက္နာက်င္မႈေတြကို ခ်ိဳးႏွိမ္ဖိႏွိပ္ေနမယ့္အစား ကိုယ္ပိုင္အေတြးေတြကို လြတ္လြတ္လပ္လပ္ေတြးလိုက္ဖို႔လိုပါတယ္။(စိတ္ေက်နပ္စရာမေကာင္းတဲ့ အေတြးေတြကို ရပ္တန္႔လိုက္ၿခင္းဟာ သင့္ကို ပိုၿပီး ထိခိုက္နာက်င္ေစႏိုင္ပါတယ္။)

(၇) ရုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ ပံ့ပိုးေပးမယ့္ စာအုပ္မ်ိဳးေတြကို ရွာေဖြဖတ္ရႈဖို႔ လိုအပ္ပါတယ္။

(၈) ဆႏၵရွိတဲ့ အရာေတြ ခ်ေရးထားဖို႔လိုအပ္ပါတယ္။

(၉) စိတ္နဲ႔ခႏၵာကိုယ္ကို အဆက္အသြယ္ၿပတ္မသြားေစဖို႔ ဆႏၵေတြကို လ်စ္လ်ဴရႈမထားဖို႔ လိုအပ္ပါတယ္။

(၁၀) ဘယ္လိုအၿပဳအမူမ်ိဳးေတြက အဆင္ေၿပေစသလဲဆိုတာ သိထားဖို႔လိုအပ္ပါတယ္။

(၁၁) စိတ္ထိခိုက္နာက်င္မႈေတြကို ၿပန္လည္ေတြးေတာေနမယ့္အစား စိတ္ေက်နပ္မႈနဲ႔ ေပ်ာ္ရႊင္မႈကို ရွာေဖြဖို႔ လိုအပ္ပါတယ္။

(၁၂) မၾကိဳက္တာကို မလုပ္ရဖို႔ ယဥ္ယဥ္္ေက်းေက်းနဲ႔ အခိုင္အမာၿငင္းပယ္တတ္ေအာင္ အေလ့အက်င့္ရွိဖို႔ လိုအပ္ပါတယ္။(အဲဒီလို ၿငင္းပယ္လိုက္ၿခင္းဟာ မိမိကိုယ္မိမိ ယံုၾကည္မႈၿပန္လည္တည္ေဆာက္ၿခင္းလည္းၿဖစ္ပါတယ္။)

(၁၃) အမွန္တကယ္ေပ်ာ္ရႊင္ေစၿပီး ၿငိမ္းခ်မ္းေစႏိုင္မယ့္ ဘယ္အရာမဆို လုပ္ဖို႔လည္းလိုအပ္ပါတယ္။(ဥပမာအေနနဲ႔ စားခ်င္စဖြယ္ ဟင္းေတြခ်က္ၿပဳတ္တာ၊ လမ္းၾကာၾကာေလွ်ာက္တာ၊ သီခ်င္းနားေထာင္တာမ်ိဳးေတြပဲၿဖစ္ပါတယ္။)

(၁၄) စိတ္ပိုင္းဆိုင္ရာ လံုၿခံဳမႈရေစတဲ့ ဘယ္လိုအေတြ႔အၾကံဳမ်ိဳးကိုမဆို အသိအမွတ္ၿပဳ လက္ခံလိုက္ဖို႔လိုအပ္ပါတယ္။

(၁၅) လက္က်န္ဘ၀မွာ ဘယ္လို အခက္အခဲေတြပဲရင္ဆိုင္ေနရပါေစ ၊ ဒါေတြက ပ်က္စီးသြားေစႏိုင္မွာမဟုတ္ပါဘူး။ ၿပီးၿပည့္စံုၿခင္းဟာ ပန္းတိုင္တစ္ခုၿဖစ္တယ္လို႔ မခံယူထားဘဲ အဓိကကေတာ့ “လဲက်သြားေတာ့မွာမဟုတ္ဘူး” ဆိုတာကို အမွတ္ထင္ထင္ရွိေနဖို႔အတြက္ ဘ၀ရဲ႔ အလွတရားေတြ ၊ အံ့ၾသစရာေတြကို သတိတရ ၿပန္လည္ေၿပာၿပေပးဖို႔အတြက္ တစ္စုံတစ္ေယာက္လည္းလိုအပ္ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရပြီး နောက်ဆက်တွဲ အခြေအနေတွေမှာ ဆေးကုသမှုခံယူဖို့နဲ့ မှုခင်းဆေးပညာဆိုင်ရာ အကူအညီ တစ်ခုခု ရယူခြင်းအပြင် အောက်ပါအချက်အလက်တွေဟာလည်း အနှောင့်အယှက်ခံခဲ့ရတဲ့သူတွေအတွက် အများကြီး အထောက်အကူပြုပါတယ်။ အချက်တစ်ချက်ချင်းစီကို သေချာဖတ်ကြည့်ပေးပါ။

(၁) ဒေါသထွက်ခြင်း ၊ ဝမ်းနည်းခြင်း ၊ ထုံထိုင်းခြင်း ၊ ကြောက်ရွံ့ခြင်း  အစရှိတဲ့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုတွေကို တုန်လှုပ်ခြင်းမရှိဘဲ လက်ခံလိုက်နိုင်ဖို့ လိုအပ်ပါတယ်။

(၂) သင်အပါအဝင် သင့်ပတ်ဝန်းကျင်မှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရသူကို လူသားချင်းစာနာထောက်ထားပြီး ကြင်ကြင်နာနာ ပြုမူဆက်ဆံဖို့လိုအပ်ပါတယ်။

(၃) လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရပြီးနောက်မှာ အတွေးတွေကို ဝေဖန်ပိုင်းခြားနိုင်ဖို့ ကျွမ်းကျင်ပညာရှင်တစ်ဦးတစ်ယောက်ရဲ့ အကူအညီလည်း လိုအပ်ပါတယ်။

(၄) အရင်ကထက် ပိုမိုနားလည်လာနိုင်ပြီးတော့ ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ကျွမ်းကျင်ပညာရှင်ဆီကို တိုင်ပင်ဖော်တစ်ယောက်နဲ့အတူသွားဖို့လည်း လိုအပ်ပါတယ်။

(၅) စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို မျှဝေခံစားပေးနိုင်မယ့် မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းရဲ့ အထောက်အပံ့ရဖို့ လိုအပ်ပါတယ်။(ဘာလို့လဲဆိုတော့ သင့်အကြောင်းကို သူတို့က သိနှင့်ခဲ့ပြီးသားဖြစ်နေလို့ပါပဲ။)

(၆) စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို ချိုးနှိမ်ဖိနှိပ်နေမယ့်အစား ကိုယ်ပိုင်အတွေးတွေကို လွတ်လွတ်လပ်လပ်တွေးလိုက်ဖို့လိုပါတယ်။(စိတ်ကျေနပ်စရာမကောင်းတဲ့ အတွေးတွေကို ရပ်တန့်လိုက်ခြင်းဟာ သင့်ကို ပိုပြီး ထိခိုက်နာကျင်စေနိုင်ပါတယ်။)

(၇) ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပံ့ပိုးပေးမယ့် စာအုပ်မျိုးတွေကို ရှာဖွေဖတ်ရှုဖို့ လိုအပ်ပါတယ်။

(၈) ဆန္ဒရှိတဲ့ အရာတွေ ချရေးထားဖို့လိုအပ်ပါတယ်။

(၉) စိတ်နဲ့ခန္ဒာကိုယ်ကို အဆက်အသွယ်ပြတ်မသွားစေဖို့ ဆန္ဒတွေကို လျစ်လျူရှုမထားဖို့ လိုအပ်ပါတယ်။

(၁၀) ဘယ်လိုအပြုအမူမျိုးတွေက အဆင်ပြေစေသလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

(၁၁) စိတ်ထိခိုက်နာကျင်မှုတွေကို ပြန်လည်တွေးတောနေမယ့်အစား စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုကို ရှာဖွေဖို့ လိုအပ်ပါတယ်။

(၁၂) မကြိုက်တာကို မလုပ်ရဖို့ ယဉ်ယဉ်ကျေးကျေးနဲ့ အခိုင်အမာငြင်းပယ်တတ်အောင် အလေ့အကျင့်ရှိဖို့ လိုအပ်ပါတယ်။(အဲဒီလို ငြင်းပယ်လိုက်ခြင်းဟာ မိမိကိုယ်မိမိ ယုံကြည်မှုပြန်လည်တည်ဆောက်ခြင်းလည်းဖြစ်ပါတယ်။)

(၁၃) အမှန်တကယ်ပျော်ရွှင်စေပြီး ငြိမ်းချမ်းစေနိုင်မယ့် ဘယ်အရာမဆို လုပ်ဖို့လည်းလိုအပ်ပါတယ်။(ဥပမာအနေနဲ့ စားချင်စဖွယ် ဟင်းတွေချက်ပြုတ်တာ၊ လမ်းကြာကြာလျှောက်တာ၊ သီချင်းနားထောင်တာမျိုးတွေပဲဖြစ်ပါတယ်။)

(၁၄) စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေတဲ့ ဘယ်လိုအတွေ့အကြုံမျိုးကိုမဆို အသိအမှတ်ပြု လက်ခံလိုက်ဖို့လိုအပ်ပါတယ်။

(၁၅) လက်ကျန်ဘဝမှာ ဘယ်လို အခက်အခဲတွေပဲရင်ဆိုင်နေရပါစေ ၊ ဒါတွေက ပျက်စီးသွားစေနိုင်မှာမဟုတ်ပါဘူး။ ပြီးပြည့်စုံခြင်းဟာ ပန်းတိုင်တစ်ခုဖြစ်တယ်လို့ မခံယူထားဘဲ အဓိကကတော့ “လဲကျသွားတော့မှာမဟုတ်ဘူး” ဆိုတာကို အမှတ်ထင်ထင်ရှိနေဖို့အတွက် ဘဝရဲ့ အလှတရားတွေ ၊ အံ့သြစရာတွေကို သတိတရ ပြန်လည်ပြောပြပေးဖို့အတွက် တစ်စုံတစ်ယောက်လည်းလိုအပ်ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top