Kantharyar Centre
×


ဗီတာမင္ဒီခ်ိဳ႕တဲ့ျခင္းေၾကာင့္ က်န္းမာေရးထိခိုက္မႈအမ်ား အျပားျဖစ္ႏုိင္သည္ကို ေကာင္းစြာ သိထားၿပီးျဖစ္ေသာ္လည္း ဗီတာ မင္ဒီခ်ဳိ႕တဲ့မႈေၾကာင့္ သည္းေျခအိတ္ကင္ဆာျဖစ္ပြားႏုိင္ေၾကာင္းၿဗိတိန္သုေတသီမ်ား၏ ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။


ေနေရာင္ျခည္ႏွင့္ ထိေတြ႕မႈနည္းသူမ်ား၊ အထူးသျဖင့္ ဗီတာမင္ဒီခ်ဳိ႕တဲ့ႏုိင္ၿပီး သၾကားပါေသာ ေဖ်ာ္ရည္မ်ားေသာက္သံုးမႈလြန္ကဲ မႈမ်ားေၾကာင့္လည္း ဗီတာမင္ဒီပမာဏကို ထိခိုက္ေစႏုိင္သည္။

ေလ့လာမႈ ခုနစ္ခုျပဳလုပ္ခဲ့ရာ ငါးခု၌ ဗီတာမင္ဒီပမာဏနည္းပါး ပါက သည္းေျခအိတ္ကင္ဆာျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ျမင့္မား ေၾကာင္း ေလ့လာေတြ႕ရိွခဲ့သည္။

ဗီတာမင္ဓာတ္ကုိ အစားအစာမွရရိွႏိုင္ၿပီး ငါးႀကီးဆီ၊ အဆီမ်ားေသာ ငါးမ်ား၊ ႏို႔ထြက္ပစၥည္းမ်ား၊ မိႈ၊ အသည္း၊ ၾကက္ဥ စသည့္ အစားအစာမ်ားမွလည္း ရရိွႏုိင္သည္။

ဗီတာမင္ဒီက ကယ္လ္ဆီယမ္ႏွင့္ ေဖာ့စဖရိတ္ဓာတ္ပမာဏကုိ က်န္းမာေရးအေနအထားမ်ိဳးရိွေအာင္ ခႏၶာကုိယ္က ထိန္းထားရန္ ကူညီေပးသည္။

ယင္းဗီတာမင္ဓာတ္ေလ်ာ့နည္းပါက စဥ္းစားေတြးေတာမႈဆုိင္ ရာ ဉာဏ္ရည္ထိခိုက္ျခင္း၊ ႏွလံုးေသြေၾကာဆုိင္ရာေရာဂါမ်ားႏွင့္ ကုိယ္္ခံအားစနစ္ထိခိုက္ျခင္းတု႔ိကဲ့သို႔ က်န္းမာေရးျပႆနာအမ်ား အျပားႏွင့္ ႀကံဳေတြ႕ႏုိင္သည္။

ထို႔ေၾကာင့္ ဗီတာမင္ဓာတ္ကုိ ေနေရာင္ျခည္မွ ရရိွေအာင္ လုပ္ေဆာင္ျခင္းအျပင္ ဗီတာမင္ဒီႂကြယ္၀စြာပါ၀င္သည့္ အစားအ စာမ်ားလည္း စားေပးသင့္သည္ဟု သုေတသီမ်ားက ေျပာသည္။

အေမရိကန္ႏုိင္ငံတြင္ ကင္ဆာေရာဂါျဖင့္ ေသဆံုးသူ  ၂ ဒသမ၈ ရာခိုင္ႏႈန္းမွာ သည္းေျခအိတ္ကင္ဆာေၾကာင့္ျဖစ္ေၾကာင္း ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးဌာန CDC ၏ စာရင္းမ်ားအရ သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဗီတာမင်ဒီချို့တဲ့ခြင်းကြောင့် ကျန်းမာရေးထိခိုက်မှုအများ အပြားဖြစ်နိုင်သည်ကို ကောင်းစွာ သိထားပြီးဖြစ်သော်လည်း ဗီတာ မင်ဒီချို့တဲ့မှုကြောင့် သည်းခြေအိတ်ကင်ဆာဖြစ်ပွားနိုင်ကြောင်းဗြိတိန်သုတေသီများ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။


နေရောင်ခြည်နှင့် ထိတွေ့မှုနည်းသူများ၊ အထူးသဖြင့် ဗီတာမင်ဒီချို့တဲ့နိုင်ပြီး သကြားပါသော ဖျော်ရည်များသောက်သုံးမှုလွန်ကဲ မှုများကြောင့်လည်း ဗီတာမင်ဒီပမာဏကို ထိခိုက်စေနိုင်သည်။

လေ့လာမှု ခုနစ်ခုပြုလုပ်ခဲ့ရာ ငါးခု၌ ဗီတာမင်ဒီပမာဏနည်းပါး ပါက သည်းခြေအိတ်ကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မား ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ဗီတာမင်ဓာတ်ကို အစားအစာမှရရှိနိုင်ပြီး ငါးကြီးဆီ၊ အဆီများသော ငါးများ၊ နို့ထွက်ပစ္စည်းများ၊ မှို၊ အသည်း၊ ကြက်ဥ စသည့် အစားအစာများမှလည်း ရရှိနိုင်သည်။

ဗီတာမင်ဒီက ကယ်လ်ဆီယမ်နှင့် ဖော့စဖရိတ်ဓာတ်ပမာဏကို ကျန်းမာရေးအနေအထားမျိုးရှိအောင် ခန္ဓာကိုယ်က ထိန်းထားရန် ကူညီပေးသည်။

ယင်းဗီတာမင်ဓာတ်လျော့နည်းပါက စဉ်းစားတွေးတောမှုဆိုင် ရာ ဉာဏ်ရည်ထိခိုက်ခြင်း၊ နှလုံးသွေကြောဆိုင်ရာရောဂါများနှင့် ကိုယ်ခံအားစနစ်ထိခိုက်ခြင်းတု့ိကဲ့သို့ ကျန်းမာရေးပြဿနာအများ အပြားနှင့် ကြုံတွေ့နိုင်သည်။

ထို့ကြောင့် ဗီတာမင်ဓာတ်ကို နေရောင်ခြည်မှ ရရှိအောင် လုပ်ဆောင်ခြင်းအပြင် ဗီတာမင်ဒီကြွယ်ဝစွာပါဝင်သည့် အစားအ စာများလည်း စားပေးသင့်သည်ဟု သုတေသီများက ပြောသည်။

အမေရိကန်နိုင်ငံတွင် ကင်ဆာရောဂါဖြင့် သေဆုံးသူ  ၂ ဒသမ၈ ရာခိုင်နှုန်းမှာ သည်းခြေအိတ်ကင်ဆာကြောင့်ဖြစ်ကြောင်း ရောဂါ ထိန်းချုပ်ကာကွယ်ရေးဌာန CDC ၏ စာရင်းများအရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top