Property Expo
×

မုန္တုိင္းငယ္အရွိန္ ေၾကာင့္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ အမ်ားစုတြင္ မိုးသည္းထန္စြာ ရြာ သြန္းခဲ့၍ ရင့္မွည့္ေနၿပီျဖစ္ေသာ စပါးမ်ားႏွင့္ ရိတ္သိမ္းၿပီးေသာ တလင္းထဲမွ စပါးအခ်ိဳ႕ ပ်က္စီး ခဲ့ေၾကာင္း စပါးစိုက္ေတာင္သူမ်ား ထံမွ သတင္းရရွိသည္။

ဘဂၤလားပင္လယ္ေအာ္အ တြင္း မုန္တုိင္းငယ္အရွိန္ေၾကာင့္ ရခိုင္ျပည္နယ္တြင္ ႏိုဝင္ဘာ ၅ ရက္ႏွင့္ ၆ ရက္က မိုးသည္းထန္ စြာ ရြာသြန္းၿပီး မုန္တုိင္းကင္းစင္ သည့္ ႏိုဝင္ဘာ ၇ ရက္က စတင္ ကာ ရာသီဥတုသာယာေနသည္။

‘‘စပါးခင္းေတြမွာ စပါးေတြ အကုန္လံုး ရိတ္သိမ္းခ်ိန္ျဖစ္ေနပါ ၿပီ။ တခ်ိဳ႕ေတာင္သူေတြက စပါး ရိတ္ၿပီးေတာ့ တလင္းထဲမွာ စုပံုတဲ့အခ်ိန္ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ မိုးႀကီးလိုက္ေတာ့ တလင္းထဲက စပါးေတြ အကုန္နီးပါး ပ်က္ပါ တယ္။ လယ္ကြင္းေတြမွာ ရင့္မွည့္ေနတဲ့ စပါးတခ်ိဳ႕လည္း ပ်က္ၾက ပါတယ္’’ဟု ေမာင္ေတာၿမိဳ႕နယ္မွ စပါးစိုက္ေတာင္သူ ဦးေအးထြန္း လိႈင္က ေျပာသည္။  မုိးရြာသြန္းမႈ ေၾကာင့္ ရင့္မွည့္ေနေသာ စပါးခင္းမ်ား အထိအခိုက္ရွိခဲ့ေသာ္လည္း ေနဆက္တိုက္ပူမည္ဆိုပါက ပ်က္စီးဆံုး႐ႈံးမႈ ေလ်ာ့နည္းႏုိင္ေသး ေၾကာင္း ေမာင္ေတာၿမိဳ႕နယ္စိုက္ ပ်ိဳးေရးဦးစီးဌာန တာဝန္ရွိသူတစ္ ဦးက ေျပာသည္။

လယ္ယာစိုက္ပ်ိဳးေရးလုပ္ ငန္းသည္ ရခုိင္ျပည္နယ္၏အဓိက စီးပြားေရးလုပ္ငန္းျဖစ္၍ လယ္ယာလုပ္ငန္းမ်ား ထိခိုက္နစ္နာမႈ ရွိလွ်င္ ေတာင္သူမ်ားအတြက္ သာမက ျပည္နယ္အတြင္း စီးပြား ေရးကို ထိခိုက္မႈရွိေၾကာင္း ေတာင္သူအမ်ားစုက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မုန်တိုင်းငယ်အရှိန် ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် အများစုတွင် မိုးသည်းထန်စွာ ရွာ သွန်းခဲ့၍ ရင့်မှည့်နေပြီဖြစ်သော စပါးများနှင့် ရိတ်သိမ်းပြီးသော တလင်းထဲမှ စပါးအချို့ ပျက်စီး ခဲ့ကြောင်း စပါးစိုက်တောင်သူများ ထံမှ သတင်းရရှိသည်။

ဘင်္ဂလားပင်လယ်အော်အ တွင်း မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်က မိုးသည်းထန် စွာ ရွာသွန်းပြီး မုန်တိုင်းကင်းစင် သည့် နိုဝင်ဘာ ၇ ရက်က စတင် ကာ ရာသီဥတုသာယာနေသည်။

‘‘စပါးခင်းတွေမှာ စပါးတွေ အကုန်လုံး ရိတ်သိမ်းချိန်ဖြစ်နေပါ ပြီ။ တချို့တောင်သူတွေက စပါး ရိတ်ပြီးတော့ တလင်းထဲမှာ စုပုံတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ မိုးကြီးလိုက်တော့ တလင်းထဲက စပါးတွေ အကုန်နီးပါး ပျက်ပါ တယ်။ လယ်ကွင်းတွေမှာ ရင့်မှည့်နေတဲ့ စပါးတချို့လည်း ပျက်ကြ ပါတယ်’’ဟု မောင်တောမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးထွန်း လှိုင်က ပြောသည်။  မိုးရွာသွန်းမှု ကြောင့် ရင့်မှည့်နေသော စပါးခင်းများ အထိအခိုက်ရှိခဲ့သော်လည်း နေဆက်တိုက်ပူမည်ဆိုပါက ပျက်စီးဆုံးရှုံးမှု လျော့နည်းနိုင်သေး ကြောင်း မောင်တောမြို့နယ်စိုက် ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ် ဦးက ပြောသည်။

လယ်ယာစိုက်ပျိုးရေးလုပ် ငန်းသည် ရခိုင်ပြည်နယ်၏အဓိက စီးပွားရေးလုပ်ငန်းဖြစ်၍ လယ်ယာလုပ်ငန်းများ ထိခိုက်နစ်နာမှု ရှိလျှင် တောင်သူများအတွက် သာမက ပြည်နယ်အတွင်း စီးပွား ရေးကို ထိခိုက်မှုရှိကြောင်း တောင်သူအများစုက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top