Kantharyar Centre
×

အိမ္ရွင္မ မ်ား အတြက္ထမင္းခ်က္ရာတြင္ အရသာသာမက က်န္းမာေရးအတြက္ အာဟာရဓာတ္တြပါမဆံုးရႈံးေစမည့္ အလြယ္တစ္ကူတစ္ခါတည္းၿပီးျပည့္စံုေစမယ့္ နည္းေလးမ်ားကို စုစည္း တင္ျပေပးလိုက္ရပါတယ္။

၁။ရွာလကာရည္

ထမင္းခ်က္ရာတြင္ရွာလကာရည္တစ္စက္၊ႏွစ္စက္ထည့္ေပးရံုျဖင့္ထမင္းရဲ႕အန႔ံအရသာကိုပိုၿပီးထင္ေပၚေမႊးပ်ံ
႕ေစႏိုင္မယ့္အျပင္ရာသီဥတုအလြန္ပူျပင္းၿပီးထမင္းသိုးျခင္းကိုကာကြယ္ေပးႏိုင္ပါတယ္။
(ရွာလကာရည္နံ႔လံုး၀မထြက္ပါ)

၂။ဘီယာ

ဆန္ေဟာင္းမ်ားအထားၾကာသြားၿပီးခ်က္ျပဳတ္ရာမွာအန႔ံအရသာက ဆန္သစ္ေလာက္ မေကာင္းတဲ့အခ်ိန္မွာစိတ္မပူပါနဲ႔ဆန္အေဟာင္းကိုခ်က္ခ်ိန္မွာဘီယာအနည္းငယ္သာ ထည့္လိုက္ပါေပၚဆန္းေမႊးပမာေမႊးပ်ံ႕တဲ့ထမင္းကိုရရွိေစမွာျဖစ္ပါတယ္။

၃။ေျမပဲဆီ

ထမင္းခ်က္ရာမွာဆားအနည္းငယ္နဲ႕ေျမပဲဆီအနည္းငယ္ထည့္ေပးပါကာေရာၿပီးေမႊေပးပါကဆန္ဖြာျခင္း
မရွိပဲခံတြင္းကိုေတြ႔ေစမွာျဖစ္ပါတယ္။

၄။ဆား

လက္က်န္ထမင္္းကိုျပန္ေႏြးရာတြင္ဆားအနည္းငယ္ထည့္ေပးျခင္းအားျဖင့္အနံ႔ဆိုးမ်ားကိုေပ်ာက္ေစသည့္
အျပင္ခံတြင္းတြင္လည္းႏူးညံ႔ေနေစမွာေသခ်ာပါတယ္။

၆။ဆန္အရက္၊အရက္ျဖဴ

ထမင္းေၾကာ္ရာတြင္ ထမင္းတြင္အရက္သံုး၊ေလးစက္အနည္းငယ္ ထည့္ကာေၾကာ္ေပးပါက နတ္သဒၶါပမာထမင္းအရသာကိုရေစႏိုင္ပါတယ္။ အကယ္၍ထမင္းက်က္တ၀က္မက်က္တဝက္ျဖစ္ေနတဲ့အေျခအေနမ်ိဳးနဲ႔ၾကံဳပါကဇြန္း၂ဇြန္းစာဆန္အရက္ကို
ထည့္ၿပီးေႏြးေပးျခင္းနဲ႔ထမင္းကိုလံုး၀က်က္ေစႏိုင္ပါတယ္။

၇။ေရက်က္ေအး

ထမင္းခ်က္ခ်ိန္မွာေရက်က္ေအးနဲ႔ခ်က္ပါကဆန္မွာပါ၀င္တဲ့ဗီတာမင္ B1 ဓာတ္ကို အျပည့္အ၀ရရွိေစမွာျဖစ္ပါတယ္။

၈။ၾကက္သြန္ၿမိတ္
ထမင္းတူးသြားပါကထမင္းၾကားမွာၾကက္သြန္ၿမိတ္တစ္ပင္ကိုထည့္ၿပီးခဏအဖံုးအုပ္ထားေပးပါကတူးန႔ံမ်ားကို
ယူပစ္လိုက္သလိုေျပာက္ကင္းသြားမွာျဖစ္ပါတယ္။

၉။လက္ဖက္

ေရေႏြးၾကမ္းကိုထမင္းခ်က္ရာမွာထည့္ၿပီးသာမာန္အတိုင္းထမင္းခ်က္ပါကရရွိလာတဲ့ထမင္းကအနံ႔အရသာ
ကိုျပည့္စံုရံုသာမကအာဟာရလည္းအလြန္ျဖစ္ေစပါတယ္။

၁၀။သံလြင္ဆီ

ထမင္းခ်က္ရာတြင္သံလြင္ဆီအနည္းငယ္ထည့္ေပးပါကဆန္ထဲရွိသၾကားဓာတ္တိုးျမႇင့္မႈကို ထိန္းခ်ဳပ္ႏိုင္တဲ့အျပင္အစာအိမ္ကိုလည္းဥပဒ္မျဖစ္ေစႏိုင္ပါဘူး။ဆီးခ်ိဳသမားမ်ားအတြက္လည္း
သင့္ေလွ်ာ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Search Myanmar

#Unicode Version
အိမ်ရှင်မ များ အတွက်ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအတွက် အာဟာရဓာ်တွေပါမဆုံးရှုံးစေမည့် အလွယ်တစ်ကူတစ်ခါတည်းပြီးပြည့်စုံစေမယ့် နည်းလေးများကို စုစည်း တင်ပြပေးလိုက်ရပါတယ်။

၁။ရှာလကာရည်

ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်၊နှစ်စက်ထည့်ပေးရုံဖြင့်ထမင်းရဲ့အနံ့အရသာကိုပိုပြီးထင်ပေါ်မွှေးပျံ့စေနိုင်မယ့်အပြင်ရာသီဥတုအလွန်ပူပြင်းပြီးထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။(ရှာလကာရည်နံ့လုံးဝမထွက်ပါ)

၂။ဘီယာ

ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာက ဆန်သစ်လောက် မကောင်းတဲ့အချိန်မှာစိတ်မပူပါနဲ့ဆန်အဟောင်းကိုချက်ချိန်မှာဘီယာအနည်းငယ်သာ ထည့်လိုက်ပါပေါ်ဆန်းမွှေးပမာမွှေးပျံ့တဲ့ထမင်းကိုရရှိစေမှာဖြစ်ပါတယ်။

၃။မြေပဲဆီ

ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပေးပါကာရောပြီးမွှေပေးပါကဆန်ဖွာခြင်းမရှိပဲခံတွင်းကိုတွေ့စေမှာဖြစ်ပါတယ်။

၄။ဆား

လက်ကျန်ထမင်းကိုပြန်နွေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းအားဖြင့်အနံ့ဆိုးများကိုပျောက်စေသည့်အပြင်ခံတွင်းတွင်လည်းနူးညံ့နေစေမှာသေချာပါတယ်။

၆။ဆန်အရက်၊အရက်ဖြူ
ထမင်းကြော်ရာတွင် ထမင်းတွင်အရက်သုံး၊လေးစက်အနည်းငယ် ထည့်ကာကြော်ပေးပါက နတ်သဒ္ဓါပမာထမင်းအရသာကိုရစေနိုင်ပါတယ်။ အကယ်၍ထမင်းကျက်တဝက်မကျက်တဝက်ဖြစ်နေတဲ့အခြေအနေမျိုးနဲ့ကြုံပါကဇွန်း၂ဇွန်းစာဆန်အရက်ကိုထည့်ပြီးနွေးပေးခြင်းနဲ့ထမင်းကိုလုံးဝကျက်စေနိုင်ပါတယ်။

၇။ရေကျက်အေး

ထမင်းချက်ချိန်မှာရေကျက်အေးနဲ့ချက်ပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။

၈။ကြက်သွန်မြိတ်
ထမင်းတူးသွားပါကထမင်းကြားမှာကြက်သွန်မြိတ်တစ်ပင်ကိုထည့်ပြီးခဏအဖုံးအုပ်ထားပေးပါကတူးနံ့များကိုယူပစ်လိုက်သလိုပြောက်ကင်းသွားမှာဖြစ်ပါတယ်။

၉။လက်ဖက်

ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းချက်ပါကရရှိလာတဲ့ထမင်းကအနံ့အရသာကိုပြည့်စုံရုံသာမကအာဟာရလည်းအလွန်ဖြစ်စေပါတယ်။

၁၀။သံလွင်ဆီ

ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို ထိန်းချုပ်နိုင်တဲ့အပြင်အစာအိမ်ကိုလည်းဥပဒ်မဖြစ်စေနိုင်ပါဘူး။ဆီးချိုသမားများအတွက်လည်းသင့်လျှော်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Search Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top