Property Expo
×

ေဒၚေအာင္ဆန္းစုၾကည္ ဒီဇိုင္းဆေပးၿပီး စက္မႈ၀န္ႀကီးဌာနက ထုတ္လုပ္ထားေသာ ဆက္တီခုံမ်ားကို ေတြ႕ရစဥ္ (ဓာတ္ပံု − ပိုင္စိုးသူ)


 ႏိုင္ငံေတာ္၏အ တုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ ဒီဇိုင္းဆြဲေပးထားေသာ မွန္ဆက္တီစားပြဲပံုစံ သံုးမ်ိဳးကို စက္မႈဝန္ႀကီးဌာနက ေရာင္းခ်ေပး မည္ျဖစ္ေၾကာင္း  သတင္းရရွိ သည္။

‘‘သူ  (ေဒၚေအာင္ဆန္းစု ၾကည္)  ကိုယ္တိုင္ စားပြဲရဲ႕ အ က်ယ္တို႔၊ အျမင့္တို႔၊ ေထာက္ရ မယ့္ ေနရာတို႔ကို သူကုိယ္တုိင္ေပး တာေပါ့ေနာ္။ ကြၽန္မတို႔ရဲ႕ႏိုင္ငံ ေတာ္အတုိင္ပင္ခံကလည္း ဒီဇိုင္း အျမင္ရွိတယ္။ ရွိတဲ့အခါက်ေတာ့ ေက်ာက္ဆည္မွာ မွန္စက္႐ံုရွိ တယ္။ မွန္ကို ထုတ္ကုန္အသစ္ အေနနဲ႔ ကြၽန္မတို႔ကိုဒီဇိုင္းျပထား တာ’’ဟု ႏုိဝင္ဘာ ၂ ရက္က စက္ မႈဝန္ႀကီးဌာနတြင္ ျပဳလုပ္ေသာ SME Development သင္တန္း ဖြင့္ပြဲ၌ စက္မႈႀကီးၾကပ္ေရးႏွင့္ စိစစ္ေရးဌာန ၫႊန္ၾကားေရးမွဴး ခ်ဳပ္ ေဒၚေအးေအးဝင္းက ေျပာ သည္။

‘‘အမ်ိဳးအစားက ေလာေလာ ဆယ္ သံုးမ်ိဳးလုပ္ဖို႔ေပါ့။ ႏွစ္မ်ိဳးက ၿပီးသြားၿပီ။ တစ္မ်ိဳးက ဒီဇိုင္းလုပ္ ေနတုန္းေပါ့။ သံုးဆင့္ပံုစံေလးပဲ။ အဲဒါေလးကေတာ့ ကြၽန္ေတာ္တုိ႔ စက္႐ံုမွာ ဒီဇိုင္းဆြဲေနတုန္း မၿပီး ေသးလို႔။ အေခ်ာသပ္ၿပီးသြားရင္ ေတာ့ ဒါေလးကို စမ္းၿပီးလုပ္မယ္။ ေလာေလာဆယ္မွာေတာ့ ပံုဆြဲေန တာရယ္၊ မွန္အတြက္ကို အတုိင္း အတာေတြ ျပန္ခ်ေနတာေတြရယ္  လုပ္ေနပါတယ္’’ဟု စက္မႈဝန္ႀကီး ဌာန နည္းပညာဖြံ႕ၿဖိဳးေရးဦးစီးဌာ န ဒုတိယအေထြေထြမန္ေနဂ်ာ ဦးေဇာ္လင္းထြန္းက ေျပာသည္။

‘‘စၿပီးေတာ့ နမူနာအေနနဲ႔ ေတာ့ ေရာင္းေနၿပီ။ ေနာက္ပိုင္း ေတာ့ တြင္တြင္က်ယ္က်ယ္ ေရာင္းမွာပါ’’ဟု ေဒၚေအးေအး ဝင္းက ဆိုသည္။ ထို႔အျပင္ ႏုိင္ငံ အတြင္း ဆက္လက္ဖြင့္လွစ္မည့္ စက္မႈအေရာင္းဆိုင္မ်ားတြင္ လည္း ဆက္လက္ေရာင္းခ်ေပး မည္ျဖစ္ေၾကာင္း ၎က ေျပာ သည္။

အဆိုပါဆက္တီမွန္စားပြဲ မ်ားကို စက္မႈဝန္ႀကီးဌာန အမွတ္(၃၆) အႀကီးစားစက္႐ံု၊ ေက်ာက္ ဆည္မွန္စက္႐ံုႏွင့္ အမွတ္(၂)အႀကီးစားစက္မႈလုပ္ငန္းတို႔တြင္ လုပ္ကိုင္ေဆာင္ရြက္ေနျခင္းျဖစ္ ေၾကာင္း စက္မႈဝန္ႀကီးဌာနမွ သိရ သည္။

လက္ရွိ ၿပီးစီးေသာ ဆက္တီ စားပြဲႏွစ္မ်ိဳးမွာ ယြန္းပန္းခ်ီဆြဲထားေသာ ႏွစ္ဆင့္စားပြဲႏွင့္ ပန္းထြင္း ထားေသာ သံုးဆင့္ကြၽန္းေပါင္း သားစားပြဲအမ်ိဳးအစားႏွစ္မ်ိဳးကို နမူနာအျဖစ္ စတင္ျပသေနၿပီျဖစ္ ေၾကာင္း ဦးေဇာ္လင္းထြန္းက ဆိုသည္။

‘‘ယြန္းပစၥည္းႏွစ္ဆင့္ဆိုရင္ တစ္သိန္းႏွစ္ေသာင္းေလာက္ရွိ မယ္။ ယြန္းသံုးဆင့္ဆိုရင္ တစ္ သိန္းငါးေသာင္းေလာက္က်သြား မယ္။ ကြၽန္းေပါင္းသားအလံုးကို ပန္းထုိးထားတာ သံုးဆင့္ဆိုရင္ တစ္သိန္းေျခာက္ေသာင္း ေလာက္ က်သြားမယ္’’ဟု ၎ကေျပာၾကား သည္။

စက္မႈဝန္ႀကီးဌာန အမွတ္ (၃၆)အႀကီးစားစက္႐ံုေက်ာက္ ဆည္မွန္စက္႐ံုမွ ထုတ္လုပ္ေသာ မွန္အမ်ိဳးအစားမွာ Tempered Glass အမ်ိဳးအစားျဖစ္ၿပီး မွန္တစ္ ခ်ပ္လွ်င္ က်ပ္ တစ္ေသာင္းႏွစ္ေထာင္ခန္႔ တန္ဖိုးရွိသည္ဟုဆို သည္။

‘‘မွန္ကလည္း ႐ိုး႐ိုးမွန္ မဟုတ္ပါဘူး။ အားျဖည့္မွန္ပါ။ ျပဳတ္က်လည္း မကြဲပါဘူး’’ဟု ဦး ေဇာ္လင္းထြန္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ဒေါ်အောင်ဆန်းစုကြည် ဒီဇိုင်းဆပေးပြီး စက်မှုဝန်ကြီးဌာနက ထုတ်လုပ်ထားသော ဆက်တီခုံများကို တွေ့ရစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)

 နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဒီဇိုင်းဆွဲပေးထားသော မှန်ဆက်တီစားပွဲပုံစံ သုံးမျိုးကို စက်မှုဝန်ကြီးဌာနက ရောင်းချပေး မည်ဖြစ်ကြောင်း  သတင်းရရှိ သည်။

‘‘သူ  (ဒေါ်အောင်ဆန်းစု ကြည်)  ကိုယ်တိုင် စားပွဲရဲ့ အ ကျယ်တို့၊ အမြင့်တို့၊ ထောက်ရ မယ့် နေရာတို့ကို သူကိုယ်တိုင်ပေး တာပေါ့နော်။ ကျွန်မတို့ရဲ့နိုင်ငံ တော်အတိုင်ပင်ခံကလည်း ဒီဇိုင်း အမြင်ရှိတယ်။ ရှိတဲ့အခါကျတော့ ကျောက်ဆည်မှာ မှန်စက်ရုံရှိ တယ်။ မှန်ကို ထုတ်ကုန်အသစ် အနေနဲ့ ကျွန်မတို့ကိုဒီဇိုင်းပြထား တာ’’ဟု နိုဝင်ဘာ ၂ ရက်က စက် မှုဝန်ကြီးဌာနတွင် ပြုလုပ်သော SME Development သင်တန်း ဖွင့်ပွဲ၌ စက်မှုကြီးကြပ်ရေးနှင့် စိစစ်ရေးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးဝင်းက ပြော သည်။

‘‘အမျိုးအစားက လောလော ဆယ် သုံးမျိုးလုပ်ဖို့ပေါ့။ နှစ်မျိုးက ပြီးသွားပြီ။ တစ်မျိုးက ဒီဇိုင်းလုပ် နေတုန်းပေါ့။ သုံးဆင့်ပုံစံလေးပဲ။ အဲဒါလေးကတော့ ကျွန်တော်တို့ စက်ရုံမှာ ဒီဇိုင်းဆွဲနေတုန်း မပြီး သေးလို့။ အချောသပ်ပြီးသွားရင် တော့ ဒါလေးကို စမ်းပြီးလုပ်မယ်။ လောလောဆယ်မှာတော့ ပုံဆွဲနေ တာရယ်၊ မှန်အတွက်ကို အတိုင်း အတာတွေ ပြန်ချနေတာတွေရယ်  လုပ်နေပါတယ်’’ဟု စက်မှုဝန်ကြီး ဌာန နည်းပညာဖွံ့ဖြိုးရေးဦးစီးဌာ န ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်လင်းထွန်းက ပြောသည်။

‘‘စပြီးတော့ နမူနာအနေနဲ့ တော့ ရောင်းနေပြီ။ နောက်ပိုင်း တော့ တွင်တွင်ကျယ်ကျယ် ရောင်းမှာပါ’’ဟု ဒေါ်အေးအေး ဝင်းက ဆိုသည်။ ထို့အပြင် နိုင်ငံ အတွင်း ဆက်လက်ဖွင့်လှစ်မည့် စက်မှုအရောင်းဆိုင်များတွင် လည်း ဆက်လက်ရောင်းချပေး မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

အဆိုပါဆက်တီမှန်စားပွဲ များကို စက်မှုဝန်ကြီးဌာန အမှတ်(၃၆) အကြီးစားစက်ရုံ၊ ကျောက် ဆည်မှန်စက်ရုံနှင့် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းတို့တွင် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ် ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရ သည်။

လက်ရှိ ပြီးစီးသော ဆက်တီ စားပွဲနှစ်မျိုးမှာ ယွန်းပန်းချီဆွဲထားသော နှစ်ဆင့်စားပွဲနှင့် ပန်းထွင်း ထားသော သုံးဆင့်ကျွန်းပေါင်း သားစားပွဲအမျိုးအစားနှစ်မျိုးကို နမူနာအဖြစ် စတင်ပြသနေပြီဖြစ် ကြောင်း ဦးဇော်လင်းထွန်းက ဆိုသည်။

‘‘ယွန်းပစ္စည်းနှစ်ဆင့်ဆိုရင် တစ်သိန်းနှစ်သောင်းလောက်ရှိ မယ်။ ယွန်းသုံးဆင့်ဆိုရင် တစ် သိန်းငါးသောင်းလောက်ကျသွား မယ်။ ကျွန်းပေါင်းသားအလုံးကို ပန်းထိုးထားတာ သုံးဆင့်ဆိုရင် တစ်သိန်းခြောက်သောင်း လောက် ကျသွားမယ်’’ဟု ၎င်းကပြောကြား သည်။

စက်မှုဝန်ကြီးဌာန အမှတ် (၃၆)အကြီးစားစက်ရုံကျောက် ဆည်မှန်စက်ရုံမှ ထုတ်လုပ်သော မှန်အမျိုးအစားမှာ Tempered Glass အမျိုးအစားဖြစ်ပြီး မှန်တစ် ချပ်လျှင် ကျပ် တစ်သောင်းနှစ်ထောင်ခန့် တန်ဖိုးရှိသည်ဟုဆို သည်။

‘‘မှန်ကလည်း ရိုးရိုးမှန်မ ဟုတ်ပါဘူး။ အားဖြည့်မှန်ပါ။ ပြုတ်ကျလည်း မကွဲပါဘူး’’ဟု ဦး ဇော်လင်းထွန်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top