Property Expo
×

အိႏၵိယႏုိင္ငံမွာ လည္ပတ္သုံးစြဲေနတဲ့ တန္ဖုိးအျမင့္ဆုံး ေငြစကၠဴႏွစ္မ်ဳိးျဖစ္တဲ့ ႐ူပီး ၅၀၀ နဲ႕ ၁,၀၀၀ တန္တုိ႕ကုိ ႐ုပ္သိမ္းပယ္ဖ်က္သြားမယ္လုိ႕ ဝန္ႀကီးခ်ဳပ္မုိဒီက ယမန္ေန႕ (ႏုိဝင္ဘာ ၈ ရက္) ညပုိင္းမွာ ထုတ္ျပန္ေၾကညာလုိက္ပါတယ္။

႐ူပီး ၅၀၀ (ျမန္မာေငြ ၉,၆၀၀ ဝန္းက်င္) နဲ႕ ၁,၀၀၀ (ျမန္မာေငြ ၁၉,၂၀၀ ဝန္းက်င္) တန္ေတြဟာ ႏုိဝင္ဘာ ၈ ရက္ သန္းေခါင္ယံမွ စတင္ၿပီး ေငြေၾကးတန္ဖုိး႐ွိေတာ့မွာ မဟုတ္ဘဲ ေငြစကၠဴအျဖစ္ သုံးစြဲႏုိင္ေတာ့မွာ မဟုတ္ေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္က ႐ုပ္ျမင္သံၾကားမွ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ေငြစကၠဴမ်ား ႐ုပ္သိမ္းပယ္ဖ်က္မႈဟာ အက်င့္ပ်က္ျခစားမႈ၊ တရားမဝင္ေငြေၾကး ပုိင္ဆုိင္မႈနဲ႕ ေငြစကၠဴအတုမ်ား အသုံးျပဳေနမႈတုိ႕ကုိ တုိက္ဖ်က္ျခင္းျဖစ္ေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္မုိဒီက ဆုိပါတယ္။

ေငြမည္းေတြနဲ႕ အက်င့္ပ်က္ျခစားမႈဟာ ဆင္းရဲမြဲေတမႈ ပေပ်ာက္ေရးမွာလည္း အႀကီးမားဆုံး အေႏွာင့္အယွက္ ျဖစ္ေနေၾကာင္းလည္း မုိဒီက ေျပာပါတယ္။ ႐ုပ္သိမ္းပယ္ဖ်က္လိုက္တဲ့ ေငြစကၠဴမ်ားအစား ႐ူပီး ၅၀၀ တန္အသစ္နဲ႕ ႐ူပီး ၂,၀၀၀ တန္တုိ႕ကုိ အစားထုိးထုတ္သြားမယ္လို႕ သိရပါတယ္။

႐ူပီး ၅၀၀ တန္နဲ႕ ၁,၀၀၀ တန္ လက္ဝယ္႐ွိသူေတြဟာ အိႏၵိယႏုိင္ငံတစ္ဝန္း႐ွိ ဘဏ္မ်ားမွာ ႏုိဝင္ဘာ ၁၀ ရက္မွ ဒီဇင္ဘာ ၃၀ ရက္အထိ ရက္ေပါင္း ၅၀ အတြင္း အပ္ႏွံလဲလွယ္ႏုိင္မွာ ျဖစ္ပါတယ္။

ေငြစကၠဴႏွစ္မ်ဳိးကုိ ႐ုပ္သိမ္းပယ္ဖ်က္ေၾကာင္း ထုတ္ျပန္ေၾကညာၿပီးေနာက္ အိႏၵိယႏုိင္ငံတစ္ဝန္း႐ွိ ဘဏ္မ်ားရဲ႕ ေအတီအမ္စက္ေတြမွာ ေငြလာသြင္းသူေတြ အမ်ားအျပား ေရာက္႐ွိလာခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အိန္ဒိယနိုင်ငံမှာ လည်ပတ်သုံးစွဲနေတဲ့ တန်ဖိုးအမြင့်ဆုံး ငွေစက္ကူနှစ်မျိုးဖြစ်တဲ့ ရူပီး ၅၀၀ နဲ့ ၁,၀၀၀ တန်တို့ကို ရုပ်သိမ်းပယ်ဖျက်သွားမယ်လို့ ဝန်ကြီးချုပ်မိုဒီက ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရူပီး ၅၀၀ (မြန်မာငွေ ၉,၆၀၀ ဝန်းကျင်) နဲ့ ၁,၀၀၀ (မြန်မာငွေ ၁၉,၂၀၀ ဝန်းကျင်) တန်တွေဟာ နိုဝင်ဘာ ၈ ရက် သန်းခေါင်ယံမှ စတင်ပြီး ငွေကြေးတန်ဖိုးရှိတော့မှာ မဟုတ်ဘဲ ငွေစက္ကူအဖြစ် သုံးစွဲနိုင်တော့မှာ မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ရုပ်မြင်သံကြားမှ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ငွေစက္ကူများ ရုပ်သိမ်းပယ်ဖျက်မှုဟာ အကျင့်ပျက်ခြစားမှု၊ တရားမဝင်ငွေကြေး ပိုင်ဆိုင်မှုနဲ့ ငွေစက္ကူအတုများ အသုံးပြုနေမှုတို့ကို တိုက်ဖျက်ခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်မိုဒီက ဆိုပါတယ်။

ငွေမည်းတွေနဲ့ အကျင့်ပျက်ခြစားမှုဟာ ဆင်းရဲမွဲတေမှု ပပျောက်ရေးမှာလည်း အကြီးမားဆုံး အနှောင့်အယှက် ဖြစ်နေကြောင်းလည်း မိုဒီက ပြောပါတယ်။ ရုပ်သိမ်းပယ်ဖျက်လိုက်တဲ့ ငွေစက္ကူများအစား ရူပီး ၅၀၀ တန်အသစ်နဲ့ ရူပီး ၂,၀၀၀ တန်တို့ကို အစားထိုးထုတ်သွားမယ်လို့ သိရပါတယ်။

ရူပီး ၅၀၀ တန်နဲ့ ၁,၀၀၀ တန် လက်ဝယ်ရှိသူတွေဟာ အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ဘဏ်များမှာ နိုဝင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ ရက်ပေါင်း ၅၀ အတွင်း အပ်နှံလဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

ငွေစက္ကူနှစ်မျိုးကို ရုပ်သိမ်းပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ဘဏ်များရဲ့ အေတီအမ်စက်တွေမှာ ငွေလာသွင်းသူတွေ အများအပြား ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top