Property Expo
×






Credit:Duwun

#Unicode Version
အသက် ၁၈ နှစ်အရွယ် ဖေးကူလန်ဆိုတဲ့ မိန်းကလေးဟာ ဝိတ်ကျချင်လို့ တစ်နေ့ကို ၂၅၀ ကယ်လိုရီသာ စားခဲ့ပြီးတဲ့နောက် အစာစားချင်စိတ်ပျောက်သွားတဲ့ ရောဂါကို ၄ နှစ်လုံးလုံး ခံစားခဲ့ရပါတယ်။

"ကျွန်မက ဝိတ်ပဲ ကျချင်ခဲ့တာပါ။ နောက်ပိုင်းမျာ အခုလို ဖြစ်သွားတယ်။ အရင်ကထက် ကိုယ့်ကိုကိုယ်မုန်းတယ်။ ကျွန်မလုပ်နေတာတွေကို မုန်းမိတယ်။ ကျွန်မဘဝနဲ့ အနာဂတ်ကို ဖျက်ဆီးနေမိပြီလို့ ကျွန်မ သိလိုက်တယ်" လို့ လန်ဒန်သူလေး ဖေးက ပြောပါတယ်။

အစားစာချင်စိတ် လုံးဝပျောက်သွားခဲ့ပြီး ငါးရက်လုံးလုံး ကော်ဖီတွေပဲ သောက်ခဲ့ရတာလည်း ရှိခဲ့ပါတယ်။

ကိုယ်အလေးချိန် ၅၆ ပေါင်အထိ ကျဆင်းသွားခဲ့တဲ့အတွက် သူမနဲ့ တော်တဲ့ အဝတ်အစားတောင် ရှာရခက်ခဲခဲ့ပါတယ်။

မိဘနဲ့ အွန်လိုင်းပေါ်ကနေ သူမနဲ့ဘဝတူတွေရဲ့အကူအညီနဲ့ အခုဆိုရင် တစ်နေ့ ပေါင်မုန့်တစ်ခု စားနိုင်လာပြီး ပြန်လည်နေကောင်းလာခဲ့ပါပြီ။



ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top