Property Expo
×


အီရန္တြင္ အမ်ိဳးသားေရး ဝါဒီအခ်ိဳ႕က အေမရိကန္သံ႐ံုး စီးနင္းမႈ ၃၇ ႏွစ္ျပည့္ ႏွစ္ပတ္လည္ အထိမ္းအမွတ္ တစ္ခုကို စီစဉ္ က်င္းပခဲ့ေၾကာင္း သိရသည္။


ႏိုဝင္ဘာ ၄ ရက္က တဟီရန္ ၿမိဳ႕ေတာ္တြင္ အီရန္ႏိုင္ငံသား ေထာင္ႏွင့္ေသာင္းႏွင့္ခ်ီ စု႐ံုးကာ အေမရိကန္ႏွင့္ အစၥေရး အလံမ်ားကို မီး႐ိႈ႕ၿပီး အေမရိကန္ ဆန္႔က်င္ေရး ေႂကြးေၾကာ္မႈမ်ား ေအာ္ဟစ္ေနခဲ့ၾကသည္။ ယင္းသည္ တဟီရန္ရွိ အေမရိကန္ သံ႐ံုးကို စစ္ေသြးႂကြဝါဒီ ေက်ာင္းသားလူငယ္မ်ားက ဦးေဆာင္ကာ စီးနင္းသိမ္းပိုက္ခဲ့သည့္ ျဖစ္ရပ္အတြက္ ႏွစ္ပတ္လည္ အထိမ္းအမွတ္ ေအာင္ပြဲခံျခင္းလည္း ျဖစ္သည္။

၁၉၇၉ ခုႏွစ္၊ ႏိုဝင္ဘာ ၄ ရက္က တဟီရန္ရွိ အီရန္ေက်ာင္းသားမ်ားက အေမရိကန္ သံ႐ံုးကို စီးနင္းကာ အေမရိကန္ ႏုိင္ငံသား ၅၂ ဦးကို ဓားစာခံမ်ားအျဖစ္ ၄၄၄ ရက္ၾကာ ထိန္းသိမ္းခဲ့သည္။ ထိုစဉ္က အေမရိကန္ အေနျဖင့္ အီရန္တြင္ ရာထူးျဖဳတ္ခ်ခံရသည့္ ရွားဘုရင္ မိုဟာမက္ ရီဇာ ပါလာဗီကို အီရန္သို႔ ျပန္လႊဲေပးရန္ ျငင္းဆန္ရာမွ ျပႆနာမ်ား စတင္ခဲ့ျခင္း ျဖစ္သည္။

ယခုႏွစ္ ႏွစ္ပတ္လည္ အစီအစဉ္တြင္ ပါဝင္သူမ်ားက “အေမရိကန္ က်ဆံုးပါေစ”၊ “အစၥေရးေတြ အေသဆိုးနဲ႔ ေသပါေစ”စသျဖင့္ ေႂကြးေၾကာ္ေနခဲ့ၾကသည္။

အေမရိကန္သံ႐ံုး စီးနင္းမႈ ျဖစ္စဉ္ၿပီးကတည္းက ထိုႏွစ္ႏုိင္ငံၾကား ဆက္ဆံေရးမွာ ဆိုးရြားစြာ တင္းမာသြားခဲ့သည္။ အေမရိကန္ သမၼတ ဘာရတ္အိုဘားမားကလည္း သံ႐ံုးစီးနင္းမႈ ႏွစ္ပတ္လည္ႏွင့္ ပတ္သက္၍ ေျပာၾကားေသာ မိန္႔ခြန္းတြင္ ႏွစ္ႏုိင္ငံ ဆက္ဆံေရး ပံုမွန္ျပန္ျဖစ္ရန္ ခက္ခဲလြန္းေၾကာင္း ဝန္ခံသြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အီရန်တွင် အမျိုးသားရေး ဝါဒီအချို့က အမေရိကန်သံရုံး စီးနင်းမှု ၃၇ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် တစ်ခုကို စီစဉ် ကျင်းပခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၄ ရက်က တဟီရန် မြို့တော်တွင် အီရန်နိုင်ငံသား ထောင်နှင့်သောင်းနှင့်ချီ စုရုံးကာ အမေရိကန်နှင့် အစ္စရေး အလံများကို မီးရှို့ပြီး အမေရိကန် ဆန့်ကျင်ရေး ကြွေးကြော်မှုများ အော်ဟစ်နေခဲ့ကြသည်။ ယင်းသည် တဟီရန်ရှိ အမေရိကန် သံရုံးကို စစ်သွေးကြွဝါဒီ ကျောင်းသားလူငယ်များက ဦးဆောင်ကာ စီးနင်းသိမ်းပိုက်ခဲ့သည့် ဖြစ်ရပ်အတွက် နှစ်ပတ်လည် အထိမ်းအမှတ် အောင်ပွဲခံခြင်းလည်း ဖြစ်သည်။

၁၉၇၉ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က တဟီရန်ရှိ အီရန်ကျောင်းသားများက အမေရိကန် သံရုံးကို စီးနင်းကာ အမေရိကန် နိုင်ငံသား ၅၂ ဦးကို ဓားစာခံများအဖြစ် ၄၄၄ ရက်ကြာ ထိန်းသိမ်းခဲ့သည်။ ထိုစဉ်က အမေရိကန် အနေဖြင့် အီရန်တွင် ရာထူးဖြုတ်ချခံရသည့် ရှားဘုရင် မိုဟာမက် ရီဇာ ပါလာဗီကို အီရန်သို့ ပြန်လွှဲပေးရန် ငြင်းဆန်ရာမှ ပြဿနာများ စတင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် နှစ်ပတ်လည် အစီအစဉ်တွင် ပါဝင်သူများက “အမေရိကန် ကျဆုံးပါစေ”၊ “အစ္စရေးတွေ အသေဆိုးနဲ့ သေပါစေ”စသဖြင့် ကြွေးကြော်နေခဲ့ကြသည်။

အမေရိကန်သံရုံး စီးနင်းမှု ဖြစ်စဉ်ပြီးကတည်းက ထိုနှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ဆိုးရွားစွာ တင်းမာသွားခဲ့သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားကလည်း သံရုံးစီးနင်းမှု နှစ်ပတ်လည်နှင့် ပတ်သက်၍ ပြောကြားသော မိန့်ခွန်းတွင် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ခက်ခဲလွန်းကြောင်း ဝန်ခံသွားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top