Property Expo
×

အရက္အနည္းငယ္ေသာက္ျခင္းသည္ ေလျဖတ္ျခင္း အမ်ိဳးအစားတစ္ခုအႏၲရာယ္ကုိ  ေလ်ာ့က်ေစႏုိင္ေသာ္လည္း အျခားအမ်ိဳး အစားတစ္ခုကိုမူ မကာကြယ္ႏုိင္ေပ။ သုိ႔ေသာ္အရက္အမ်ားအျပား ေသာက္သံုးျခင္းေၾကာင့္ ယင္းအႏၲရာယ္ႏွစ္ရပ္စလံုးကုိ ျမင့္တက္လာေစႏုိင္သည္ဟု ေလ့လာမႈအသစ္တစ္ရပ္တြင္ ေဖာ္ျပသည္။

အဂၤလန္ႏွင့္ဆီြဒင္ရွိ သုေတသီအဖြဲ႕တစ္ဖြဲ႕သည္ ယခင္က ေလ့လာမႈ ၂၅ ခုႏွင့္ ဆီြဒင္ႏုိင္ငံမွ အခ်က္အလက္မ်ားကုိ ေလ့လာခဲ့ၾက သည္။

တစ္ရက္လွ်င္ အရက္ႏွစ္ပက္ေသာက္သူမ်ားသည္ ဦးေႏွာက္ သို႔ ေသြးစီးဆင္းမႈ ပိတ္ဆုိ႔ျခင္းေၾကာင့္ျဖစ္ေသာ ေလျဖတ္ျခင္း အႏၲ ရာယ္ကို ေလ်ာ့ပါးေစေသာ္လည္း ေသြးထြက္လြန္၍ျဖစ္ေစေသာ ေလျဖတ္ျခင္းအႏၲရာယ္ကုိမူ မေလ်ာ့ပါးေစေၾကာင္း သုေတသီမ်ားက ေတြ႕ရိွခဲ့သည္။

အေမရိကန္ေလျဖတ္ေရာဂါေလ့လာေရးအဖြဲ႕၏ အဆိုအရ ေလျဖတ္ျခင္း ၈၇ ရာခုိင္ႏႈန္းသည္ ဦးေႏွာက္သုိ႔ ေသြးစီးဆင္းမႈပိတ္ဆုိ႔ ျခင္းေၾကာင့္ ေလျဖတ္ျခင္းျဖစ္ၿပီး က်န္ ၁၃ ရာခိုင္ႏႈန္းမွာ ေသြးထြက္လြန္ေလျဖတ္ျခင္းျဖစ္သည္ဟု သိရသည္။

တစ္ေန႔ေလးပက္ႏွင့္အထက္ အရက္ေသာက္သံုးလွ်င္ ယင္း ေလျဖတ္ျခင္းပံုစံႏွစ္ခုစလံုးအတြက္ အႏၲရာယ္ျမင့္မားလာသည္ဟု BMC ေဆးပညာဂ်ာနယ္က အြန္လုိင္းတြင္ ေဖာ္ျပခဲ့သည္။

အရက္ေသာက္ျခင္းႏွင့္ ေလျဖတ္ျခင္းပံုစံၾကား ျခားနားမႈမွာ အရက္က ခႏၶာကိုယ္္ကုိ ထိခိုက္ပံုေၾကာင့္ျဖစ္သည္ဟု ေလ့လာမႈကုိ ေရးသားသူမ်ားက ေဖာ္ျပထားသည္။

ယခင္ေလ့လာမႈမ်ားတြင္ အရက္ေသာက္သံုးျခင္းေၾကာင့္ ေသြးခဲမႈျဖစ္ေပၚရာ၌ ခႏၶာကုိယ္ကုိ အကူအညီေပးေသာ ပ႐ုိတိန္းတစ္မ်ိဳးျဖစ္ေသာ ဖီဘရီႏုိဂ်င္ကုိ ေလ်ာ့က်ေစေၾကာင္း သုေတသနအဖြဲ႕ ေခါင္းေဆာင္ ဆူဆန္နာလာဆင္က ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 အရက်အနည်းငယ်သောက်ခြင်းသည် လေဖြတ်ခြင်းအမျိုးအစားတစ်ခုအန္တရာယ်ကို  လျော့ကျစေနိုင်သော်လည်း အခြားအမျိုး အစားတစ်ခုကိုမူ မကာကွယ်နိုင်ပေ။ သို့သော်အရက်အများအပြား သောက်သုံးခြင်းကြောင့် ယင်းအန္တရာယ်နှစ်ရပ်စလုံးကို မြင့်တက်လာစေနိုင်သည်ဟု လေ့လာမှုအသစ်တစ်ရပ်တွင် ဖော်ပြသည်။

အင်္ဂလန်နှင့်ဆွီဒင်ရှိ သုတေသီအဖွဲ့တစ်ဖွဲ့သည် ယခင်က လေ့လာမှု ၂၅ ခုနှင့် ဆွီဒင်နိုင်ငံမှ အချက်အလက်များကို လေ့လာခဲ့ကြ သည်။

တစ်ရက်လျှင် အရက်နှစ်ပက်သောက်သူများသည် ဦးနှောက် သို့ သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းကြောင့်ဖြစ်သော လေဖြတ်ခြင်း အန္တ ရာယ်ကို လျော့ပါးစေသော်လည်း သွေးထွက်လွန်၍ဖြစ်စေသော လေဖြတ်ခြင်းအန္တရာယ်ကိုမူ မလျော့ပါးစေကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

အမေရိကန်လေဖြတ်ရောဂါလေ့လာရေးအဖွဲ့၏ အဆိုအရ လေဖြတ်ခြင်း ၈၇ ရာခိုင်နှုန်းသည် ဦးနှောက်သို့ သွေးစီးဆင်းမှုပိတ်ဆို့ ခြင်းကြောင့် လေဖြတ်ခြင်းဖြစ်ပြီး ကျန် ၁၃ ရာခိုင်နှုန်းမှာ သွေးထွက်လွန်လေဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။

တစ်နေ့လေးပက်နှင့်အထက် အရက်သောက်သုံးလျှင် ယင်း လေဖြတ်ခြင်းပုံစံနှစ်ခုစလုံးအတွက် အန္တရာယ်မြင့်မားလာသည်ဟု BMC ဆေးပညာဂျာနယ်က အွန်လိုင်းတွင် ဖော်ပြခဲ့သည်။

အရက်သောက်ခြင်းနှင့် လေဖြတ်ခြင်းပုံစံကြား ခြားနားမှုမှာ အရက်က ခန္ဓာကိုယ်ကို ထိခိုက်ပုံကြောင့်ဖြစ်သည်ဟု လေ့လာမှုကို ရေးသားသူများက ဖော်ပြထားသည်။

ယခင်လေ့လာမှုများတွင် အရက်သောက်သုံးခြင်းကြောင့် သွေးခဲမှုဖြစ်ပေါ်ရာ၌ ခန္ဓာကိုယ်ကို အကူအညီပေးသော ပရိုတိန်းတစ်မျိုးဖြစ်သော ဖီဘရီနိုဂျင်ကို လျော့ကျစေကြောင်း သုတေသနအဖွဲ့ ခေါင်းဆောင် ဆူဆန်နာလာဆင်က ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top