Kantharyar Centre
×

ကိုယ္အေလးခ်ိန္ ၂၇၄ ေပါင္အထိ ရွိခဲ့တဲ့ မိခင္တစ္ဦးဟာ သူ႔ရဲ႕ခႏၶာကိုယ္ဝၿဖိဳးမႈအေပၚ အႏုိင္က်င့္ေစာ္ကားတဲ့ ခ်စ္သူကို လမ္းခြဲလိုက္ၿပီးေနာက္ မခံခ်င္စိတ္နဲ႔ ဝိတ္ခ်ခဲ့ရာမွတစ္ဆင့္ အခ်စ္သစ္ကိုပါ ရွာေတြ႔သြားခဲ့ပါတယ္။

အေမရိကန္ႏုိင္ငံ ဖီလာဒဲဖီးယားမွာ ေနထုိင္တဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ အယ္လ္ဗီနာရိန္းဟာ ၂၀၀၉ ခုႏွစ္ေလာက္တုန္းက အေတာ္ေလးဝၿဖိဳးသူျဖစ္ခဲ့ပါတယ္။ ဝေနတဲ့ သူမရဲ႕ခႏၶာကိုယ္ေၾကာင့္ အရင္ခ်စ္သူေဟာင္းရဲ႕ အႏုိင္က်င့္မႈကို ခံခဲ့ရၿပီး " အသံုးမက်တဲ့ အမႈိက္ပံုးႀကီး၊ နင့္ကို ဘယ္သူမွ မလိုခ်င္ဘူး" လို႔ အေျပာခံခဲ့ရဖူးပါတယ္။ အဲဒီေနာက္မွာေတာ့ သူဟာ မခံခ်င္စိတ္ေၾကာင့္ က်န္းမာေရးအတြက္ ထိခိုက္လာတဲ့ အစားအေသာက္ေတြနဲ႔ ခ်စ္သူကို လမ္းခြဲဖို႔ ဆံုးျဖတ္လုိက္ပါေတာ့တယ္။


တစ္ေန႔ကို အသင့္စား အစာအေသာက္ေတြမ်ားစြာစားတဲ့ အေလ့အက်င့္အျပင္၊  အခ်ိဳဓာတ္ပါတဲ့ အရာေတြကိုပါ မစားေတာ့ဖို႔ သူမဆံုးျဖတ္လိုက္ပါတယ္။ အခု ငါးႏွစ္ေလာက္ၾကာတဲ့အခါမွာေတာ့ သူမလုိခ်င္တဲ့ ခႏၶာကိုယ္အတုိင္းတာ အထိရရွိခဲ့ၿပီး ကိုယ္အေလးခ်ိန္ တစ္ဝက္တိတိ ေလွ်ာ့ခ်ႏုိင္ခဲ့တာပါ။


ျပန္လည္လွပလာတဲ့သူမဟာ ဆက္ရွာဆိုသူ အမ်ိဳးသားနဲ႔ေတြ႔ဆံုခဲ့ၿပီး သာယာတဲ့အိမ္ေထာင္တစ္ခုကိုပါ ထူေထာင္ႏုိင္ခဲ့ပါတယ္။ သူမကိုယ္အေလးခ်ိန္ က်သြားတဲ့အခ်ိန္မွာ ခ်စ္သူေဟာင္းရဲ႕ မိခင္နဲ႔ေတြ႔ဆံုခဲ့ၿပီး အရမ္းကိုအံ့ၾသေနခဲ့တာလို႔ ရိန္းက ျပန္ေျပာျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ကိုယ်အလေးချိန် ၂၇၄ ပေါင်အထိ ရှိခဲ့တဲ့ မိခင်တစ်ဦးဟာ သူ့ရဲ့ခန္ဓာကိုယ်ဝဖြိုးမှုအပေါ် အနိုင်ကျင့်စော်ကားတဲ့ ချစ်သူကို လမ်းခွဲလိုက်ပြီးနောက် မခံချင်စိတ်နဲ့ ဝိတ်ချခဲ့ရာမှတစ်ဆင့် အချစ်သစ်ကိုပါ ရှာတွေ့သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယားမှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် အယ်လ်ဗီနာရိန်းဟာ ၂၀၀၉ ခုနှစ်လောက်တုန်းက အတော်လေးဝဖြိုးသူဖြစ်ခဲ့ပါတယ်။ ဝနေတဲ့ သူမရဲ့ခန္ဓာကိုယ်ကြောင့် အရင်ချစ်သူဟောင်းရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရပြီး " အသုံးမကျတဲ့ အမှိုက်ပုံးကြီး၊ နင့်ကို ဘယ်သူမှ မလိုချင်ဘူး" လို့ အပြောခံခဲ့ရဖူးပါတယ်။ အဲဒီနောက်မှာတော့ သူဟာ မခံချင်စိတ်ကြောင့် ကျန်းမာရေးအတွက် ထိခိုက်လာတဲ့ အစားအသောက်တွေနဲ့ ချစ်သူကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

တစ်နေ့ကို အသင့်စား အစာအသောက်တွေများစွာစားတဲ့ အလေ့အကျင့်အပြင်၊  အချိုဓာတ်ပါတဲ့ အရာတွေကိုပါ မစားတော့ဖို့ သူမဆုံးဖြတ်လိုက်ပါတယ်။ အခု ငါးနှစ်လောက်ကြာတဲ့အခါမှာတော့ သူမလိုချင်တဲ့ ခန္ဓာကိုယ်အတိုင်းတာ အထိရရှိခဲ့ပြီး ကိုယ်အလေးချိန် တစ်ဝက်တိတိ လျှော့ချနိုင်ခဲ့တာပါ။


ပြန်လည်လှပလာတဲ့သူမဟာ ဆက်ရှာဆိုသူ အမျိုးသားနဲ့တွေ့ဆုံခဲ့ပြီး သာယာတဲ့အိမ်ထောင်တစ်ခုကိုပါ ထူထောင်နိုင်ခဲ့ပါတယ်။ သူမကိုယ်အလေးချိန် ကျသွားတဲ့အချိန်မှာ ချစ်သူဟောင်းရဲ့ မိခင်နဲ့တွေ့ဆုံခဲ့ပြီး အရမ်းကိုအံ့သြနေခဲ့တာလို့ ရိန်းက ပြန်ပြောပြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top