Kantharyar Centre
×

ကိုယ္ဝန္ေဆာင္မိခင္တစ္ဦးကို ခြဲစိပ္ၿပီးကေလးေမြးဖြားၿပီးတဲ့ေနာက္ ဆရာဝန္က သူ႔ရဲ႕လက္ကိုင္ဖုန္းကို ကိုယ္ဝန္ေဆာင္မိခင္ရဲ႕ဗိုက္ထဲထည့္မိလုိက္ၿပီးျပန္မထုတ္လုိက္မိတဲ့ ျဖစ္ရပ္တစ္ခု ေဂ်ာ္ဒန္ႏုိင္ငံမွာ ျဖစ္ပြားခဲ့ပါတယ္။

၃၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဟာနန္မာမြတ္အဗၺဒူကာရင္ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးဟာ အန္မန္ၿမိဳ႕မွာရွိတဲ့ ပုဂၢလိကေဆးရံုတစ္ရံုမွာ ဧၿပီလအတြင္းက သူ႔ရဲ႕ကေလးငယ္ကိုခြဲစိပ္ေမြးဖြားဖို႔အတြက္ တက္ေရာက္ခဲ့ပါတယ္။ ခြဲစိပ္ေမြးဖြားသူတို႔ လုပ္ရိုးလုပ္စဥ္အတိုင္း လုပ္ၿပီးသြားတဲ့အခ်ိန္မွာ ကေလးငယ္ကိုလည္း က်န္းက်န္းမာမာနဲ႔ ေမြးဖြားႏုိင္ခဲ့ပါတယ္။ ေဆးရံုကဆင္းၿပီး အိမ္ျပန္ေရာက္လာတဲ့ အခ်ိန္ေရာက္မွသာ သူ႔ဗိုက္ထဲက ဖုန္းသံတုန္ခါမႈ ျဖစ္လာၿပီး သူမရဲ႕မိသားစုေတြကပါ သတိထားမိခဲ့ၾကပါတယ္။ အဲဒီေနာက္မွာေတာ့ သူမဟာ အစာအိမ္ထဲက ဆိုးရြားတဲ့နာက်င္မႈကို ခံစားခဲ့ရပါတယ္။ ေဝဒနာျပင္းထန္စြာခံစားခဲ့ရၿပီးတဲ့ေနာက္ပိုင္း ျပည္သူ႔ေဆးရံုမွာ ဓါတ္မွန္ရိုက္ၾကည့္တဲ့အခါမွာေတာ့ ဝမ္းဗိုက္ထဲမွာ ျပင္ပက အရာဝတၳဳတစ္မ်ိဳးေရာက္ေနတာကို ဆရာဝန္ေတြက အတည္ျပဳေပးခဲ့ပါတယ္။

အဲဒီေနာက္မွာ ဆရာဝန္ေတြက ခ်က္ျခင္းခြဲစိပ္မႈျပဳလုပ္ကာ ဗိုက္ထဲေရာက္ေနတဲ့ဖုန္းကို ထုတ္ေပးခဲ့ရတယ္လို႔ ကာယကံရွင္ျဖစ္တဲ့သူမက ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Planet Myanmar

#Unicode Version
ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို ခွဲစိပ်ပြီးကလေးမွေးဖွားပြီးတဲ့နောက် ဆရာဝန်က သူ့ရဲ့လက်ကိုင်ဖုန်းကို ကိုယ်ဝန်ဆောင်မိခင်ရဲ့ဗိုက်ထဲထည့်မိလိုက်ပြီးပြန်မထုတ်လိုက်မိတဲ့ ဖြစ်ရပ်တစ်ခု ဂျော်ဒန်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာနန်မာမွတ်အဗ္ဗဒူကာရင်ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ အန်မန်မြို့မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ ဧပြီလအတွင်းက သူ့ရဲ့ကလေးငယ်ကိုခွဲစိပ်မွေးဖွားဖို့အတွက် တက်ရောက်ခဲ့ပါတယ်။ ခွဲစိပ်မွေးဖွားသူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ပြီးသွားတဲ့အချိန်မှာ ကလေးငယ်ကိုလည်း ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်လာတဲ့ အချိန်ရောက်မှသာ သူ့ဗိုက်ထဲက ဖုန်းသံတုန်ခါမှု ဖြစ်လာပြီး သူမရဲ့မိသားစုတွေကပါ သတိထားမိခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ အစာအိမ်ထဲက ဆိုးရွားတဲ့နာကျင်မှုကို ခံစားခဲ့ရပါတယ်။ ဝေဒနာပြင်းထန်စွာခံစားခဲ့ရပြီးတဲ့နောက်ပိုင်း ပြည်သူ့ဆေးရုံမှာ ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဝမ်းဗိုက်ထဲမှာ ပြင်ပက အရာဝတ္ထုတစ်မျိုးရောက်နေတာကို ဆရာဝန်တွေက အတည်ပြုပေးခဲ့ပါတယ်။

အဲဒီနောက်မှာ ဆရာဝန်တွေက ချက်ခြင်းခွဲစိပ်မှုပြုလုပ်ကာ ဗိုက်ထဲရောက်နေတဲ့ဖုန်းကို ထုတ်ပေးခဲ့ရတယ်လို့ ကာယကံရှင်ဖြစ်တဲ့သူမက ပြောပြခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Planet Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top