Property Expo
×

အစိုးရသစ္လက္ထက္ အေမရိကန္ေဒၚလာ ဆက္တိုက္ ျမင့္တက္လာၿပီး ျပင္ပေငြလဲႏႈန္း တြင္ တစ္ေဒၚလာ ေပါက္ေစ်း ၁,၃၂၃ က်ပ္ ျမင့္တက္လာေၾကာင္း ေငြလဲလုပ္ငန္း လုပ္ကိုင္ေနသူမ်ားထံမွ သတင္းရရွိသည္။

အေမရိကန္ ေဒၚလာေစ်း ျမင့္တက္လာေသာ္လည္း အျခား ႏိုင္ငံ  ေငြေၾကးအမ်ားစုသည္ ျမန္မာက်ပ္ေငြႏွင့္ ႏိႈင္းယွဥ္ပါက တန္ဖိုးက်ဆင္းၿပီး က်ပ္ေငြတန္ဖိုးျမင့္တက္သည္ဟု ေငြလဲလုပ္ငန္း လုပ္ကိုင္ေနသူမ်ားက ဆိုသည္။

ႏိုဝင္ဘာ ၁ ရက္တြင္  အေမရိကန္ေဒၚလာ ဗဟိုဘဏ္ရည္ၫႊန္းေစ်းသည္ အေမရိကန္တစ္ေဒၚလာလွ်င္ ၁,၂၈၅ က်ပ္သတ္မွတ္ၿပီး ျပင္ပေပါက္ေစ်း ၁,၂၈၈ က်ပ္ရွိသည္။ ဗဟိုဘဏ္က ႏိုဝင္ဘာ ၁၈ ရက္တြင္ အေမရိကန္ေဒၚလာေစ်းကို ၁,၂၉၂ က်ပ္  သတ္မွတ္ၿပီး ျပင္ပေပါက္ေစ်း ၁,၃၂၂ က်ပ္အထိ ေရာင္းေစ်းရွိခဲ့သည္။ ယေန႔ ႏိုဝင္ဘာ ၁၉ ရက္တြင္ ျပင္ပေစ်း ကြက္၌ ၁,၃၂၃ က်ပ္အထိ ျမင့္တက္လာျခင္းျဖစ္သည္။

‘‘ေစ်းကြက္ထဲမွာ ေဒၚလာ ဝယ္လိုအားတက္ေနတယ္။ ေရာင္းတဲ့သူ ရွားေနတယ္။ ဒါေၾကာင့္ ေဒၚလာေစ်းက တက္ေနတာ’’ ဟု ေငြလဲလုပ္ငန္းလုပ္ကိုင္ေနသည့္ ကိုမင္းမင္းက ေျပာၾကားသည္။

အေမရိကန္ ေဒၚလာေစ်း ျမင့္တက္ေသာ္လည္း ေဒသတြင္းသံုးေငြျဖစ္သည့္  စင္ကာပူ ေဒၚလာသည္ ျပင္ပေပါက္ေစ်းတြင္ ႏိုဝင္ဘာ ၁ ရက္၌ တစ္ေဒၚ လာလွ်င္ ၉၃၂ က်ပ္ရွိခဲ့သည္။

ႏိုဝင္ဘာ ၁ ရက္မွ ၁၉ ရက္ အတြင္း စင္ကာပူေဒၚလာသည္ ျမန္မာက်ပ္ေငြႏွင့္ ႏႈိင္းယွဥ္လွ်င္ တစ္ေဒၚလာလွ်င္ ေျခာက္က်ပ္ခန္႔ က်ဆင္းၿပီး ျမန္မာက်ပ္ေငြ တန္ဖိုး ျမင့္တက္ခဲ့သည္။ ဗဟို ဘဏ္ ရည္ၫႊန္းေစ်းတြင္လည္း စင္ကာပူ တစ္ေဒၚလာတန္ဖိုးမွာ ၁၆ က်ပ္ က်ဆင္းခဲ့သည္။ ထုိ႔ျပင္ ထုိင္း ဘတ္ေငြ တစ္ဘတ္လွ်င္ ၃၆ က်ပ္ခန္႔္ျဖင့္ တည္ၿငိမ္ေနခဲ့သည္။

ထိုနည္းတူ ဗဟိုဘဏ္ ရည္ ၫႊန္းေစ်းအရ ႏိုဝင္ဘာ ၁ ရက္မွ ၁၈ ရက္အတြင္း ဂ်ပန္ယန္းေငြ သည္ ျမန္မာက်ပ္ေငြႏွင့္ ႏိႈင္းယွဥ္ ပါက ယန္းေငြတစ္ရာလွ်င္ က်ပ္ ေငြ ၅၅ က်ပ္က်ဆင္းခဲ့သည္။ တ႐ုတ္ယြမ္ေငြ တစ္ယြမ္လွ်င္ ႏွစ္က်ပ္၊ ယူ႐ိုေငြေၾကး တစ္ယူ ႐ုိလွ်င္ ၃၉ က်ပ္ က်ဆင္းၿပီး ျမန္မာက်ပ္ေငြတန္ဖုိး ျမင့္တက္ခဲ့သည္။

ကမၻာ့ေစ်းကြက္တြင္  ေဒၚ လာေစ်းႏႈန္း  ျမင့္တက္လာျခင္း ေၾကာင့္ျဖစ္ၿပီး ယခုေငြေၾကးေစ်း ကြက္အတြင္း က်ပ္ေငြ တစ္ခု တည္းသာ ေစ်းက်ျခင္းမဟုတ္ဘဲ အျခားေငြေၾကးမ်ားလည္း အေမ ရိကန္ေဒၚလာႏွင့္ ႏိႈင္းယွဥ္လွ်င္ ေစ်းက်ေနသည္ဟု ကေမၻာဇဘဏ္လုပ္ငန္းစု အႀကီးတန္း အႀကံေပး ဦးသန္းလြင္က ေျပာ ၾကားသည္။

‘‘ျပည္တြင္းမွာ သြင္းကုန္မ်ား ေနတယ္။ မလိုအပ္တဲ့ သြင္းကုန္ ေတြကို ေလွ်ာ့ခ်သင့္တယ္။ ဥပမာ ေမာ္ေတာ္ကားတင္တာမ်ဳိးကို ေလွ်ာ့ခ်သင့္တယ္’’ ဟု ၎က ဆက္လက္ေျပာသည္။

အစိုးရသစ္ သက္တမ္းခုနစ္ လေက်ာ္အတြင္း အေမရိကန္ တစ္ေဒၚလာလွ်င္ က်ပ္ ၁၂၀ ေက်ာ္ ျမင့္တက္လာသည္။ ဧၿပီ ၁ ရက္ တြင္ တစ္ေဒၚလာလွ်င္ ၁,၂၀၀ က်ပ္ခန္႔ ေစ်းေပါက္ရာမွ ႏိုဝင္ ဘာ ၁၉ ရက္၌ ၁,၃၂၃ က်ပ္သို႔ ျမင့္တက္လာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အစိုးရသစ်လက်ထက် အမေရိကန်ဒေါ်လာ ဆက်တိုက် မြင့်တက်လာပြီး ပြင်ပငွေလဲနှုန်း တွင် တစ်ဒေါ်လာ ပေါက်ဈေး ၁,၃၂၃ ကျပ် မြင့်တက်လာကြောင်း ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သတင်းရရှိသည်။

အမေရိကန် ဒေါ်လာဈေး မြင့်တက်လာသော်လည်း အခြား နိုင်ငံ  ငွေကြေးအများစုသည် မြန်မာကျပ်ငွေနှင့် နှိုင်းယှဉ်ပါက တန်ဖိုးကျဆင်းပြီး ကျပ်ငွေတန်ဖိုးမြင့်တက်သည်ဟု ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူများက ဆိုသည်။

နိုဝင်ဘာ ၁ ရက်တွင်  အမေရိကန်ဒေါ်လာ ဗဟိုဘဏ်ရည်ညွှန်းဈေးသည် အမေရိကန်တစ်ဒေါ်လာလျှင် ၁,၂၈၅ ကျပ်သတ်မှတ်ပြီး ပြင်ပပေါက်ဈေး ၁,၂၈၈ ကျပ်ရှိသည်။ ဗဟိုဘဏ်က နိုဝင်ဘာ ၁၈ ရက်တွင် အမေရိကန်ဒေါ်လာဈေးကို ၁,၂၉၂ ကျပ်  သတ်မှတ်ပြီး ပြင်ပပေါက်ဈေး ၁,၃၂၂ ကျပ်အထိ ရောင်းဈေးရှိခဲ့သည်။ ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် ပြင်ပဈေး ကွက်၌ ၁,၃၂၃ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။

‘‘ဈေးကွက်ထဲမှာ ဒေါ်လာ ဝယ်လိုအားတက်နေတယ်။ ရောင်းတဲ့သူ ရှားနေတယ်။ ဒါကြောင့် ဒေါ်လာဈေးက တက်နေတာ’’ ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်နေသည့် ကိုမင်းမင်းက ပြောကြားသည်။

အမေရိကန် ဒေါ်လာဈေး မြင့်တက်သော်လည်း ဒေသတွင်းသုံးငွေဖြစ်သည့်  စင်ကာပူ ဒေါ်လာသည် ပြင်ပပေါက်ဈေးတွင် နိုဝင်ဘာ ၁ ရက်၌ တစ်ဒေါ် လာလျှင် ၉၃၂ ကျပ်ရှိခဲ့သည်။

နိုဝင်ဘာ ၁ ရက်မှ ၁၉ ရက် အတွင်း စင်ကာပူဒေါ်လာသည် မြန်မာကျပ်ငွေနှင့် နှိုင်းယှဉ်လျှင် တစ်ဒေါ်လာလျှင် ခြောက်ကျပ်ခန့် ကျဆင်းပြီး မြန်မာကျပ်ငွေ တန်ဖိုး မြင့်တက်ခဲ့သည်။ ဗဟို ဘဏ် ရည်ညွှန်းဈေးတွင်လည်း စင်ကာပူ တစ်ဒေါ်လာတန်ဖိုးမှာ ၁၆ ကျပ် ကျဆင်းခဲ့သည်။ ထို့ပြင် ထိုင်း ဘတ်ငွေ တစ်ဘတ်လျှင် ၃၆ ကျပ်ခန့်ဖြင့် တည်ငြိမ်နေခဲ့သည်။

ထိုနည်းတူ ဗဟိုဘဏ် ရည် ညွှန်းဈေးအရ နိုဝင်ဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ဂျပန်ယန်းငွေ သည် မြန်မာကျပ်ငွေနှင့် နှိုင်းယှဉ် ပါက ယန်းငွေတစ်ရာလျှင် ကျပ် ငွေ ၅၅ ကျပ်ကျဆင်းခဲ့သည်။ တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် နှစ်ကျပ်၊ ယူရိုငွေကြေး တစ်ယူ ရိုလျှင် ၃၉ ကျပ် ကျဆင်းပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်ခဲ့သည်။

ကမ္ဘာ့ဈေးကွက်တွင်  ဒေါ် လာဈေးနှုန်း  မြင့်တက်လာခြင်း ကြောင့်ဖြစ်ပြီး ယခုငွေကြေးဈေး ကွက်အတွင်း ကျပ်ငွေ တစ်ခု တည်းသာ ဈေးကျခြင်းမဟုတ်ဘဲ အခြားငွေကြေးများလည်း အမေ ရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် ဈေးကျနေသည်ဟု ကမ္ဘောဇဘဏ်လုပ်ငန်းစု အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြော ကြားသည်။

‘‘ပြည်တွင်းမှာ သွင်းကုန်များ နေတယ်။ မလိုအပ်တဲ့ သွင်းကုန် တွေကို လျှော့ချသင့်တယ်။ ဥပမာ မော်တော်ကားတင်တာမျိုးကို လျှော့ချသင့်တယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

အစိုးရသစ် သက်တမ်းခုနစ် လကျော်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၂၀ ကျော် မြင့်တက်လာသည်။ ဧပြီ ၁ ရက် တွင် တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်ခန့် ဈေးပေါက်ရာမှ နိုဝင် ဘာ ၁၉ ရက်၌ ၁,၃၂၃ ကျပ်သို့ မြင့်တက်လာသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top