Property Expo
×







Credit:Duwun

Unicode Version

အဲဒီ တည်းခိုခန်း (Inn) မှာ သရဲ ၂၀ ကျော် နေထိုင်တယ်လို့ ယူဆရပြီး အဲဒီသရဲတွေထဲမှာ အင်းပိုင်ရှင် ဂျွန်ဟမ်ဖိုင်းရားကို ညစဉ် နှောင့်ယှက်နေတဲ့ နတ်ဆိုး ၂ ကောင်၊ မှင်စာ တစ်ကောင်၊ အိပ်နေတဲ့ယောက်ျားကို အဓမ္မကျင့်တတ်တဲ့ သရဲမတစ်ကောင်တို့လည်း ပါဝင်ပါတယ်။

၁၁၄၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ အဲဒီတည်းခိုခန်းမှာ သေကြောင်းကြံမှု၊ ဓလေ့ထုံးစံအရ ကလေးငယ်ကို ယစ်ပူဇော်ခဲ့ခြင်းနဲ့ အောက်လမ်းနည်းတွေလည်း သုံးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး လမ်းဓားပြတွေ ပုန်းခိုရာ နေရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ကြောက်စရာအကောင်းဆုံး စုန်းမကြီးတစ်ယောက်လည်း ရှိပြီး တစ်ခါတလေမှာ တညောင်ညောင်အော်တတ်တဲ့ ကြောင်မည်းကြီးတစ်ကောင်နဲ့အတူ ဧည့်သည်တွေကို ခြောက်လှန့်တတ်ပါတယ်။

အဲဒီတည်းခိုးခန်းကြီးထဲမှာ အဆိုးရွားဆုံး အခန်းကတော့ ဘုန်းတော်ကြီးအခန်းဖြစ်ပြီး အဲဒီအခန်းမှာ တည်းခိုခဲ့သူတွေဟာ အပမှီကုန်တဲ့အတွက် သူတို့ကိုယ်ထဲက မကောင်းဆိုးဝါးနှင်ပေးရပါတယ်။

တချို့သူတွေကတော့ ညသန်းခေါင်ယံကြီးမှာ အဲဒီအိမ်ကြီးထဲကနေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top