Kantharyar Centre
×

ကေနဒါ၀န္ႀကီးခ်ဳပ္ ဂ်က္စတင္ထ႐ူးဒူးက ႏို၀င္ဘာ ၁၆ ရက္တြင္ ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးျမႇင့္ရန္ က်ဴးဘားႏိုင္ငံသို႔ သြားေရာက္ခဲ့သည္။

 ဟာဗားနားေလဆိပ္သို႔ ေရာက္ရွိၿပီးေနာက္ ထ႐ူးဒူးသည္ ၿမိဳ႕ေတာ္၏ ေတာ္လွန္ေရးရင္ျပင္ သို႔ ဦးစြာသြားေရာက္ခဲ့ကာ ပန္းေခြခ်ခဲ့သည္။


ထို႔ေနာက္ က်ဴးဘားသမၼတ ရာအူးလ္ကက္စထ႐ိုႏွင့္ ေတြ႕ဆံု ရန္ စီစဥ္ခဲ့ေၾကာင္း တာ၀န္ရွိသူ မ်ားက ေျပာသည္။

ထ႐ူးဒူးသည္ က်ဴးဘားတြင္ ႏွစ္ရက္တာ ခရီးစဥ္ၿပီးေနာက္ အာဂ်င္တီးနားႏုိင္ငံသို႔ သြားမည္ျဖစ္ သည္။

ထို႔ေနာက္ အာရွ-ပစိဖိတ္ ကုန္သြယ္ေရး အစည္းအေ၀းသို႔ တက္ေရာက္ရန္ ပီ႐ူးၿမိဳ႕သို႔ ဆက္ လက္ထြက္ခြာမည္ျဖစ္သည္။

ထ႐ူးဒူး၏ဖခင္ ပီရာအယ္ ေလာ့ထ႐ူးဒူးက ထိုသို႔ အလားတူ ခရီးစဥ္အတြင္း က်ဴးဘား၏ ေတာ္ လွန္ေရးသမား သမၼတေဟာင္း ဖီဒယ္လ္ကက္စထ႐ိုႏွင့္ တစ္ သက္တာဆက္ဆံေရး ထူေထာင္ ခဲ့ၿပီး ႏွစ္ေပါင္း ၄၀ အၾကာတြင္ ဂ်ပ္စတင္ထ႐ူးဒူး၏ခရီးစဥ္ ေပၚ ထြက္လာျခင္းျဖစ္သည္။

ခရီးစဥ္၏ ရည္ရြယ္ခ်က္မွာ ႏွစ္ႏုိင္ငံ အျပန္အလွန္ ဆက္ဆံ ေရးကို အသစ္ျပန္လည္စတင္ရန္ ႏွင့္ ခိုင္ၿမဲရန္ျဖစ္ေၾကာင္း ကေနဒါ ၀န္ႀကီးခ်ဳပ္႐ံုး၏ အဆိုအရ သိရ သည္။

ထိုခရီးစဥ္သည္ စီးပြားေရး ဖံြ႕ၿဖိဳးတိုးတက္မႈ၊ အုပ္ခ်ဳပ္ေရး၊ လံုၿခံဳေရး၊ ရာသီဥတုေျပာင္းလဲမႈ ႏွင့္ က်ား၊ မ တန္းတူျဖစ္ေစေရး စသည့္ က႑မ်ားတြင္ ပိုမုိနီးကပ္ စြာ ပူးေပါင္းေဆာင္ရြက္ရန္ အ ခြင့္အေရးတစ္ရပ္ ျဖစ္လာမည္ဟု ၀န္ႀကီးခ်ဳပ္႐ံုး၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။      

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒူးက နိုဝင်ဘာ ၁၆ ရက်တွင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ကျူးဘားနိုင်ငံသို့ သွားရောက်ခဲ့သည်။

 ဟာဗားနားလေဆိပ်သို့ ရောက်ရှိပြီးနောက် ထရူးဒူးသည် မြို့တော်၏ တော်လှန်ရေးရင်ပြင် သို့ ဦးစွာသွားရောက်ခဲ့ကာ ပန်းခွေချခဲ့သည်။


ထို့နောက် ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုနှင့် တွေ့ဆုံ ရန် စီစဉ်ခဲ့ကြောင်း တာဝန်ရှိသူ များက ပြောသည်။

ထရူးဒူးသည် ကျူးဘားတွင် နှစ်ရက်တာ ခရီးစဉ်ပြီးနောက် အာဂျင်တီးနားနိုင်ငံသို့ သွားမည်ဖြစ် သည်။

ထို့နောက် အာရှ-ပစိဖိတ် ကုန်သွယ်ရေး အစည်းအဝေးသို့ တက်ရောက်ရန် ပီရူးမြို့သို့ ဆက် လက်ထွက်ခွာမည်ဖြစ်သည်။

ထရူးဒူး၏ဖခင် ပီရာအယ် လော့ထရူးဒူးက ထိုသို့ အလားတူ ခရီးစဉ်အတွင်း ကျူးဘား၏ တော် လှန်ရေးသမား သမ္မတဟောင်း ဖီဒယ်လ်ကက်စထရိုနှင့် တစ် သက်တာဆက်ဆံရေး ထူထောင် ခဲ့ပြီး နှစ်ပေါင်း ၄၀ အကြာတွင် ဂျပ်စတင်ထရူးဒူး၏ခရီးစဉ် ပေါ် ထွက်လာခြင်းဖြစ်သည်။

ခရီးစဉ်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံ ရေးကို အသစ်ပြန်လည်စတင်ရန် နှင့် ခိုင်မြဲရန်ဖြစ်ကြောင်း ကနေဒါ ဝန်ကြီးချုပ်ရုံး၏ အဆိုအရ သိရ သည်။

ထိုခရီးစဉ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု နှင့် ကျား၊ မ တန်းတူဖြစ်စေရေး စသည့် ကဏ္ဍများတွင် ပိုမိုနီးကပ် စွာ ပူးပေါင်းဆောင်ရွက်ရန် အ ခွင့်အရေးတစ်ရပ် ဖြစ်လာမည်ဟု ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။      


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top