Kantharyar Centre
×

လူဆိုတာေတာ့ လူအခ်င္းခ်င္းၾကားမွာ ကိုယ္ကထင္ေပၚေနခ်င္၊ ကိုယ့္ကိုသေဘာက်ႏွစ္ျခိဳက္ေနေစခ်င္တတ္တာ သဘာ၀ပါ။ ဒါေပမဲ့ လူေတြရဲ႕အာရံုစိုက္မႈကို အရမ္းလိုခ်င္ေနတဲ့သူေတြက်ေတာ့ သာမန္အတိုင္းအတာထက္ ေက်ာ္လြန္တဲ့လုပ္ရပ္ေတြေၾကာင့္ လူအျမင္ကတ္စရာေကာင္းေလာက္ေအာင္ ျဖစ္ေနတတ္ပါတယ္။ ဒါဆိုရင္ အဲလိုလူေတြကို ပညာေပးခ်င္ရင္ ဘယ္လိုလုပ္ရမလဲ...


 ၁။ လိုတာထက္ပိုခ်ီးက်ဴး

သူ႕ကိုအာရံုစိုက္ဖို႕ အစြမ္းကုန္ၾကိဳးစားေနတဲ့အေပၚမွာ ခ်ီးက်ဴးစကားေတြ ခပ္မ်ားမ်ားေျပာေပးလိုက္ပါ။ လူတစ္ေယာက္ဟာ သူ႕ကို လိုတာထက္ပိုခ်ီးက်ဴးေနရင္ သူ႕ဘာသာမလံုမလဲျဖစ္လာျပီး အပိုလုပ္ရပ္ေတြကို ေရွာင္လာႏုိင္ပါတယ္။

၂။ စကားလမ္းေၾကာင္းလႊဲ

ဒါကေတာ့ အေျခခံအက်ဆံုး ပညာေပးနည္းပါပဲ။ သူ႕အေၾကာင္းေတြေျပာဖို႕ စကားတည္လာျပီဆိုရင္ မသိမသာနဲ႕ တကယ္လည္းအက်ိဳးရွိေလာက္မယ့္ စကားမ်ိဳးကို လမ္းေၾကာင္းလႊဲေျပာေပးလိုက္ပါ။


၃။ သာဓကျပ

သူ႕လိုပဲ ပြဲခံလြန္းတဲ့သူေတြဟာ ဘယ္ေလာက္အျမင္ကတ္စရာေကာင္းတယ္ဆိုတာ ၾကံဳရင္ၾကံဳသလို သာဓကျပ ေျပာေပးပါ။ အေပါင္းအသင္းေတြနဲ႔လည္း ေဆြးေႏြးျပပါ။


၄။ သိသိသာသာ ဥေပကၡာျပဳ

ဒါကေတာ့ ေတာ္ေတာ္သတၱိေကာင္းၿပီး အားမနာတတ္တဲ့သူေတြပဲလုပ္ႏုိင္မယ့္ ပညာျပနည္းပါ။ သူ ဘာေျပာေျပာ၊ ဘာဆိုဆို လံုး၀ကိုဂရုမစိုက္ဘဲ သိသာေအာင္ကို ဥေပကၡာျပဳထားလိုက္ပါ။ ကိုယ္နဲ႕ဆိုင္တဲ့ကိစၥေျပာလာရင္ေတာင္ မသိခ်င္ေယာင္ မ်ားမ်ားေဆာင္ေပးလိုက္ပါ။


၅။ သူ႕ထက္ပိုျပီးအပိုေတြလုပ္

ဒါကေတာ့ အရြဲ႕တုိက္နည္းတစ္မ်ိဳးပါပဲ။ သူပြဲခံတာ၊ သူအပိုေတြလုပ္ျပျပီး အာရံုစိုက္မႈရေအာင္ၾကိဳးစားေနတာေတြထက္ ကိုယ္ကပိုေပါက္ေရာက္မယ့္၊ ပိုလူသိမယ့္လုပ္ရပ္ေတြနဲ႕ အပိုေတြလုပ္ျပဖို႕ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
Unicode Version

လူဆိုတာတော့ လူအချင်းချင်းကြားမှာ ကိုယ်ကထင်ပေါ်နေချင်၊ ကိုယ့်ကိုသဘောကျနှစ်ခြိုက်နေစေချင်တတ်တာ သဘာဝပါ။ ဒါပေမဲ့ လူတွေရဲ့အာရုံစိုက်မှုကို အရမ်းလိုချင်နေတဲ့သူတွေကျတော့ သာမန်အတိုင်းအတာထက် ကျော်လွန်တဲ့လုပ်ရပ်တွေကြောင့် လူအမြင်ကတ်စရာကောင်းလောက်အောင် ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် အဲလိုလူတွေကို ပညာပေးချင်ရင် ဘယ်လိုလုပ်ရမလဲ...


 ၁။ လိုတာထက်ပိုချီးကျူး

သူ့ကိုအာရုံစိုက်ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့အပေါ်မှာ ချီးကျူးစကားတွေ ခပ်များများပြောပေးလိုက်ပါ။ လူတစ်ယောက်ဟာ သူ့ကို လိုတာထက်ပိုချီးကျူးနေရင် သူ့ဘာသာမလုံမလဲဖြစ်လာပြီး အပိုလုပ်ရပ်တွေကို ရှောင်လာနိုင်ပါတယ်။

၂။ စကားလမ်းကြောင်းလွှဲ

ဒါကတော့ အခြေခံအကျဆုံး ပညာပေးနည်းပါပဲ။ သူ့အကြောင်းတွေပြောဖို့ စကားတည်လာပြီဆိုရင် မသိမသာနဲ့ တကယ်လည်းအကျိုးရှိလောက်မယ့် စကားမျိုးကို လမ်းကြောင်းလွှဲပြောပေးလိုက်ပါ။


၃။ သာဓကပြ

သူ့လိုပဲ ပွဲခံလွန်းတဲ့သူတွေဟာ ဘယ်လောက်အမြင်ကတ်စရာကောင်းတယ်ဆိုတာ ကြုံရင်ကြုံသလို သာဓကပြ ပြောပေးပါ။ အပေါင်းအသင်းတွေနဲ့လည်း ဆွေးနွေးပြပါ။


၄။ သိသိသာသာ ဥပေက္ခာပြု

ဒါကတော့ တော်တော်သတ္တိကောင်းပြီး အားမနာတတ်တဲ့သူတွေပဲလုပ်နိုင်မယ့် ပညာပြနည်းပါ။ သူ ဘာပြောပြော၊ ဘာဆိုဆို လုံးဝကိုဂရုမစိုက်ဘဲ သိသာအောင်ကို ဥပေက္ခာပြုထားလိုက်ပါ။ ကိုယ်နဲ့ဆိုင်တဲ့ကိစ္စပြောလာရင်တောင် မသိချင်ယောင် များများဆောင်ပေးလိုက်ပါ။


၅။ သူ့ထက်ပိုပြီးအပိုတွေလုပ်

ဒါကတော့ အရွဲ့တိုက်နည်းတစ်မျိုးပါပဲ။ သူပွဲခံတာ၊ သူအပိုတွေလုပ်ပြပြီး အာရုံစိုက်မှုရအောင်ကြိုးစားနေတာတွေထက် ကိုယ်ကပိုပေါက်ရောက်မယ့်၊ ပိုလူသိမယ့်လုပ်ရပ်တွေနဲ့ အပိုတွေလုပ်ပြဖို့ပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top