Kantharyar Centre
×

ဘရာဇီး ေဘာလံုးကလပ္ ခ်ာပက္ကိုယန္ဆီ အသင္းသားမ်ား အပါအဝင္ လူေပါင္း ၇၀ ေက်ာ္ကို တင္ေဆာင္လာသည့္ ခရီးသည္တင္ ေလယာဉ္တစ္စီး ကိုလံဘီယာတြင္ ပ်က္က်ခဲ့ေၾကာင္း သိရသည္။

မက္ဒယ္လင္းေလဆိပ္ တာဝန္ရွိသူမ်ားက အဆုိပါ ေလယာဉ္သည္ မိမိတုိ႔ၿမိဳ႕ထံ ဦးတည္ပ်ံသန္းလာစဉ္ ဆိုးရြားသည့္ အေရးေပၚ အေျခအေနတစ္ရပ္ ႀကံဳေတြ႕ခဲ့ေၾကာင္း အတည္ျပဳခဲ့သည္။ ေလယာဉ္ ပ်က္က်မႈေၾကာင့္ အေသအေပ်ာက္ မည္မွ် ရွိသည္ကို အတိအက် မသိရေသးေခ်။ ေဒသခံ မီဒီယာမ်ားက အသက္ရွင္ က်န္သူမ်ားလည္း ရွိခဲ့ၿပီး အနည္းဆံုး လူ ၁၀ ဦးမွ်ကို ေဆး႐ံုသို႔ အေရးေပၚ တင္ပို႔ခဲ့ေၾကာင္း ေဖာ္ျပၾကသည္။

ခ်ာပက္ကိုယန္ဆီ အသင္းသည္ မက္ဒယ္လင္းၿမိဳ႕တြင္ အက္သလက္တီကို ေနစီယြန္နယ္လ္ႏွင့္ ကိုပါ ဆုဒ္အေမရိကဖလား ဗိုလ္လုပြဲ ကစားရန္ ေလယာဉ္ႏွင့္အတူ လုိက္ပါလာျခင္း ျဖစ္သည္။ မက္ဒယ္လင္း ၿမိဳ႕ေတာ္ဝန္ ဖက္ဒေရကို ဂူတီယာရက္ဇ္က အေသအေပ်ာက္ စာရင္းကို မသိရေသးေသာ္လည္း အသက္ရွင္ က်န္သူမ်ား ရွိမည္ဟု ယံုၾကည္ေၾကာင္း ဆိုသည္။

“တကယ့္ကို ဆိုးရြားတဲ့ ေၾကကြဲစရာ ကိစၥႀကီးပါပဲ”ဟု ေလယာဉ္ပ်က္က်သည့္ ေတာင္ထူထပ္ရာ ေနရာသို႔ သြားေရာက္ေနခ်ိန္တြင္ ေရဒီယိုမွတဆင့္ ၿမိဳ႕ေတာ္ဝန္က ေျပာၾကားခဲ့သည္။ ထို႔အျပင္ ကယ္ဆယ္ေရးမ်ားႏွင့္ လူနာတင္ယာဉ္မ်ားကိုလည္း ေလယာဉ္ပ်က္က်သည့္ ေနရာသို႔ ခ်က္ခ်င္း ေစလႊတ္ခဲ့ေၾကာင္း ၎က ဆိုသည္။

ေလယာဉ္ပ်က္က်ရသည့္ အေၾကာင္းရင္းကို တိတိက်က် မသိရေသးေခ်။ သို႔ေသာ္ ထိုအခ်ိန္တြင္ ယင္းေဒသ၌ ရာသီဥတု ဆိုးရြားလ်က္ ရွိသည္။

ခ်ာပက္ကိုယန္ဆီ အသင္းသည္ ဆန္တာ ကာတာရီနာတြင္ အေျခစိုက္ၿပီး ဘရာဇီး၏ အဆင့္အျမင့္ဆံုး အမွတ္ေပးၿပိဳင္ပြဲျဖစ္သည့္ စီးရီးေအတြင္ ပါဝင္ယွဉ္ၿပိဳင္ေနသည္။ ခ်ာပက္ကိုယန္ဆီ အသင္းကို ၁၉၇၃ ခုႏွစ္တြင္ စတင္ထူေထာင္ၿပီး ၂၀၁၄ ခုႏွစ္က စီးရီးေအသို႔ တန္းတက္ခြင့္ ရလာျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ဘရာဇီး ဘောလုံးကလပ် ချာပက်ကိုယန်ဆီ အသင်းသားများ အပါအဝင် လူပေါင်း ၇၀ ကျော်ကို တင်ဆောင်လာသည့် ခရီးသည်တင် လေယာဉ်တစ်စီး ကိုလံဘီယာတွင် ပျက်ကျခဲ့ကြောင်း သိရသည်။


မက်ဒယ်လင်းလေဆိပ် တာဝန်ရှိသူများက အဆိုပါ လေယာဉ်သည် မိမိတို့မြို့ထံ ဦးတည်ပျံသန်းလာစဉ် ဆိုးရွားသည့် အရေးပေါ် အခြေအနေတစ်ရပ် ကြုံတွေ့ခဲ့ကြောင်း အတည်ပြုခဲ့သည်။ လေယာဉ် ပျက်ကျမှုကြောင့် အသေအပျောက် မည်မျှ ရှိသည်ကို အတိအကျ မသိရသေးချေ။ ဒေသခံ မီဒီယာများက အသက်ရှင် ကျန်သူများလည်း ရှိခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးမျှကို ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ကြောင်း ဖော်ပြကြသည်။

ချာပက်ကိုယန်ဆီ အသင်းသည် မက်ဒယ်လင်းမြို့တွင် အက်သလက်တီကို နေစီယွန်နယ်လ်နှင့် ကိုပါ ဆုဒ်အမေရိကဖလား ဗိုလ်လုပွဲ ကစားရန် လေယာဉ်နှင့်အတူ လိုက်ပါလာခြင်း ဖြစ်သည်။ မက်ဒယ်လင်း မြို့တော်ဝန် ဖက်ဒရေကို ဂူတီယာရက်ဇ်က အသေအပျောက် စာရင်းကို မသိရသေးသော်လည်း အသက်ရှင် ကျန်သူများ ရှိမည်ဟု ယုံကြည်ကြောင်း ဆိုသည်။

“တကယ့်ကို ဆိုးရွားတဲ့ ကြေကွဲစရာ ကိစ္စကြီးပါပဲ”ဟု လေယာဉ်ပျက်ကျသည့် တောင်ထူထပ်ရာ နေရာသို့ သွားရောက်နေချိန်တွင် ရေဒီယိုမှတဆင့် မြို့တော်ဝန်က ပြောကြားခဲ့သည်။ ထို့အပြင် ကယ်ဆယ်ရေးများနှင့် လူနာတင်ယာဉ်များကိုလည်း လေယာဉ်ပျက်ကျသည့် နေရာသို့ ချက်ချင်း စေလွှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။ သို့သော် ထိုအချိန်တွင် ယင်းဒေသ၌ ရာသီဥတု ဆိုးရွားလျက် ရှိသည်။

ချာပက်ကိုယန်ဆီ အသင်းသည် ဆန်တာ ကာတာရီနာတွင် အခြေစိုက်ပြီး ဘရာဇီး၏ အဆင့်အမြင့်ဆုံး အမှတ်ပေးပြိုင်ပွဲဖြစ်သည့် စီးရီးအေတွင် ပါဝင်ယှဉ်ပြိုင်နေသည်။ ချာပက်ကိုယန်ဆီ အသင်းကို ၁၉၇၃ ခုနှစ်တွင် စတင်ထူထောင်ပြီး ၂၀၁၄ ခုနှစ်က စီးရီးအေသို့ တန်းတက်ခွင့် ရလာခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top