Property Expo
×

၆ ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္က သူ႔ရဲ႕ ၄ ႏွစ္အရြယ္ညီမေလးတစ္ေယာက္နဲ႔ ေစ်းတန္းတစ္ခုေရွ႕ကို ေရာက္လာၾကတယ္။ တစ္ေနရာေရာက္ေတာ့ သူ႔ညီမေလးက ေနာက္က်န္ေနခဲ့ျပီး စိတ္ဝင္စားစရာတစ္ခုကို သဲၾကီးမဲၾကီးၾကည့္ေနတာ ေတြ႔လိုက္တယ္။
 ေကာင္ေလးက ေနာက္ျပန္ေလွ်ာက္သြားျပီး ေမးလိုက္တယ္ ညီမေလးဘာကိုၾကည့္ေနတာလဲတဲ့။ ေကာင္မေလးက အရုပ္မေလးတစ္ရုပ္ကို လက္ညႈိးထုိးျပတယ္။ ေကာင္ေလးက ညီမေလးကို သိပ္ခ်စ္ျပီးတာဝန္ေက်တဲ့ အကိုတစ္ေယာက္ရဲ႕ ဟန္ပန္နဲ႔ သူ႕ညီမေလး လက္ကိုဆြဲျပီး အရုပ္မေလးကို ယူေပးလိုက္တယ္။ ကေလးမေလးက အရမ္းေပ်ာ္သြားတယ္။

ဆုိင္ပိုင္ရွင္က ဒီျဖစ္စဥ္အစအဆုံးကိုျမင္ခဲ့ျပီး ေကာင္ေလးရဲ႕ ရင့္က်က္တဲ့အျပဳအမူကုိ  သေဘာက် ေနမိတယ္။ ဒီလိုနဲ႔ ေကာင္ေလးက ေကာင္တာနားကိုေရာက္လာျပီး ဒီအရုပ္ဖုိးဘယ္ေလာက္လဲလို႔ ေမးလာတယ္။ ဆုိင္ရွင္လူၾကီးက သေဘာမေနာေကာင္းျပီး ေလာကၾကီးရဲ႕ အေတြ႔အၾကဳံအမ်ဳိးမ်ဳိး၊ အံ့ၾသထူးဆန္းစရာေကာင္းတာေတြကို ခံစားခဲ့ဖူးတဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။ ဒါေၾကာင့္ ေကာင္ေလးကို အရမ္းကို သေဘာက်တဲ့စိတ္နဲ႔ မင္းဘာနဲ႔ဝယ္ႏုိင္လဲ လို႔ ေမးလိုက္တယ္။

ဒီအခါ ေကာင္ေလးက သူ႔အိတ္ကပ္ထဲကေန ကမ္းေျခသြားတုန္းက သူေကာက္ခဲ့တဲ့ ခရုခြံေတြအားလုံးကို ထုတ္လိုက္ျပီး ဆုိင္ရွင္ကို ေပးလိုက္တယ္။ ဆုိင္ရွင္လူၾကီးက ခရုခြံေတြကုိ ယူလိုက္ျပီး ပိုက္ဆံေရသလို ေရလိုက္တယ္။ ျပီးေတာ့ ေကာင္ေလးကို ၾကည့္လိုက္တယ္။ေကာင္ေလးက စိတ္ပူတဲ့ပုံစံနဲ႔ေမးတယ္။ ဒါနဲ႔မေလာက္ဘူးလားတဲ့။ ဆုိင္ရွင္ၾကီးက မဟုတ္ပါဘူး..မဟုတ္ပါဘူး..ပိုေတာင္ပိုေနေသးတယ္။ ဒါေၾကာင့္ငါက ပိုေနတာေတြ ျပန္အမ္းမလို႔ပါ လုိ႔ေျပာျပီး သူက ခရုခြံ ၄ ခုပဲ ယူထားလိုက္ျပီး က်န္တာေတြကို ျပန္ေပးလိုက္တယ္။

ေကာင္ေလးက အရမ္းေပ်ာ္သြားျပီး ခရုခြံေတြအိတ္ထဲျပန္ထည့္ျပီး သူ႕ညီမေလးကိုေခၚျပီး ျပန္ထြက္သြားတယ္။ အဲ့ဒီဆုိင္က အလုပ္သမားေလးက အရမ္းအံၾသျပီး ဆရာ .ဒီေလာက္ေစ်းၾကီးတဲ့အရုပ္ကို ခရုခြံေလး ၄ ခုနဲ႔ေရာင္းလိုက္တယ္..ဟုတ္လားလု႔ိ ေမးလုိက္ပါတယ္။ ဆုိင္ရွင္လူၾကီးက ျပံဳးျပီးေျပာလုိက္တယ္။ ငါတို႔အတြက္သာ ခရုခြံေလးေတြပါကြာ။ ဒီေကာင္ေလးအတြက္ေတာ့ ဒါေတြက အဖုိးတန္ပစၥည္းေတြပဲ။ သူ႔အသက္အရြယ္နဲ႔ အကုိၾကီးတစ္ေယာက္ရဲ႕ ေမတၱာကို သူတန္ဖိုးထားတဲ့အရာေတြနဲ႔ လဲျပီးျပသြားႏုိင္တဲ့ စိတ္ေလးကို ဂုဏ္ျပဳခ်င္တယ္။

ေနာက္တစ္ခ်က္က ဒီအသက္အရြယ္မွာ ေငြဆုိတာ သူတို႔ဘာမွန္းနားမလည္ေသးေပမဲ့ သူအရြယ္ေရာက္လာတဲ့အခါမွာ သူေသခ်ာေပါက္နားလည္လာမွာ။ အဲ့ဒီအခါက်ရင္ သူက အရုပ္တစ္ရုပ္ကို ေငြအစား ခရုခြံေတြနဲ႔ဝယ္ခဲ့ဖူးတာကို ျပန္သတိရလိမ့္မယ္။ ျပီးရင္ငါ့ကိုလည္း သတိရလိမ့္မယ္။ ျပီးေတာ့ ေလာကၾကီးမွာ လူေကာင္းေတြ အမ်ားၾကီးရွိတယ္လို႔ ယုံၾကည္လိမ့္မယ္။ ဒီယုံၾကည္မႈက သူ႔ကို ေကာင္းတဲ့စိတ္ထားတစ္ခု ရေစျပီး လူေကာင္းတစ္ေယာက္ျဖစ္ခ်င္တဲ့ ခံစားခ်က္မ်ဳိးေစ့ စိုက္ေပးျပီး လူေကာင္းတစ္ေယာက္ျဖစ္လာဖို႔ ရာခုိင္ႏႈန္းမ်ားတယ္။

စိတ္ရဲ႕ စြမ္းအင္ကအရမ္းၾကီးတယ္။ ေလာကၾကီးထဲကုိ ဘယ္လိုစိတ္တစ္ခုခုေပါင္းထည့္လိုက္လုိက္ သူက ပ်ံ႕ႏွံသြားေစတတ္တဲ့ သဘာဝရွိတယ္။ မင္းေကာင္းတာလုပ္ရင္ ေကာင္းက်ဳိးေတြပ်ံ႕ႏွံ႔မယ္။ မေကာင္းတာလုပ္ရင္ မေကာင္းတာေတြပ်ံံ႔ႏွံ႔မယ္။ မင္းက အားေကာင္းတဲ့ စြမ္းအင္ရင္းျမစ္တစ္ခု ဆိုတာကို သေဘာေပါက္ထားရမယ္။ ကိုယ္လုပ္လုိက္တဲ့ေကာင္းျခင္း၊ ဆုိးျခင္းေတြက ကိုယ့္ဆီကို အဆမ်ားစြာခ်ဲ႕ျပီး ျပန္လာတတ္တယ္။ ကိုယ္လိုခ်င္တဲ့ ပုံစံမ်ဳိးနဲ႔ လာခ်င္မွ လာလိမ့္မယ္။ ကိုယ္နားမလည္တဲ့ ပုံစံနဲ႔လည္းျပန္ေရာက္လာႏုိင္တယ္။ ေသခ်ာတာကေတာ့ ျပန္လာမွာပဲ။

ဒါေၾကာင့္ တတ္ႏုိင္သမွ် ေကာင္းက်ဳိးျပဳပါ။ စိတ္ထားေကာင္းတဲ့လူေတြျဖစ္ေစဖို႔ ဒီစာေလးကို ဖတ္ျပီးရင္လည္း တတ္ႏုိင္သမွ် လူေကာင္းေတြမ်ားလာေအာင္ မွ်ေဝလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

၆ နှစ်အရွယ်ကောင်လေးတစ်ယောက်က သူ့ရဲ့ ၄ နှစ်အရွယ်ညီမလေးတစ်ယောက်နဲ့ ဈေးတန်းတစ်ခုရှေ့ကို ရောက်လာကြတယ်။ တစ်နေရာရောက်တော့ သူ့ညီမလေးက နောက်ကျန်နေခဲ့ပြီး စိတ်ဝင်စားစရာတစ်ခုကို သဲကြီးမဲကြီးကြည့်နေတာ တွေ့လိုက်တယ်။ ကောင်လေးက နောက်ပြန်လျှောက်သွားပြီး မေးလိုက်တယ် ညီမလေးဘာကိုကြည့်နေတာလဲတဲ့။ ကောင်မလေးက အရုပ်မလေးတစ်ရုပ်ကို လက်ညှိုးထိုးပြတယ်။ ကောင်လေးက ညီမလေးကို သိပ်ချစ်ပြီးတာဝန်ကျေတဲ့ အကိုတစ်ယောက်ရဲ့ ဟန်ပန်နဲ့ သူ့ညီမလေး လက်ကိုဆွဲပြီး အရုပ်မလေးကို ယူပေးလိုက်တယ်။ ကလေးမလေးက အရမ်းပျော်သွားတယ်။

ဆိုင်ပိုင်ရှင်က ဒီဖြစ်စဉ်အစအဆုံးကိုမြင်ခဲ့ပြီး ကောင်လေးရဲ့ ရင့်ကျက်တဲ့အပြုအမူကို  သဘောကျ နေမိတယ်။ ဒီလိုနဲ့ ကောင်လေးက ကောင်တာနားကိုရောက်လာပြီး ဒီအရုပ်ဖိုးဘယ်လောက်လဲလို့ မေးလာတယ်။ ဆိုင်ရှင်လူကြီးက သဘောမနောကောင်းပြီး လောကကြီးရဲ့ အတွေ့အကြုံအမျိုးမျိုး၊ အံ့သြထူးဆန်းစရာကောင်းတာတွေကို ခံစားခဲ့ဖူးတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ကောင်လေးကို အရမ်းကို သဘောကျတဲ့စိတ်နဲ့ မင်းဘာနဲ့ဝယ်နိုင်လဲ လို့ မေးလိုက်တယ်။

ဒီအခါ ကောင်လေးက သူ့အိတ်ကပ်ထဲကနေ ကမ်းခြေသွားတုန်းက သူကောက်ခဲ့တဲ့ ခရုခွံတွေအားလုံးကို ထုတ်လိုက်ပြီး ဆိုင်ရှင်ကို ပေးလိုက်တယ်။ ဆိုင်ရှင်လူကြီးက ခရုခွံတွေကို ယူလိုက်ပြီး ပိုက်ဆံရေသလို ရေလိုက်တယ်။ ပြီးတော့ ကောင်လေးကို ကြည့်လိုက်တယ်။ကောင်လေးက စိတ်ပူတဲ့ပုံစံနဲ့မေးတယ်။ ဒါနဲ့မလောက်ဘူးလားတဲ့။ ဆိုင်ရှင်ကြီးက မဟုတ်ပါဘူး..မဟုတ်ပါဘူး..ပိုတောင်ပိုနေသေးတယ်။ ဒါကြောင့်ငါက ပိုနေတာတွေ ပြန်အမ်းမလို့ပါ လို့ပြောပြီး သူက ခရုခွံ ၄ ခုပဲ ယူထားလိုက်ပြီး ကျန်တာတွေကို ပြန်ပေးလိုက်တယ်။

ကောင်လေးက အရမ်းပျော်သွားပြီး ခရုခွံတွေအိတ်ထဲပြန်ထည့်ပြီး သူ့ညီမလေးကိုခေါ်ပြီး ပြန်ထွက်သွားတယ်။ အဲ့ဒီဆိုင်က အလုပ်သမားလေးက အရမ်းအံသြပြီး ဆရာ .ဒီလောက်ဈေးကြီးတဲ့အရုပ်ကို ခရုခွံလေး ၄ ခုနဲ့ရောင်းလိုက်တယ်..ဟုတ်လားလု့ိ မေးလိုက်ပါတယ်။ ဆိုင်ရှင်လူကြီးက ပြုံးပြီးပြောလိုက်တယ်။ ငါတို့အတွက်သာ ခရုခွံလေးတွေပါကွာ။ ဒီကောင်လေးအတွက်တော့ ဒါတွေက အဖိုးတန်ပစ္စည်းတွေပဲ။ သူ့အသက်အရွယ်နဲ့ အကိုကြီးတစ်ယောက်ရဲ့ မေတ္တာကို သူတန်ဖိုးထားတဲ့အရာတွေနဲ့ လဲပြီးပြသွားနိုင်တဲ့ စိတ်လေးကို ဂုဏ်ပြုချင်တယ်။

နောက်တစ်ချက်က ဒီအသက်အရွယ်မှာ ငွေဆိုတာ သူတို့ဘာမှန်းနားမလည်သေးပေမဲ့ သူအရွယ်ရောက်လာတဲ့အခါမှာ သူသေချာပေါက်နားလည်လာမှာ။ အဲ့ဒီအခါကျရင် သူက အရုပ်တစ်ရုပ်ကို ငွေအစား ခရုခွံတွေနဲ့ဝယ်ခဲ့ဖူးတာကို ပြန်သတိရလိမ့်မယ်။ ပြီးရင်ငါ့ကိုလည်း သတိရလိမ့်မယ်။ ပြီးတော့ လောကကြီးမှာ လူကောင်းတွေ အများကြီးရှိတယ်လို့ ယုံကြည်လိမ့်မယ်။ ဒီယုံကြည်မှုက သူ့ကို ကောင်းတဲ့စိတ်ထားတစ်ခု ရစေပြီး လူကောင်းတစ်ယောက်ဖြစ်ချင်တဲ့ ခံစားချက်မျိုးစေ့ စိုက်ပေးပြီး လူကောင်းတစ်ယောက်ဖြစ်လာဖို့ ရာခိုင်နှုန်းများတယ်။

စိတ်ရဲ့ စွမ်းအင်ကအရမ်းကြီးတယ်။ လောကကြီးထဲကို ဘယ်လိုစိတ်တစ်ခုခုပေါင်းထည့်လိုက်လိုက် သူက ပျံ့နှံသွားစေတတ်တဲ့ သဘာဝရှိတယ်။ မင်းကောင်းတာလုပ်ရင် ကောင်းကျိုးတွေပျံ့နှံ့မယ်။ မကောင်းတာလုပ်ရင် မကောင်းတာတွေပျံံ့နှံ့မယ်။ မင်းက အားကောင်းတဲ့ စွမ်းအင်ရင်းမြစ်တစ်ခု ဆိုတာကို သဘောပေါက်ထားရမယ်။ ကိုယ်လုပ်လိုက်တဲ့ကောင်းခြင်း၊ ဆိုးခြင်းတွေက ကိုယ့်ဆီကို အဆများစွာချဲ့ပြီး ပြန်လာတတ်တယ်။ ကိုယ်လိုချင်တဲ့ ပုံစံမျိုးနဲ့ လာချင်မှ လာလိမ့်မယ်။ ကိုယ်နားမလည်တဲ့ ပုံစံနဲ့လည်းပြန်ရောက်လာနိုင်တယ်။ သေချာတာကတော့ ပြန်လာမှာပဲ။

ဒါကြောင့် တတ်နိုင်သမျှ ကောင်းကျိုးပြုပါ။ စိတ်ထားကောင်းတဲ့လူတွေဖြစ်စေဖို့ ဒီစာလေးကို ဖတ်ပြီးရင်လည်း တတ်နိုင်သမျှ လူကောင်းတွေများလာအောင် မျှဝေလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top