Property Expo
×

မ်က္စိ ယားယံမႈနဲ႔ ဓာတ္မတည့္မႈ တို႔ေၾကာင့္ မ်က္လံုးကို လက္နဲ႔ မၾကာခဏ ပြတ္သပ္မိရာက မ်က္လံုးေဖာင္းအစ္ မႈတို႔ ျဖစ္တတ္ပါတယ္။ အဲဒီလိုမျဖစ္ေစ ဖို႔ ေအာက္ပါနည္း ငါးမ်ဳိးကို လိုက္နာသင့္ ပါတယ္။

(၁) မ်က္စိကို မထိေတြ႕ခင္ လက္ေဆးပါ

မ်က္စိထဲကို ဝင္တဲ့ ဓာတ္မတည့္မႈ ျဖစ္ေစတဲ့ ပိုးမႊားေတြက အဓိကအားျဖင့္ လက္ကေန ဝင္လာတာပါ။ လက္ကို မၾကာ ခဏ ေဆးေၾကာေပးပါ။ အထူးသျဖင့္ လက္ကို ေဆးေၾကာသန္႔စင္ၿပီးမွ မ်က္လံုး ကို ထိေတြ႕ကိုင္တြယ္သင့္ပါတယ္။

(၂) မ်က္စိယားလွ်င္ မ်က္စဥ္းေဆးခတ္ပါ

ဆားရည္နဲ႔ မ်က္ရည္တုေတြက မ်က္စိတြင္း ဓာတ္မတည့္မႈေတြ သန္႔စင္ ေအာင္ ဖယ္ရွားေပးႏိုင္ ပါတယ္။ မ်က္စိ ေျခာက္ေသြ႕မႈအတြက္ သံုးတဲ့ မ်က္ရည္ တုေတြက မ်က္စိ ယားယံမႈနဲ႔ ေျခာက္ ေသြ႕မႈကို သက္သာေစပါတယ္။

(၃) ေအးျမေသာ ပိတ္စတစ္စ ကပ္ပါ

မ်က္စိယားယံ မႈျဖစ္လြန္းရင္ ေအး ျမသန္႔ရွင္းတဲ့ ပိတ္စကို မ်က္စိေပၚကို အုပ္ေပးပါ။ ဒါဆိုရင္ မ်က္လံုးေဖာင္းအစ္ မႈကို သက္သာေစၿပီး မ်က္စိေရာင္ရမ္းမႈ ေလ်ာ့က်ကာ ယားယံတာကို သက္သာ ေစပါတယ္။

(၄) ျပတင္းေပါက္ကို ပိတ္ထားပါ

ျပင္ပက ဓာတ္မတည့္မႈျဖစ္ေစတဲ့ အရာေတြကို အၿမဲေရွာင္လႊဲဖို႔ဆိုတာ မ ျဖစ္ႏိုင္ပါဘူး။ ဒါေပမဲ့ မ်က္စိထဲကို ဖုန္ မႈန္႔ေတြ မဝင္ဖို႔ဆိုရင္ အိမ္ထဲမွာေနရင္ ေတာင္ ျပတင္းေပါက္ကို ပိတ္ထားဖို႔ လို ပါတယ္။ အထူးသျဖင့္ ဖုန္မႈန္႔ထူထပ္တဲ့ ေနရာေတြမွာ ျပတင္းေပါက္ပိတ္ၿပီး အဲ ကြန္းဖြင့္ထားေပး ရပါမယ္။ ေလအျပင္း အထန္တိုက္တဲ့ အခ်ိန္ေတြမွာ ျပတင္း ေပါက္ကို ပိတ္ၿပီး အိမ္ထဲမွာေနပါ။

(၅) ေနကာမ်က္မွန္ တပ္ပါ

ေနကာ မ်က္မွန္နဲ႔ ပံုမွန္မ်က္မွန္တပ္ ရင္ မ်က္စိထဲကို ဖုန္မႈန္႔ေတြ၊ ပန္းဝတ္ မႈန္ေတြ မဝင္ေအာင္ ကာကြယ္ေပးႏိုင္ပါ တယ္။ ေနကာမ်က္မွန္ဟာ ခရမ္းလြန္ ေရာင္ျခည္ဒဏ္ေၾကာင့္ မ်က္စိထိခိုက္မႈ မရွိေအာင္ ကာကြယ္ႏိုင္ ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoyarlay

#Unicode Version
မျက်စိ ယားယံမှုနဲ့ ဓာတ်မတည့်မှု တို့ကြောင့် မျက်လုံးကို လက်နဲ့ မကြာခဏ ပွတ်သပ်မိရာက မျက်လုံးဖောင်းအစ် မှုတို့ ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်စေ ဖို့ အောက်ပါနည်း ငါးမျိုးကို လိုက်နာသင့် ပါတယ်။

(၁) မျက်စိကို မထိတွေ့ခင် လက်ဆေးပါ

မျက်စိထဲကို ဝင်တဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့ ပိုးမွှားတွေက အဓိကအားဖြင့် လက်ကနေ ဝင်လာတာပါ။ လက်ကို မကြာ ခဏ ဆေးကြောပေးပါ။ အထူးသဖြင့် လက်ကို ဆေးကြောသန့်စင်ပြီးမှ မျက်လုံး ကို ထိတွေ့ကိုင်တွယ်သင့်ပါတယ်။

(၂) မျက်စိယားလျှင် မျက်စဉ်းဆေးခတ်ပါ

ဆားရည်နဲ့ မျက်ရည်တုတွေက မျက်စိတွင်း ဓာတ်မတည့်မှုတွေ သန့်စင် အောင် ဖယ်ရှားပေးနိုင် ပါတယ်။ မျက်စိ ခြောက်သွေ့မှုအတွက် သုံးတဲ့ မျက်ရည် တုတွေက မျက်စိ ယားယံမှုနဲ့ ခြောက် သွေ့မှုကို သက်သာစေပါတယ်။

(၃) အေးမြသော ပိတ်စတစ်စ ကပ်ပါ

မျက်စိယားယံ မှုဖြစ်လွန်းရင် အေး မြသန့်ရှင်းတဲ့ ပိတ်စကို မျက်စိပေါ်ကို အုပ်ပေးပါ။ ဒါဆိုရင် မျက်လုံးဖောင်းအစ် မှုကို သက်သာစေပြီး မျက်စိရောင်ရမ်းမှု လျော့ကျကာ ယားယံတာကို သက်သာ စေပါတယ်။

(၄) ပြတင်းပေါက်ကို ပိတ်ထားပါ

ပြင်ပက ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကို အမြဲရှောင်လွှဲဖို့ဆိုတာ မ ဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မျက်စိထဲကို ဖုန် မှုန့်တွေ မဝင်ဖို့ဆိုရင် အိမ်ထဲမှာနေရင် တောင် ပြတင်းပေါက်ကို ပိတ်ထားဖို့ လို ပါတယ်။ အထူးသဖြင့် ဖုန်မှုန့်ထူထပ်တဲ့ နေရာတွေမှာ ပြတင်းပေါက်ပိတ်ပြီး အဲ ကွန်းဖွင့်ထားပေး ရပါမယ်။ လေအပြင်း အထန်တိုက်တဲ့ အချိန်တွေမှာ ပြတင်း ပေါက်ကို ပိတ်ပြီး အိမ်ထဲမှာနေပါ။

(၅) နေကာမျက်မှန် တပ်ပါ

နေကာ မျက်မှန်နဲ့ ပုံမှန်မျက်မှန်တပ် ရင် မျက်စိထဲကို ဖုန်မှုန့်တွေ၊ ပန်းဝတ် မှုန်တွေ မဝင်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ နေကာမျက်မှန်ဟာ ခရမ်းလွန် ရောင်ခြည်ဒဏ်ကြောင့် မျက်စိထိခိုက်မှု မရှိအောင် ကာကွယ်နိုင် ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yoyarlay
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top