Property Expo
×

 မ်ိဳး႐ိုးလိုက္ေသာ ႏွလံုးေရာဂါ ျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ျမင့္ မားသူပင္လွ်င္ က်န္းမာေရးႏွင့္ညီေသာ လူေနမႈဘ၀ပံုစံအတိုင္း ေန ထိုင္စားေသာက္ပါက ႏွလံုး (သို႔မဟုတ္) အလားတူျဖစ္ရပ္မ်ိဳး ျဖစ္ လာႏိုင္ေျခ ထက္၀က္ေလ်ာ့က်ေစႏိုင္ေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။

ေဆးလိပ္မေသာက္ျခင္း၊ ကိုယ္အေလးခ်ိန္ ပိုမမ်ားေအာင္ ေန ထုိင္ျခင္းႏွင့္ ပံုမွန္ေလ့က်င့္ခန္းလုပ္ျခင္း အပါအ၀င္ က်န္းမာေရး ႏွင့္ညီေသာ လူေနမႈဘ၀ပံုစံအတိုင္း ေနထိုင္ျခင္းသည္ ႏွလံုးေရာဂါ ျဖစ္ပြားႏိုင္ေသာ အႏၲရာယ္မွ ကင္းေ၀းေစႏိုင္ေၾကာင္းကို ေကာင္းစြာ သိရွိထားၾကၿပီး ျဖစ္သည္။


မ်ိဳး႐ိုးလိုက္ေသာ ႏွလံုးေရာဂါျဖစ္ပြားႏိုင္သည့္ အႏၲရာယ္ကို ေရွာင္လဲႊမရႏိုင္ဟု ယူဆၾကေသာ္လည္း ေဆးလိပ္မေသာက္ျခင္း၊ အ၀လြန္မႈမရွိျခင္း (ခႏၶာကိုယ္ၫႊန္းကိန္း ၃၀ ေအာက္ရွိျခင္း)၊ သီတင္း တစ္ပတ္လွ်င္ အနည္းဆံုးတစ္ႀကိမ္ ေလ့က်င့္ခန္းလုပ္ျခင္းႏွင့္ က်န္း မာေရးႏွင့္ညီေသာ စားေသာက္ပံုမ်ားေၾကာင့္ ယင္းအႏၲရာယ္ကို ေလ်ာ့က်ေစႏိုင္ေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္။

မိသားစုတြင္ ႏွလံုးေရာဂါျဖစ္ပြားသည့္ ရာဇ၀င္ရွိျခင္း၊ ေသြး ထဲတြင္ မေကာင္းေသာ ကိုလက္စထေရာမ်ား မ်ားျပားေနျခင္းသည္ ႏွလံုးထိခိုက္မႈ ျဖစ္ေစႏိုင္ေသာ အဓိကအေၾကာင္းရင္းမ်ား ျဖစ္ သည္။

မ်ိဳး႐ိုးလိုက္ေသာ အႏၲရာယ္မ်ား ရွိေနေသာ္လည္း လူမႈဘ၀ပံုစံ က ႏွလံုးေရာဂါျဖစ္ႏိုင္သည့္ အႏၲရာယ္ကို သိသိသာသာ ေျပာင္းလဲ သြားေစႏိုင္ၿပီး မ်ိဳး႐ိုးလိုက္ေသာ အႏၲရာယ္ျမင့္မားသူမ်ား က်န္းမာ ေရးႏွင့္အညီ ေနထိုင္စားေသာက္ျခင္းေၾကာင့္ ယင္းအႏၲရာယ္မ်ားကို ၅၆ ရာခိုင္ႏႈန္း ေလ်ာ့က်ေစႏိုင္သည္ဟု သုေတသီမ်ားက ေျပာ သည္။

လူအခ်ိဳ႕အေနျဖင့္ မ်ိဳး႐ိုးလိုက္ေသာ ႏွလံုးေရာဂါျဖစ္ပြားမႈမွ မလြတ္ေျမာက္ႏိုင္ဟု ခံစားရေကာင္း ခံစားရႏိုင္ေသာ္လည္း က်န္း မာေရးႏွင့္ညီေသာ လူေနမႈဘ၀ပံုစံအတိုင္း ေနထိုင္ပါက ယင္းအႏၲ ရာယ္ကို ထိေရာက္စြာ ေလ်ာ့က်ေစႏိုင္ေၾကာင္း ေလ့လာမႈက ေဖာ္ ျပေနသည္ဟု သုေတသီမ်ားကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မျိုးရိုးလိုက်သော နှလုံးရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့် မားသူပင်လျှင် ကျန်းမာရေးနှင့်ညီသော လူနေမှုဘဝပုံစံအတိုင်း နေ ထိုင်စားသောက်ပါက နှလုံး (သို့မဟုတ်) အလားတူဖြစ်ရပ်မျိုး ဖြစ် လာနိုင်ခြေ ထက်ဝက်လျော့ကျစေနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။

ဆေးလိပ်မသောက်ခြင်း၊ ကိုယ်အလေးချိန် ပိုမများအောင် နေ ထိုင်ခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း အပါအဝင် ကျန်းမာရေး နှင့်ညီသော လူနေမှုဘဝပုံစံအတိုင်း နေထိုင်ခြင်းသည် နှလုံးရောဂါ ဖြစ်ပွားနိုင်သော အန္တရာယ်မှ ကင်းဝေးစေနိုင်ကြောင်းကို ကောင်းစွာ သိရှိထားကြပြီး ဖြစ်သည်။


မျိုးရိုးလိုက်သော နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ကို ရှောင်လွဲှမရနိုင်ဟု ယူဆကြသော်လည်း ဆေးလိပ်မသောက်ခြင်း၊ အဝလွန်မှုမရှိခြင်း (ခန္ဓာကိုယ်ညွှန်းကိန်း ၃၀ အောက်ရှိခြင်း)၊ သီတင်း တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်း မာရေးနှင့်ညီသော စားသောက်ပုံများကြောင့် ယင်းအန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

မိသားစုတွင် နှလုံးရောဂါဖြစ်ပွားသည့် ရာဇဝင်ရှိခြင်း၊ သွေး ထဲတွင် မကောင်းသော ကိုလက်စထရောများ များပြားနေခြင်းသည် နှလုံးထိခိုက်မှု ဖြစ်စေနိုင်သော အဓိကအကြောင်းရင်းများ ဖြစ် သည်။

မျိုးရိုးလိုက်သော အန္တရာယ်များ ရှိနေသော်လည်း လူမှုဘဝပုံစံ က နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်ကို သိသိသာသာ ပြောင်းလဲ သွားစေနိုင်ပြီး မျိုးရိုးလိုက်သော အန္တရာယ်မြင့်မားသူများ ကျန်းမာ ရေးနှင့်အညီ နေထိုင်စားသောက်ခြင်းကြောင့် ယင်းအန္တရာယ်များကို ၅၆ ရာခိုင်နှုန်း လျော့ကျစေနိုင်သည်ဟု သုတေသီများက ပြော သည်။

လူအချို့အနေဖြင့် မျိုးရိုးလိုက်သော နှလုံးရောဂါဖြစ်ပွားမှုမှ မလွတ်မြောက်နိုင်ဟု ခံစားရကောင်း ခံစားရနိုင်သော်လည်း ကျန်း မာရေးနှင့်ညီသော လူနေမှုဘဝပုံစံအတိုင်း နေထိုင်ပါက ယင်းအန္တ ရာယ်ကို ထိရောက်စွာ လျော့ကျစေနိုင်ကြောင်း လေ့လာမှုက ဖော် ပြနေသည်ဟု သုတေသီများကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top