Property Expo
×

အာလူးေတြမွာ ပိုတက္စီယမ္သတၱဳဓာတ္ ျမင့္မားႂကြယ္၀ပါတယ္။ သင့္ေလ်ာမွန္ကန္တဲ့ ပိုတက္စီယမ္သတၱဳဓာတ္ဆားပမာဏကို စားေပးႏုိင္ပါက ေသြးတိုးေရာဂါျဖစ္ႏိုင္ေျခနည္းပါး က်ဆင္းေစႏုိင္ပါတယ္။ သို႔ေသာ္ သင့္တင့္မွ်တတဲ့ ပမာဏထက္ ပိုလာရင္ေတာ့ ဆိုလိုတာက အာလူးအမ်ားႀကီးစားမိရင္ ကယ္လိုရီေတြ တက္လာေတာ့မယ္ဆုိတာ ႀကိဳသတိေပးလိုပါတယ္။ အာလူးကို အသားနဲ႔ေရာခ်က္တဲ့ဟင္း ဒါမွမဟုတ္ အာလူးျပဳတ္ ဒါမွမဟုတ္ ဆီနဲ႔အားရပါးရေၾကာထားတဲ့ အာလူးေၾကာ္ဆုိရင္ေတာ့ သင့္မွာမလိုခ်င္တဲ့ ကယ္လိုရီေတြေရာ၊ အဆီဓာတ္ေတြေရာ အပိုဆုေတြ ထပ္ထပ္ရမွာမလြဲပါဘူး။

          ေသြးတိုးေရာဂါနဲ႔ ပိုတက္စီယမ္သတၱဳဓာတ္ဆား စားေပးျခင္း ႏွီးႏႊယ္မႈကို သူနာျပဳေတြရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈအား ေလ့လာသံုးသပ္ျခင္းႏွင့္ က်န္းမာေရး၀န္ထမ္းဆရာ၀န္၊ ဆရာမ၊ လူနာေဟာင္းမ်ားအား Follow up မွန္မွန္ၾကည့္႐ႈေလ့လာျခင္းတို႔မွ ေတြ႕ရွိတဲ့စာရင္းဇယားအရ ထိုသူမ်ား၏အသက္အရြယ္၊ ဇာတိမ်ိဳးႏြယ္အုပ္စုႏွင့္ တုိင္းျပည္အေပၚမူတည္၍လည္းေကာင္း၊ ခႏၶာကိုယ္ထုထည္စံႏႈန္းအရလည္းေကာင္း၊ ေဆးလိပ္/ အရက္ေသာက္သံုး/မသံုး အေပၚမူတည္၍ လည္းေကာင္း၊ ကိုယ္ကာယလႈပ္ရွားမႈ ရွိ/မရွိ စသည့္အခ်က္မ်ားႏွင့္ ေဆး၀ါးေသာက္သံုးေနရသလား စတဲ့အခ်က္မ်ားအေပၚမူတည္ၿပီးလည္းေကာင္း သုေတသီမ်ားက ေလ့လာခဲ့ၾကပါတယ္။

          သုေတသနပညာရွင္မာ်းဟာ ေရွ႕မွာေဖာ္ျပခဲ့တဲ့ သူနာျပဳမ်ား၊ က်န္းမာေရး၀န္ထမ္းမ်ားနဲ႔ ေစတနာ့၀န္ထမ္း ပါ၀င္ကူညီေျဖဆိုေပးခဲ့တဲ့လူေပါင္း တစ္သိန္းရွစ္ေသာင္းခုနစ္ေထာင္ (187000) ေက်ာ္အား စစ္တမ္းေကာက္ေလ့လာ ခဲ့ၾကပါတယ္။ ထုိသူမ်ားမွာ ထိုအခ်ိန္ကေသြးတိုးေရာဂါမရွိခဲ့ၾကပါဘူးတဲ့။ ဒါေပမဲ့ အဲဒီလို ေလ့လာသုေတသနျပဳလုပ္ေန တဲ့ ႏွစ္ေတြအတြင္းမွာပဲ ထုိလူတစ္သိန္းေက်ာ္အနက္ ခုနစ္ေသာင္းရွစ္ေထာင္ (78000) မွာ ေသြးတိုးေရာဂါျဖစ္ပြား လာခဲ့တာကို ေတြ႕ရွိလာခဲ့ပါတယ္တဲ့။ ဘာ့ေၾကာင့္ ယခင္က ေသြးတိုးေရာဂါမရွိခဲ့ၾကပါလ်က္နဲ႔ ယခုေသြးတိုးေရာဂါျဖစ္လာၾကရတာလဲဆိုတာ ေလ့လာ ဆန္းစစ္ၾကည့္လိုက္တဲ့အခါ ထုိေစတနာ့၀န္ထမ္း သုေတသနအစမ္းသပ္ခံ ေသြးတိုးေရာဂါရလာတဲ့သူေတြဟာ အာလူးအလြန္ႀကိဳက္တဲ့ လူေတြျဖစ္ေနၿပီး၊ ေမးျမန္း ၾကည့္လုိက္ေတာ့ အာလူးဖုတ္၊ အာလူးျပဳတ္၊ အာလူးေထာင္းေျခ၊ အာလူးေၾကာ္ အမ်ိဳးမ်ိဳးကို အလြန္ႀကိဳက္၊ အလြန္စားတဲ့လူေတြျဖစ္ေနၾကေၾကာင္း ေတြ႕လာ ရပါတယ္။ ေန႔တုိင္းအာလူးေၾကာ္စာတဲ့သူ၊ အာလူးကက္တလိတ္စားသူ၊ အာလူးျပဳတ္ေထာင္းၿပီး သံလြင္ဆီနဲ႔ ဆားထည့္နယ္စားသူ စသည္ျဖင့္ တစ္နည္းမဟုတ္ တစ္နည္းအာလူးကိုေန႔စဥ္စားျဖစ္ေနတာ ေတြ႔ခဲ့ရပါတယ္။

          တခ်ိဳ႕ဆိုရင္ တစ္ပတ္မွာ အာလူးေၾကာ္ 4 ရက္စားတတ္ေၾကာင္းေတြ႕ခဲ့ရပါတယ္။ အမွန္ေတာ့ တစ္ပတ္မွာ အာလူးေၾကာ္ 1 ႀကိမ္စားတာနဲ႔ 4 ႀကိမ္စားသူေတြတူမွာမဟုတ္ပါ။

          သို႔ေသာ္ အာလူးမ်ားမ်ားစားေလေလ ေသြးတိုးေရာဂါျဖစ္လာႏႈန္းျမင့္လာေလေလျဖစ္ပါတယ္။ ဘာ့ေၾကာင့္ျဖစ္ရတာလဲဆိုေတာ့ သုေတသနေခါင္းေဆာင္ ေထာက္ျပလိုက္တဲ့အခ်က္ကေတာ့ အလာလူးမ်ားမ်ားစားေလေလ၊ အခ်ဳိဓာတ္ျမင့္၊ ကယ္လိုရီမ်ားေတာ့ အခ်ိဳဓာတ္ေတြစုေပါင္းလာၿပီး ဓာတ္တိုးေစကာကလာပ္စည္းမ်ားအား ေရာင္ရမ္းေစျခင္းႏွင့္ ပံုမွန္လုပ္ငန္းေတြမလုပ္ႏုိင္ျဖစ္တာေတြ႕ရပါတယ္။ အမ်ားအားျဖင့္ အာလူးစားရင္ အရသာေကာင္းေအာင္ ဆားေလးေလးခတ္ၿပီး စားေလ့ရွိလို႔ပါပဲ။ ေနာက္တစ္ခုက ငယ္ငယ္ကတည္းက အငန္ႀကိဳက္ခဲ့သူေတြဟာ ဘာစားစားဆားငန္ငန္ေလးထည့္ စားတတ္ေလေတာ့ မ်ားမ်ားစားေလ၊ ဆားမ်ားမ်ားပါေလျဖစ္ကာ ၾကာေတာ့ေသြးတိုးလာရျခင္းျဖစ္ပါသတဲ့။ အာလူးကိုလည္း ဆားထည့္ျပဳတ္မွ ေကာင္းတယ္လို႔ယူဆပါက ကိုယ့္ရဲ႕ အေလ့အထ၊ အမူအက်င့္ေတြကလည္း ကိုယ့္ကိုဒုကၡေပးလိုက္တာပါ။ ဒါေၾကာင့္ မိမိမွာေသြးတိုးေရာဂါျဖစ္လာရတာဟာ ကိုယ္စားလိုက္တဲ့ အစားအစာေတြနဲ႔ အာဟာရဓာတ္ေတြရဲ႕ အဆိုးအေကာင္းကို သိရွိနားလည္ထားမႈအေတြ႕အၾကံဳ၊ အသိပညာနဲ႔လည္း သက္ဆုိင္ပါတယ္။ ရယ္ဒီမိတ္ အာလူးေၾကာ္ဆိုတာကလည္း အငန္ဓာတ္မ်ားလွပါတယ္။ အသင့္အတင့္စားၿပီး ရပ္ထားဖို႔ စိတ္ထိန္းရန္လိုပါတယ္။ ဒီေနရာမွာ မည္သည့္အစားအစာမဆို ကိုယ္ႀကိဳက္လို႔စားလိုက္တာရွိသလို စားစရာေရြးခ်ယ္စရာမရွိလုိ႔ ရွိတဲ့အစားအစာကို စားလုိက္ရတာမ်ိဳးလည္းၾကံဳရတတ္ပါတယ္။ ျဖစ္ႏုိင္ရင္ သဘာ၀အတိုင္းစားေပးႏိုင္ရန္ စိတ္ကိုအသင့္ျပင္ထားေစလိုပါတယ္။ ကန္စြန္းဥျပဳတ္လို အစားအစာမ်ိဳးကို ဆီနဲ႔ဆားနဲ႔တို႔စားမဲ့အစား ဒီအတိုင္းအျပဳတ္ကို အခြံႏႊာစားလို႔မရဘူးလား။ အရသာေနာက္ကို လုိက္ရင္းလိုက္ရင္းနဲ႔ အသက္ရလာခ်ိန္မွာ လူဟာေရာဂါေတြပါ အဆစ္ထပ္တိုးလာတတ္ပါေၾကာင္း သတိေပးႏႈိးေဆာ္လိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Drmyanmar

Unicode Version

အာလူးတွေမှာ ပိုတက်စီယမ်သတ္တုဓာတ် မြင့်မားကြွယ်ဝပါတယ်။ သင့်လျောမှန်ကန်တဲ့ ပိုတက်စီယမ်သတ္တုဓာတ်ဆားပမာဏကို စားပေးနိုင်ပါက သွေးတိုးရောဂါဖြစ်နိုင်ခြေနည်းပါး ကျဆင်းစေနိုင်ပါတယ်။ သို့သော် သင့်တင့်မျှတတဲ့ ပမာဏထက် ပိုလာရင်တော့ ဆိုလိုတာက အာလူးအများကြီးစားမိရင် ကယ်လိုရီတွေ တက်လာတော့မယ်ဆိုတာ ကြိုသတိပေးလိုပါတယ်။ အာလူးကို အသားနဲ့ရောချက်တဲ့ဟင်း ဒါမှမဟုတ် အာလူးပြုတ် ဒါမှမဟုတ် ဆီနဲ့အားရပါးရကြောထားတဲ့ အာလူးကြော်ဆိုရင်တော့ သင့်မှာမလိုချင်တဲ့ ကယ်လိုရီတွေရော၊ အဆီဓာတ်တွေရော အပိုဆုတွေ ထပ်ထပ်ရမှာမလွဲပါဘူး။

          သွေးတိုးရောဂါနဲ့ ပိုတက်စီယမ်သတ္တုဓာတ်ဆား စားပေးခြင်း နှီးနွှယ်မှုကို သူနာပြုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအား လေ့လာသုံးသပ်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းဆရာဝန်၊ ဆရာမ၊ လူနာဟောင်းများအား Follow up မှန်မှန်ကြည့်ရှုလေ့လာခြင်းတို့မှ တွေ့ရှိတဲ့စာရင်းဇယားအရ ထိုသူများ၏အသက်အရွယ်၊ ဇာတိမျိုးနွယ်အုပ်စုနှင့် တိုင်းပြည်အပေါ်မူတည်၍လည်းကောင်း၊ ခန္ဓာကိုယ်ထုထည်စံနှုန်းအရလည်းကောင်း၊ ဆေးလိပ်/ အရက်သောက်သုံး/မသုံး အပေါ်မူတည်၍ လည်းကောင်း၊ ကိုယ်ကာယလှုပ်ရှားမှု ရှိ/မရှိ စသည့်အချက်များနှင့် ဆေးဝါးသောက်သုံးနေရသလား စတဲ့အချက်များအပေါ်မူတည်ပြီးလည်းကောင်း သုတေသီများက လေ့လာခဲ့ကြပါတယ်။

          သုတေသနပညာရှင်မာျးဟာ ရှေ့မှာဖော်ပြခဲ့တဲ့ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်း ပါဝင်ကူညီဖြေဆိုပေးခဲ့တဲ့လူပေါင်း တစ်သိန်းရှစ်သောင်းခုနစ်ထောင် (187000) ကျော်အား စစ်တမ်းကောက်လေ့လာ ခဲ့ကြပါတယ်။ ထိုသူများမှာ ထိုအချိန်ကသွေးတိုးရောဂါမရှိခဲ့ကြပါဘူးတဲ့။ ဒါပေမဲ့ အဲဒီလို လေ့လာသုတေသနပြုလုပ်နေ တဲ့ နှစ်တွေအတွင်းမှာပဲ ထိုလူတစ်သိန်းကျော်အနက် ခုနစ်သောင်းရှစ်ထောင် (78000) မှာ သွေးတိုးရောဂါဖြစ်ပွား လာခဲ့တာကို တွေ့ရှိလာခဲ့ပါတယ်တဲ့။ ဘာ့ကြောင့် ယခင်က သွေးတိုးရောဂါမရှိခဲ့ကြပါလျက်နဲ့ ယခုသွေးတိုးရောဂါဖြစ်လာကြရတာလဲဆိုတာ လေ့လာ ဆန်းစစ်ကြည့်လိုက်တဲ့အခါ ထိုစေတနာ့ဝန်ထမ်း သုတေသနအစမ်းသပ်ခံ သွေးတိုးရောဂါရလာတဲ့သူတွေဟာ အာလူးအလွန်ကြိုက်တဲ့ လူတွေဖြစ်နေပြီး၊ မေးမြန်း ကြည့်လိုက်တော့ အာလူးဖုတ်၊ အာလူးပြုတ်၊ အာလူးထောင်းခြေ၊ အာလူးကြော် အမျိုးမျိုးကို အလွန်ကြိုက်၊ အလွန်စားတဲ့လူတွေဖြစ်နေကြကြောင်း တွေ့လာ ရပါတယ်။ နေ့တိုင်းအာလူးကြော်စာတဲ့သူ၊ အာလူးကက်တလိတ်စားသူ၊ အာလူးပြုတ်ထောင်းပြီး သံလွင်ဆီနဲ့ ဆားထည့်နယ်စားသူ စသည်ဖြင့် တစ်နည်းမဟုတ် တစ်နည်းအာလူးကိုနေ့စဉ်စားဖြစ်နေတာ တွေ့ခဲ့ရပါတယ်။

          တချို့ဆိုရင် တစ်ပတ်မှာ အာလူးကြော် 4 ရက်စားတတ်ကြောင်းတွေ့ခဲ့ရပါတယ်။ အမှန်တော့ တစ်ပတ်မှာ အာလူးကြော် 1 ကြိမ်စားတာနဲ့ 4 ကြိမ်စားသူတွေတူမှာမဟုတ်ပါ။

          သို့သော် အာလူးများများစားလေလေ သွေးတိုးရောဂါဖြစ်လာနှုန်းမြင့်လာလေလေဖြစ်ပါတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတော့ သုတေသနခေါင်းဆောင် ထောက်ပြလိုက်တဲ့အချက်ကတော့ အလာလူးများများစားလေလေ၊ အချိုဓာတ်မြင့်၊ ကယ်လိုရီများတော့ အချိုဓာတ်တွေစုပေါင်းလာပြီး ဓာတ်တိုးစေကာကလာပ်စည်းများအား ရောင်ရမ်းစေခြင်းနှင့် ပုံမှန်လုပ်ငန်းတွေမလုပ်နိုင်ဖြစ်တာတွေ့ရပါတယ်။ အများအားဖြင့် အာလူးစားရင် အရသာကောင်းအောင် ဆားလေးလေးခတ်ပြီး စားလေ့ရှိလို့ပါပဲ။ နောက်တစ်ခုက ငယ်ငယ်ကတည်းက အငန်ကြိုက်ခဲ့သူတွေဟာ ဘာစားစားဆားငန်ငန်လေးထည့် စားတတ်လေတော့ များများစားလေ၊ ဆားများများပါလေဖြစ်ကာ ကြာတော့သွေးတိုးလာရခြင်းဖြစ်ပါသတဲ့။ အာလူးကိုလည်း ဆားထည့်ပြုတ်မှ ကောင်းတယ်လို့ယူဆပါက ကိုယ့်ရဲ့ အလေ့အထ၊ အမူအကျင့်တွေကလည်း ကိုယ့်ကိုဒုက္ခပေးလိုက်တာပါ။ ဒါကြောင့် မိမိမှာသွေးတိုးရောဂါဖြစ်လာရတာဟာ ကိုယ်စားလိုက်တဲ့ အစားအစာတွေနဲ့ အာဟာရဓာတ်တွေရဲ့ အဆိုးအကောင်းကို သိရှိနားလည်ထားမှုအတွေ့အကြုံ၊ အသိပညာနဲ့လည်း သက်ဆိုင်ပါတယ်။ ရယ်ဒီမိတ် အာလူးကြော်ဆိုတာကလည်း အငန်ဓာတ်များလှပါတယ်။ အသင့်အတင့်စားပြီး ရပ်ထားဖို့ စိတ်ထိန်းရန်လိုပါတယ်။ ဒီနေရာမှာ မည်သည့်အစားအစာမဆို ကိုယ်ကြိုက်လို့စားလိုက်တာရှိသလို စားစရာရွေးချယ်စရာမရှိလို့ ရှိတဲ့အစားအစာကို စားလိုက်ရတာမျိုးလည်းကြုံရတတ်ပါတယ်။ ဖြစ်နိုင်ရင် သဘာဝအတိုင်းစားပေးနိုင်ရန် စိတ်ကိုအသင့်ပြင်ထားစေလိုပါတယ်။ ကန်စွန်းဥပြုတ်လို အစားအစာမျိုးကို ဆီနဲ့ဆားနဲ့တို့စားမဲ့အစား ဒီအတိုင်းအပြုတ်ကို အခွံနွှာစားလို့မရဘူးလား။ အရသာနောက်ကို လိုက်ရင်းလိုက်ရင်းနဲ့ အသက်ရလာချိန်မှာ လူဟာရောဂါတွေပါ အဆစ်ထပ်တိုးလာတတ်ပါကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Drmyanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top