Property Expo
×

မုိဘိုင္းဖုန္းေတြမွာေတြ႕ရတဲ့ ေမာ္လီက်ဴးေတြက ပုိင္႐ွင္ျဖစ္သူ ႏွစ္သက္ေလ့႐ွိတဲ့ အစားအစာနဲ႕ ေသာက္သုံးေနတဲ့ေဆးဝါး အပါအဝင္ က်န္းမာေရးနဲ႕ လူမႈဘဝေနထုိင္မႈပုံစံကုိ ေျပာျပႏုိင္တယ္လို႕ ဆုိပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္မွ သိပၸံပညာ႐ွင္ေတြက ၎တုိ႕ စမ္းသပ္ခဲ့တဲ့ မုိဘုိင္းဖုန္း အလုံးေရ ၄၀ ေပၚမွ ကဖင္းဓာတ္နဲ႕ ဟင္းခတ္အေမႊးအႀကဳိင္မွ အသားအရည္လိမ္း ခရင္မ္နဲ႕ စိတ္ဓာတ္က်မႈ ေျပေပ်ာက္ေစတဲ့ေဆးအထိ ေျခရာခံေတြ႕႐ွိခဲ့ေၾကာင္း သိရပါတယ္။

လူေတြ ကုိင္တြယ္ထိေတြ႕တဲ့ အရာမွန္သမွ်မွာ ေမာ္လီက်ဴးမ်ား၊ ဓာတုပစၥည္းမ်ားနဲ႕ ဘက္တီးရီးယားေတြ ကပ္ၿငိက်န္ေနရစ္ခဲ့ေၾကာင္း သိပၸံပညာ႐ွင္ေတြက ေျပာပါတယ္။ လက္ကုိေဆးေၾကာေပမဲ့လည္း ေန႕စဥ္ကုိင္တြယ္ထိေတြ႕ေနတဲ့ ပစၥည္းေတြမွာ ထိုအရာမ်ား ကပ္ၿငိက်န္ေနႏုိင္ခဲ့တယ္လို႕ ဆုိပါတယ္။

ကယ္လီဖုိးနီးယား စန္ဒီယာဂုိတကၠသိုလ္မွ သိပၸံပညာ႐ွင္ေတြက အ႐ြယ္ေရာက္ၿပီးသူ ၄၀ ရဲ႕ မုိဘုိင္းဖုန္းနဲ႕ လက္မ်ားမွ ရ႐ွိတဲ့ နမူနာေပါင္း ၅၀၀ ကုိ mass spectrometry ေခၚ ေရာင္စဥ္တုိင္းနည္းစနစ္ အသုံးျပဳၿပီး စမ္းသပ္ခဲ့ပါတယ္။ အဲဒီေနာက္မွာ ေမာ္လီက်ဴးမ်ားအျဖစ္ သတ္မွတ္ခြဲျခားၿပီး database တစ္ခု တည္ေဆာက္ကာ မုိဘုိင္းဖုန္းပုိင္႐ွင္ တစ္ေယာက္ခ်င္းစီရဲ႕ လူေနမႈဘဝပုံစံ ေကာက္ေၾကာင္းကုိ ေဖာ္ထုတ္ခဲ့တာ ျဖစ္ပါတယ္။

သိပၸံပညာ႐ွင္ေတြရဲ႕ သုေတသနအရ မုိဘိုင္းဖုန္းေပၚမွာေတြ႕ရတဲ့ ေမာ္လီက်ဴးေတြကုိ ေျခရာခံၿပီး ခြဲျခမ္းစိတ္ျဖာၾကည့္ျခင္းျဖင့္ ပုိင္႐ွင္ဟာ အမ်ဳိးသမီးျဖစ္သလား၊ တန္ဖုိးႀကီးအလွကုန္ေတြ သုံးသလား၊ ဆံပင္အေရာင္ဆုိးထားသလား၊ ေကာ္ဖီေသာက္သလား၊ ဘီယာကုိ ဝုိင္ထက္ပုိႀကဳိက္သလား၊ အပူအစပ္ႀကဳိက္သလား၊ စိတ္ဓာတ္က်ေနသလား၊ ေနေရာင္ကာေဆးလိမ္းထားသလား စသျဖင့္ အခ်က္ေတြကုိ သိႏုိင္တယ္လုိ႕ ဆုိပါတယ္။

မုိဘုိင္းေတြမွာ ကပ္ၿငိက်န္ေနခဲ့တဲ့ ေမာ္လီက်ဴးအမ်ားစုဟာ လူေတြရဲ႕ အေရျပား၊ လက္ေတြနဲ႕ ေခၽြးတုိ႕မွျဖစ္ေၾကာင္းလည္း သိရပါတယ္။ သိပၸံပညာ႐ွင္ေတြရဲ႕ ယခု စမ္းသပ္မႈအရ လက္ေဗြမွတ္တမ္း မ႐ွိသူတစ္ဦးကုိ ၎ကိုင္တြယ္တဲ့ ပစၥည္းကေန မည္သူျဖစ္ေၾကာင္း သိႏုိင္ပါတယ္။

ဒါ့အျပင္ လူနာေတြ ေဆးေသာက္ျခင္း႐ွိ မ႐ွိနဲ႕ လူတစ္ေယာက္ ေလထုညစ္ညမ္းမႈ ႀကဳံေနရျခင္းကဲ့သုိ႕ အသုံးတည့္တဲ့ အခ်က္အလက္ေတြကုိ ေဖာ္ထုတ္ေပးႏုိင္မွာ ျဖစ္ပါတယ္။ သိပၸံပညာ႐ွင္ေတြရဲ႕ အဆုိအရ လူ႕ခႏၶာကိုယ္ရဲ႕ ရာနဲ႕ခ်ီတဲ့ ေနရာေတြက အေရျပားေပၚမွာ ေမာ္လီက်ဴးအျပင္ အဏုၾကည့္ကိရိယာျဖင့္သာ ျမင္ႏိုင္တဲ့ မတူညီတဲ့ ပိုမႊားအမ်ဳိးအစားေပါင္း အနည္းဆုံး ၁,၀၀၀ ႐ွင္သန္ေနထုိင္ၾကေၾကာင္းလည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

မိုဘိုင်းဖုန်းတွေမှာတွေ့ရတဲ့ မော်လီကျူးတွေက ပိုင်ရှင်ဖြစ်သူ နှစ်သက်လေ့ရှိတဲ့ အစားအစာနဲ့ သောက်သုံးနေတဲ့ဆေးဝါး အပါအဝင် ကျန်းမာရေးနဲ့ လူမှုဘဝနေထိုင်မှုပုံစံကို ပြောပြနိုင်တယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှ သိပ္ပံပညာရှင်တွေက ၎င်းတို့ စမ်းသပ်ခဲ့တဲ့ မိုဘိုင်းဖုန်း အလုံးရေ ၄၀ ပေါ်မှ ကဖင်းဓာတ်နဲ့ ဟင်းခတ်အမွှေးအကြိုင်မှ အသားအရည်လိမ်း ခရင်မ်နဲ့ စိတ်ဓာတ်ကျမှု ပြေပျောက်စေတဲ့ဆေးအထိ ခြေရာခံတွေ့ရှိခဲ့ကြောင်း သိရပါတယ်။


လူတွေ ကိုင်တွယ်ထိတွေ့တဲ့ အရာမှန်သမျှမှာ မော်လီကျူးများ၊ ဓာတုပစ္စည်းများနဲ့ ဘက်တီးရီးယားတွေ ကပ်ငြိကျန်နေရစ်ခဲ့ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။ လက်ကိုဆေးကြောပေမဲ့လည်း နေ့စဉ်ကိုင်တွယ်ထိတွေ့နေတဲ့ ပစ္စည်းတွေမှာ ထိုအရာများ ကပ်ငြိကျန်နေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယား စန်ဒီယာဂိုတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက အရွယ်ရောက်ပြီးသူ ၄၀ ရဲ့ မိုဘိုင်းဖုန်းနဲ့ လက်များမှ ရရှိတဲ့ နမူနာပေါင်း ၅၀၀ ကို mass spectrometry ခေါ် ရောင်စဉ်တိုင်းနည်းစနစ် အသုံးပြုပြီး စမ်းသပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ မော်လီကျူးများအဖြစ် သတ်မှတ်ခွဲခြားပြီး database တစ်ခု တည်ဆောက်ကာ မိုဘိုင်းဖုန်းပိုင်ရှင် တစ်ယောက်ချင်းစီရဲ့ လူနေမှုဘဝပုံစံ ကောက်ကြောင်းကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။


သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရ မိုဘိုင်းဖုန်းပေါ်မှာတွေ့ရတဲ့ မော်လီကျူးတွေကို ခြေရာခံပြီး ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းဖြင့် ပိုင်ရှင်ဟာ အမျိုးသမီးဖြစ်သလား၊ တန်ဖိုးကြီးအလှကုန်တွေ သုံးသလား၊ ဆံပင်အရောင်ဆိုးထားသလား၊ ကော်ဖီသောက်သလား၊ ဘီယာကို ဝိုင်ထက်ပိုကြိုက်သလား၊ အပူအစပ်ကြိုက်သလား၊ စိတ်ဓာတ်ကျနေသလား၊ နေရောင်ကာဆေးလိမ်းထားသလား စသဖြင့် အချက်တွေကို သိနိုင်တယ်လို့ ဆိုပါတယ်။

မိုဘိုင်းတွေမှာ ကပ်ငြိကျန်နေခဲ့တဲ့ မော်လီကျူးအများစုဟာ လူတွေရဲ့ အရေပြား၊ လက်တွေနဲ့ ချွေးတို့မှဖြစ်ကြောင်းလည်း သိရပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ယခု စမ်းသပ်မှုအရ လက်ဗွေမှတ်တမ်း မရှိသူတစ်ဦးကို ၎င်းကိုင်တွယ်တဲ့ ပစ္စည်းကနေ မည်သူဖြစ်ကြောင်း သိနိုင်ပါတယ်။

ဒါ့အပြင် လူနာတွေ ဆေးသောက်ခြင်းရှိ မရှိနဲ့ လူတစ်ယောက် လေထုညစ်ညမ်းမှု ကြုံနေရခြင်းကဲ့သို့ အသုံးတည့်တဲ့ အချက်အလက်တွေကို ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ လူ့ခန္ဓာကိုယ်ရဲ့ ရာနဲ့ချီတဲ့ နေရာတွေက အရေပြားပေါ်မှာ မော်လီကျူးအပြင် အဏုကြည့်ကိရိယာဖြင့်သာ မြင်နိုင်တဲ့ မတူညီတဲ့ ပိုမွှားအမျိုးအစားပေါင်း အနည်းဆုံး ၁,၀၀၀ ရှင်သန်နေထိုင်ကြကြောင်းလည်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top