Property Expo
×

တစ္ခါတစ္ေလ အျပင္သြားခါနီးမွ ကိုယ္၀တ္မယ့္အ၀တ္အစားက အဆင္မေျပျဖစ္တာေလာက္ စိတ္ပ်က္စရာေကာင္းတာ မရွိပါဘူး။ အခ်ိန္ကလည္း မရွိေတာ့ဘူး။ အ၀တ္အစားမွာ ျပသနာေလးေတြကလည္း ျဖစ္ေနျပီဆုိရင္ ဒါေတြကို ဘယ္လိုေျဖရွင္းရမလဲဆိုတဲ့ နည္းေလးေတြ သိထားေတာ့ ပိုေကာင္းတာေပါ့။ ဒီေတာ့ ဖက္ရွင္နဲ႔ပတ္သက္ၿပီး အေရးေပၚအေျခအေန ႀကံဳလာတဲ့အခါ ဒီနည္းေလးေတြ သံုးၾကည့္ဖုိ႔ အႀကံေပးခ်င္ပါတယ္။

၁။ဖိနပ္ကို တစ္ခုခုန႔ဲ ျခစ္မိသြားလို႔ အရာထင္သြားတဲ့အခါ

သြားရမယ့္ေနရာက သာမန္မဟုတ္ဘူး။ ဒင္နာပါတီ၊ ပြဲတစ္ခုခုျဖစ္ေနတယ္ဆုိရင္ ဖိနပ္မွာ သြားရင္းလာရင္း တစ္ခုခုနဲ႔ျခစ္မိလို႔ အရာထင္သြားတဲ့အခါ စိတ္ကသိကေအာက္ ျဖစ္ရမွာအမွန္ပါပဲ။ ဒီေတာ့ အဲ့ဒီလိုမျဖစ္ရေအာင္ ဖိနပ္မွာထင္ေနတဲ့ အစင္း၊ အရာကို ပိတ္စတစ္ခုခုနဲ႔ ပြတ္တုိက္ရပါလိမ့္မယ္။ ပိတ္စသားေပၚမူတည္ၿပီး သင့္ဖိနပ္ဟာ အသစ္တစ္ရံလုိေတာင္ ျဖစ္သြားႏိုင္ပါေသးတယ္။ လည္သာလုိမ်ိဳးအသားဆုိရင္ သြားတိုက္ေဆးနဲ႔ နည္းနည္းေလး တုိက္လိုက္ရံုပါပဲ။ နည္းနည္းၾကမ္းတဲ့အသားမ်ိဳးဆိုရင္ ခဲဖ်က္ေလးကို အသံုးျပဳၿပီး အမွတ္၊ အစင္းကို ဖ်က္ပစ္ႏိုင္ပါတယ္။ canvas လိုအသားမ်ိဳးဆိုရင္ေတာ့ မုန္႔ဖုတ္ဆိုဒါနည္းနည္းေလး သံုးေပးလိုက္ေပါ့။ ၀ါေနတာေတြေတာင္ ေပ်ာက္သြားဦးမွာပါ။

၂။ေဘာင္းဘီ၊ ဖိနပ္မွာ ပီေကကပ္သြားတဲ့အခါ

လမ္းေလွ်ာက္ရင္း ပီေကေတြ ဖိနပ္မွာ ကပ္သြားတဲ့အခါ၊ ဒါမွမဟုတ္ ေဘာင္းဘီမွာ ပီေကေတြ ကပ္ေနတဲ့အခါမ်ိဳးေတြမွာ ဒါကို ျပန္ခြာဖုိ႔အခက္အခဲရွိတယ္ဆုိရင္ ခုနကပ္ေနတဲ့ပီေကေပၚမွာ ေရခဲတံုးေလးေတြ နည္းနည္းပြတ္ေပးလိုက္ပါ။ ဒါဆို ပီေကက ေပ်ာ့မေနေတာ့ပဲ မာလာၿပီး ခြာရလြယ္ကူသြားပါၿပီ။

၃။အသားကပ္ေဘာင္းဘီအပါးကို တစ္ခုခုနဲ႔ ၿငိမိတဲ့အခါ

ပါးလႊာတဲ့ အသားကပ္ေဘာင္းဘီကို တစ္ခုခုနဲ႔ၿငိမိသြားရင္ အားလံုးဆက္တိုက္ၿပဲရိသြားဖုိ႔သာရွိပါတယ္။ ဒီေတာ့ အဲ့ဒီလိုမျဖစ္ရေအာင္ သင့္မွာရွိတဲ့ အေရာင္မပါတဲ့ လက္သည္း polish လိုဟာမ်ိဳးကို သုတ္ေပးလိုက္ရင္ အဆင္ေျပသြားပါလိမ့္မယ္။

၄။သင့္အ၀တ္အစားမွာ ေၾကာင္ေမႊး၊ ေခြးေမႊးစတာေတြ ကပ္ေနတဲ့အခါ

သင္၀တ္မယ့္ အက်ႍ၊ ေဘာင္းဘီစတာေတြမွာ ေၾကာင္ေမႊး၊ ေခြးေမႊးေတြ ကပ္ေနတာမုိ႔ ခါရတာ အကုန္အစင္မျဖစ္လုိ႔ စိတ္ညစ္ေနရတယ္ဆုိရင္ လက္နဲ႔ခါေနမယ့္အစား တိပ္ခပ္ႀကီးႀကီးကို လက္မွာ ပတ္လိုက္ၿပီး အဲ့ဒါနဲ႔ ခါလိုက္မယ္ဆုိရင္ ျမန္ျမန္ဆန္ဆန္ၿပီးစီးသြားပါလိမ့္မယ္။

၅။ဘရာစီယာႀကိဳးကို လူမျမင္ေစခ်င္တဲ့အခါ


တစ္ခါတစ္ေလ ကိုယ္၀တ္ထားတဲ့ ဘရာစီယာႀကိဳးဟာ ၀တ္ထားတဲ့အက်ႍနဲ႔ မလိုက္ဖက္တာပဲျဖစ္ျဖစ္၊ ႀကိဳးကိုမေပၚေစခ်င္တာပဲျဖစ္ျဖစ္ ဘယ္လုိလုပ္ရမလဲ အာရံုစားေနရင္ တြယ္ခ်ိတ္၊ ဒါမွမဟုတ္ စကၠဴေတြဘာေတြ တြဲခ်ိတ္ေလ့ရွိတဲ့ ခ်ိတ္မ်ိဳးနဲ႔ ေက်ာဘက္က ဘရာႏွစ္ခုကို ဆြဲယူၿပီး ေက်ာလယ္မွာ ခ်ိတ္ထားလိုက္ပါ။ ဒါဆိုစြတ္က်ယ္လို ဟာမ်ိဳး၀တ္ရင္ေတာင္ သူ႕ဟာနဲ႔သူ အလယ္မွာ ေပ်ာက္ေနမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Trend Myanmar

#Unicode Version

တစ်ခါတစ်လေ အပြင်သွားခါနီးမှ ကိုယ်ဝတ်မယ့်အဝတ်အစားက အဆင်မပြေဖြစ်တာလောက် စိတ်ပျက်စရာကောင်းတာ မရှိပါဘူး။ အချိန်ကလည်း မရှိတော့ဘူး။ အဝတ်အစားမှာ ပြသနာလေးတွေကလည်း ဖြစ်နေပြီဆိုရင် ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလေးတွေ သိထားတော့ ပိုကောင်းတာပေါ့။ ဒီတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြုံလာတဲ့အခါ ဒီနည်းလေးတွေ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

၁။ဖိနပ်ကို တစ်ခုခုနဲ့ ခြစ်မိသွားလို့ အရာထင်သွားတဲ့အခါ

သွားရမယ့်နေရာက သာမန်မဟုတ်ဘူး။ ဒင်နာပါတီ၊ ပွဲတစ်ခုခုဖြစ်နေတယ်ဆိုရင် ဖိနပ်မှာ သွားရင်းလာရင်း တစ်ခုခုနဲ့ခြစ်မိလို့ အရာထင်သွားတဲ့အခါ စိတ်ကသိကအောက် ဖြစ်ရမှာအမှန်ပါပဲ။ ဒီတော့ အဲ့ဒီလိုမဖြစ်ရအောင် ဖိနပ်မှာထင်နေတဲ့ အစင်း၊ အရာကို ပိတ်စတစ်ခုခုနဲ့ ပွတ်တိုက်ရပါလိမ့်မယ်။ ပိတ်စသားပေါ်မူတည်ပြီး သင့်ဖိနပ်ဟာ အသစ်တစ်ရံလိုတောင် ဖြစ်သွားနိုင်ပါသေးတယ်။ လည်သာလိုမျိုးအသားဆိုရင် သွားတိုက်ဆေးနဲ့ နည်းနည်းလေး တိုက်လိုက်ရုံပါပဲ။ နည်းနည်းကြမ်းတဲ့အသားမျိုးဆိုရင် ခဲဖျက်လေးကို အသုံးပြုပြီး အမှတ်၊ အစင်းကို ဖျက်ပစ်နိုင်ပါတယ်။ canvas လိုအသားမျိုးဆိုရင်တော့ မုန့်ဖုတ်ဆိုဒါနည်းနည်းလေး သုံးပေးလိုက်ပေါ့။ ဝါနေတာတွေတောင် ပျောက်သွားဦးမှာပါ။

၂။ဘောင်းဘီ၊ ဖိနပ်မှာ ပီကေကပ်သွားတဲ့အခါ

လမ်းလျှောက်ရင်း ပီကေတွေ ဖိနပ်မှာ ကပ်သွားတဲ့အခါ၊ ဒါမှမဟုတ် ဘောင်းဘီမှာ ပီကေတွေ ကပ်နေတဲ့အခါမျိုးတွေမှာ ဒါကို ပြန်ခွာဖို့အခက်အခဲရှိတယ်ဆိုရင် ခုနကပ်နေတဲ့ပီကေပေါ်မှာ ရေခဲတုံးလေးတွေ နည်းနည်းပွတ်ပေးလိုက်ပါ။ ဒါဆို ပီကေက ပျော့မနေတော့ပဲ မာလာပြီး ခွာရလွယ်ကူသွားပါပြီ။

၃။အသားကပ်ဘောင်းဘီအပါးကို တစ်ခုခုနဲ့ ငြိမိတဲ့အခါ

ပါးလွှာတဲ့ အသားကပ်ဘောင်းဘီကို တစ်ခုခုနဲ့ငြိမိသွားရင် အားလုံးဆက်တိုက်ပြဲရိသွားဖို့သာရှိပါတယ်။ ဒီတော့ အဲ့ဒီလိုမဖြစ်ရအောင် သင့်မှာရှိတဲ့ အရောင်မပါတဲ့ လက်သည်း polish လိုဟာမျိုးကို သုတ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

၄။သင့်အဝတ်အစားမှာ ကြောင်မွှေး၊ ခွေးမွှေးစတာတွေ ကပ်နေတဲ့အခါ

သင်ဝတ်မယ့် အကျႍ၊ ဘောင်းဘီစတာတွေမှာ ကြောင်မွှေး၊ ခွေးမွှေးတွေ ကပ်နေတာမို့ ခါရတာ အကုန်အစင်မဖြစ်လို့ စိတ်ညစ်နေရတယ်ဆိုရင် လက်နဲ့ခါနေမယ့်အစား တိပ်ခပ်ကြီးကြီးကို လက်မှာ ပတ်လိုက်ပြီး အဲ့ဒါနဲ့ ခါလိုက်မယ်ဆိုရင် မြန်မြန်ဆန်ဆန်ပြီးစီးသွားပါလိမ့်မယ်။

၅။ဘရာစီယာကြိုးကို လူမမြင်စေချင်တဲ့အခါ

တစ်ခါတစ်လေ ကိုယ်ဝတ်ထားတဲ့ ဘရာစီယာကြိုးဟာ ဝတ်ထားတဲ့အကျႍနဲ့ မလိုက်ဖက်တာပဲဖြစ်ဖြစ်၊ ကြိုးကိုမပေါ်စေချင်တာပဲဖြစ်ဖြစ် ဘယ်လိုလုပ်ရမလဲ အာရုံစားနေရင် တွယ်ချိတ်၊ ဒါမှမဟုတ် စက္ကူတွေဘာတွေ တွဲချိတ်လေ့ရှိတဲ့ ချိတ်မျိုးနဲ့ ကျောဘက်က ဘရာနှစ်ခုကို ဆွဲယူပြီး ကျောလယ်မှာ ချိတ်ထားလိုက်ပါ။ ဒါဆိုစွတ်ကျယ်လို ဟာမျိုးဝတ်ရင်တောင် သူ့ဟာနဲ့သူ အလယ်မှာ ပျောက်နေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:  Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top