Property Expo
×

 စေနညအတြက္ စိတ္ ၀င္စားဖြယ္ရာ အေကာင္းဆံုးပြဲ တစ္ပြဲျဖစ္ေသာ ခ်ယ္လ္ဆီးႏွင့္ အဲဗာတန္အသင္းတုိ႔၏ အားၿပိဳင္ မႈတြင္ အိမ္ရွင္ခ်ယ္လ္ဆီးက ဂိုး ျပတ္အႏုိင္ရရိွခဲ့သည္။ မန္စီးတီး ႏွင့္ မစ္ဒယ္ဘေရာ့ပဲြတြင္ တစ္ဂုိးစီသေရက်ခဲ့ေသာေၾကာင့္ ခ်ယ္လ္ဆီးအသင္းသည္ အမွတ္ေပးဇယားထိပ္ဆံုး၌ တစ္မွတ္အသာျဖင့္ ယာယီဦးေဆာင္ခြင့္ ရရိွသြားသည္။


သုိ႔ေသာ္တနဂၤေႏြည ကစားမည့္ အာဆင္နယ္အသင္းႏွင့္ လီဗာပူးအသင္းတုိ႔သည္ ဇယားထိပ္ဆံုးေနရာကုိ လုရန္အခြင့္အ လမ္းရိွေနဆဲျဖစ္သည္။ ခ်ယ္လ္ဆီးသည္ အေကာင္းဆံုးပံုစံသုိ႔ ျပန္လည္ေရာက္ရွိလာၿပီး ေျခစြမ္းျပ ေနေသာ ဟာဇက္၏ သြင္းဂုိးႏွစ္ ဂုိးႏွင့္အတူ အဲဗာတန္ကုိ ေပးဂုိး မရိွ ငါးဂုိးသြင္းကာ ငါးပြဲဆက္ႏုိင္ပြဲ ရယူခဲ့သည္။ ၿပိဳင္ဘက္သည္ တစ္ခါတစ္ရံေကာင္းသည္ထက္ ပိုေကာင္းသည္ကုိ လက္ခံရမည္ ဟု ပဲြၿပီးခ်ိန္တြင္ အဲဗာတန္နည္း ျပ ကုိးမန္းက ဒႆနဆန္ဆန္မွတ္ ခ်က္ေပးသည္။

မန္စီးတီး တုိက္စစ္မွဴး အဂူ႐ုိက ဒီဘ႐ုိင္နီ၏ ေပးပုိ႔မႈကုိ ဦးေဆာင္ဂုိးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့သည္။  သို႔ေသာ္ ဒုတိယပုိင္း အခ်ိန္ပုိတြင္ မစ္ဒယ္ဘေရာ့၏ တန္ျပန္ေခ်ပဂုိးသြင္းယူမႈခံရကာ အိမ္ကြင္းတြင္ သေရတစ္မွတ္သာ ရယူႏိုင္ခဲ့ၿပီး အမွတ္ေပးဇယား ထိပ္ဆံုးေနရာကုိလည္း ယခုႏွစ္ရာသီ၌ပထမဆံုးအႀကိမ္ ဖယ္ရွားေပးခဲ့ရသည္။ ပြဲအၿပီးတြင္ ဘာစီလိုနာႏွင့္ပြဲေၾကာင့္ ကစားသမားမ်ား ပြဲပန္းေနသည္ဆုိျခင္းကို ျငင္းဆုိခဲ့ၿပီး ပထမပုိင္းတြင္ အေကာင္း ဆံုးပံုစံရိွခဲ့ကာ အခြင့္အေရး ေျခာက္ႀကိမ္၊ ခုနစ္ႀကိမ္ ဖန္တီးႏုိင္ေသာ္လည္း ဂုိးအျဖစ္ မေျပာင္းလဲႏုိင္ခဲ့ဟု နည္းျပဂြါဒီယိုလာက မွတ္ခ်က္ေပးသည္။

ဘုန္းေမာက္ အသင္းႏွင့္ ဆန္းဒါးလန္းတို႔ပဲြတြင္ ႏုိင္ပြဲတစ္ပြဲမွ် မရိွေသးေသာ ဆန္းဒါးလန္းက အိမ္ရွင္ဘုန္းေမာက္ကုိ ေခ်ပဂုိး၊ အႏုိင္ဂုိးမ်ား သြင္းယူကာ အံ့အားသင့္ဖြယ္ႏုိင္ပြဲ တစ္ပြဲကုိ ရွာေဖြႏုိင္ခဲ့သည္။ အိမ္ရွင္ ဘုန္းေမာက္အသင္းသည္ ပြဲခ်ိန္၁၁ မိနစ္တြင္ ဦးေဆာင္ဂုိးရရိွခဲ့ ေသာ္လည္း ဆန္းဒါးလန္းက ေခ်ပဂုိးႏွင့္ အႏုိင္ဂုိးမ်ားကို ပြဲခ်ိန္ ၃၃မိနစ္ႏွင့္ ၇၄ မိနစ္တို႔တြင္ သြင္း ယူခဲ့သည္။ ပြဲအၿပီးတြင္ အသင္းအတြက္ အႏုိင္ဂုိးသြင္းယူေပးႏုိင္ခဲ့ၿပီး ယခုႏွစ္ရာသီတြင္ အသင္းအတြက္ ေျခာက္ဂုိးသြင္းယူေပးထား ေသာ ဆန္းဒါးလန္းတိုက္စစ္မွဴး ဒီဖိုးက ႀကီးမားေသာ အသင္း စိတ္ဓာတ္ကုိ ျပသႏုိင္ခဲ့သည္ဟု ေျပာၾကားသည္။ ၿပီးခဲ့သည့္ ေဆာက္သမ္တန္ႏွင့္ပြဲ၌ ျပစ္ဒဏ္ေၾကာင့္ ပြဲၾကည့္စင္က ၾကည့္ခဲ့ရေသာ နည္းျပ မိုရက္စ္က တကယ့္အခ်ိန္မ်ိဳးတြင္ မိမိတို႔ ကံေကာင္းခဲ့သည္ဟု ေျပာၾကားသည္။

ဘန္ေလႏွင့္ ခရစၥတယ္ပဲ ေလ့စ္တုိ႔ပြဲတြင္ ေနာက္ဆံုးအခ်ိန္ထိ အျပန္အလွန္သြင္းဂုိးမ်ားျဖင့္ ႏွစ္ဂုိးစီသေရျဖစ္ေနခဲ့ေသာ္လည္းေနာက္ဆံုးမိနစ္တြင္ အိမ္ရွင္ ဘန္ေလအတြက္ အဖိုးတန္အႏုိင္ဂုိးကုိ ဘားနက္က သြင္းယူေပးခဲ့၍ ပဲေလ့စ္႐ႈံးပြဲႀကံဳေတြ႕ခ့ဲရသည္။ ၀က္စ္ဟမ္းႏွင့္ စတုတ္တုိ႔ပြဲတြင္ အိမ္ရွင္၀က္စ္ ဟမ္းအသင္းသည္ စတုတ္ကုိ ခက္ခက္ခဲခဲကစားခဲ့ရၿပီး စတုတ္ကြင္းလယ္ကစားသမား ၀ဲလန္၏ ကုိယ့္ဂုိးကုိယ္သြင္းမိမႈေၾကာင့္ ဦးေဆာင္ဂုိးရယူခဲ့ေသာ္လည္း ပြဲခ်ိန္ ၇၅ မိနစ္တြင္ တိုက္စစ္မွဴး ဘုိဂ်န္က စတုတ္အတြက္ ေခ်ပဂုိးသြင္း ယူေပးခဲ့၍ တစ္ဂုိးစီ သေရက်ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 စနေညအတွက် စိတ် ဝင်စားဖွယ်ရာ အကောင်းဆုံးပွဲ တစ်ပွဲဖြစ်သော ချယ်လ်ဆီးနှင့် အဲဗာတန်အသင်းတို့၏ အားပြိုင် မှုတွင် အိမ်ရှင်ချယ်လ်ဆီးက ဂိုး ပြတ်အနိုင်ရရှိခဲ့သည်။ မန်စီးတီး နှင့် မစ်ဒယ်ဘရော့ပွဲတွင် တစ်ဂိုးစီသရေကျခဲ့သောကြောင့် ချယ်လ်ဆီးအသင်းသည် အမှတ်ပေးဇယားထိပ်ဆုံး၌ တစ်မှတ်အသာဖြင့် ယာယီဦးဆောင်ခွင့် ရရှိသွားသည်။


သို့သော်တနင်္ဂနွေည ကစားမည့် အာဆင်နယ်အသင်းနှင့် လီဗာပူးအသင်းတို့သည် ဇယားထိပ်ဆုံးနေရာကို လုရန်အခွင့်အ လမ်းရှိနေဆဲဖြစ်သည်။ ချယ်လ်ဆီးသည် အကောင်းဆုံးပုံစံသို့ ပြန်လည်ရောက်ရှိလာပြီး ခြေစွမ်းပြ နေသော ဟာဇက်၏ သွင်းဂိုးနှစ် ဂိုးနှင့်အတူ အဲဗာတန်ကို ပေးဂိုး မရှိ ငါးဂိုးသွင်းကာ ငါးပွဲဆက်နိုင်ပွဲ ရယူခဲ့သည်။ ပြိုင်ဘက်သည် တစ်ခါတစ်ရံကောင်းသည်ထက် ပိုကောင်းသည်ကို လက်ခံရမည် ဟု ပွဲပြီးချိန်တွင် အဲဗာတန်နည်း ပြ ကိုးမန်းက ဒဿနဆန်ဆန်မှတ် ချက်ပေးသည်။

မန်စီးတီး တိုက်စစ်မှူး အဂူရိုက ဒီဘရိုင်နီ၏ ပေးပို့မှုကို ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။  သို့သော် ဒုတိယပိုင်း အချိန်ပိုတွင် မစ်ဒယ်ဘရော့၏ တန်ပြန်ချေပဂိုးသွင်းယူမှုခံရကာ အိမ်ကွင်းတွင် သရေတစ်မှတ်သာ ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကိုလည်း ယခုနှစ်ရာသီ၌ပထမဆုံးအကြိမ် ဖယ်ရှားပေးခဲ့ရသည်။ ပွဲအပြီးတွင် ဘာစီလိုနာနှင့်ပွဲကြောင့် ကစားသမားများ ပွဲပန်းနေသည်ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး ပထမပိုင်းတွင် အကောင်း ဆုံးပုံစံရှိခဲ့ကာ အခွင့်အရေး ခြောက်ကြိမ်၊ ခုနစ်ကြိမ် ဖန်တီးနိုင်သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဟု နည်းပြဂွါဒီယိုလာက မှတ်ချက်ပေးသည်။

ဘုန်းမောက် အသင်းနှင့် ဆန်းဒါးလန်းတို့ပွဲတွင် နိုင်ပွဲတစ်ပွဲမျှ မရှိသေးသော ဆန်းဒါးလန်းက အိမ်ရှင်ဘုန်းမောက်ကို ချေပဂိုး၊ အနိုင်ဂိုးများ သွင်းယူကာ အံ့အားသင့်ဖွယ်နိုင်ပွဲ တစ်ပွဲကို ရှာဖွေနိုင်ခဲ့သည်။ အိမ်ရှင် ဘုန်းမောက်အသင်းသည် ပွဲချိန်၁၁ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့ သော်လည်း ဆန်းဒါးလန်းက ချေပဂိုးနှင့် အနိုင်ဂိုးများကို ပွဲချိန် ၃၃မိနစ်နှင့် ၇၄ မိနစ်တို့တွင် သွင်း ယူခဲ့သည်။ ပွဲအပြီးတွင် အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ယခုနှစ်ရာသီတွင် အသင်းအတွက် ခြောက်ဂိုးသွင်းယူပေးထား သော ဆန်းဒါးလန်းတိုက်စစ်မှူး ဒီဖိုးက ကြီးမားသော အသင်း စိတ်ဓာတ်ကို ပြသနိုင်ခဲ့သည်ဟု ပြောကြားသည်။ ပြီးခဲ့သည့် ဆောက်သမ်တန်နှင့်ပွဲ၌ ပြစ်ဒဏ်ကြောင့် ပွဲကြည့်စင်က ကြည့်ခဲ့ရသော နည်းပြ မိုရက်စ်က တကယ့်အချိန်မျိုးတွင် မိမိတို့ ကံကောင်းခဲ့သည်ဟု ပြောကြားသည်။

ဘန်လေနှင့် ခရစ္စတယ်ပဲ လေ့စ်တို့ပွဲတွင် နောက်ဆုံးအချိန်ထိ အပြန်အလှန်သွင်းဂိုးများဖြင့် နှစ်ဂိုးစီသရေဖြစ်နေခဲ့သော်လည်းနောက်ဆုံးမိနစ်တွင် အိမ်ရှင် ဘန်လေအတွက် အဖိုးတန်အနိုင်ဂိုးကို ဘားနက်က သွင်းယူပေးခဲ့၍ ပဲလေ့စ်ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ ဝက်စ်ဟမ်းနှင့် စတုတ်တို့ပွဲတွင် အိမ်ရှင်ဝက်စ် ဟမ်းအသင်းသည် စတုတ်ကို ခက်ခက်ခဲခဲကစားခဲ့ရပြီး စတုတ်ကွင်းလယ်ကစားသမား ဝဲလန်၏ ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် ဦးဆောင်ဂိုးရယူခဲ့သော်လည်း ပွဲချိန် ၇၅ မိနစ်တွင် တိုက်စစ်မှူး ဘိုဂျန်က စတုတ်အတွက် ချေပဂိုးသွင်း ယူပေးခဲ့၍ တစ်ဂိုးစီ သရေကျခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top