Property Expo
×






Credit:Duwun

Unicode Version

နေအိမ်တိုက်ခန်းအဝကို အပြင်က ပြန်ရောက်လာတဲ့ အသက်၂၂ နှစ်အရွယ် အမျိုးသမီးကို သူမရဲ့ ချစ်သူဖြစ်သူက အိမ်ခန်းထဲထွက်လာကာ ထိုးကြိတ်ရိုက်နှက်ပြီး တရွတ်တိုက်ဆွဲခေါ်သွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။


အမျိုးသမီးများ အကြမ်းဖက်တိုက်ခိုကခံရမှု ပပျောက်ရေးနေ့ မတိုင်ခင် တစ်ရက်အလိုမှာ စပိန်အစိုးရက ဒီဗီဒီယိုဖိုင်ကို ဖြန့်ချိလိုက်တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ စပိန်နိုင်ငံ ဆန်ဟွမ်းအရပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသမီးဟာ သူမရဲ့အတူနေ ချစ်သူနှိပ်စက်မှုကို ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်းခံစားခဲ့ရတာဖြစ်ပါတယ်။


အဲဒီနောက် လုံခြုံရေးကုမ္ပဏီက အဆိုပါဗီဒီယိုဖိုင်ကို ရဲလက်ကိုအပ်ခဲ့တာဖြစ်ပါတယ်။ အမျိုးသားရဲ့ တိုက်ခိုက်မှု ခံရတဲ့ အမျိုးသမီးကိုလည်း တရားခွင်တက်ဖို့ ကုမ္ပဏီက တိုက်တွန်းခဲ့ပါတယ်။ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးငယ်က တရားစွဲခဲ့ပြီးနောက် အဆိုပါ အမျိုးသားဟာ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး တရားခွင် တက်ခဲ့ရပါတယ်။


အင်္ဂလန်နဲ့ ဝေးလ်ပြည်နယ်မှာဆိုရင် အပတ်စဉ် ပျှမ်းမျှ အမျိုးသမီးနှစ်ဦးဟာ သူမတို့ရဲ့ချစ်သူ၊ခင်ပွန်း သို့မဟုတ် အဆက်ဟောင်းရဲ့ သတ်ဖြတ်မှုကို ခံနေရတယ်လို့ သိရပါတယ်။


 https://www.youtube.com/watch?v=8wldON5XJgk



 ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top