Kantharyar Centre
×

ကယ္လီဖုိးနီးယားတကၠသုိလ္က သိပၸံပညာရွင္ေတြဟာ အျမင္အာရုံ ဆုံးရႈံးေနရသူေတြကုိ အျမင္အာရုံ ျပန္ရေစဖုိ႔ ကမာၻ႔ပထမဆုံး မ်က္လုံးတု နည္းပညာကုိ စမ္းသပ္ေနပါတယ္။ သူတုိ႔ဟာ (၇)ႏွစ္ၾကာ အျမင္အာရုံ ဆုံးရႈံးခဲ့တဲ့ အမ်ဳိးသမီးတစ္ဦးရဲ႕ ဦးေႏွာက္ထဲမွာ အျမင္အာရုံ ႏႈိးဆြေပးႏုိင္တဲ့ ခ်စ္ပ္ျပား ထည့္သြင္းၿပီး ဦးေႏွာက္ကုိ အသံလႈိငး္ေတြ တုိက္ရုိက္ပုိ႔တဲ့နညး္နဲ႔ အျမင္အာရုံ ျပန္လည္ရရွိေစဖုိ႔ ႀကိဳးစားခဲ့ပါတယ္။
ကြန္ပ်ဴတာကတစ္ဆင့္ ဦးေႏွာက္ကုိ လိႈင္းေတြေစလႊတ္ခ်ိန္မွာ အျမင္အာရုံ လုံး၀ဆုံးရႈံးေနတဲ့ အမ်ဳိးသမီးဟာ ေရာင္စဥ္ေတြ၊ လုိင္းေတြ၊ အစက္အေျပာက္ေတြ ျမင္ရတယ္လုိ႔ သိရပါတယ္။

မ်က္လုံးတု နည္းပညာမွာ အေသးစား ဗီဒီယုိကင္မရာ တပ္ဆင္ထားတဲ့ မ်က္မွန္၊ အိတ္ေဆာင္ကြန္ပ်ဴ တာ၊ ဧရိယာတုိင္၊ လႈိင္းဖမ္းစက္၊ လွ်ပ္စစ္ငုတ္တုိင္တုိ႔ ပါ၀င္မွာျဖစ္ပါတယ္။ ဗီဒီယုိကင္မရာကေန ရုိက္ကူးထားတဲ့ ေရႊ႕လ်ားဓာတ္ပုံေတြကုိ ၀ါယာႀကိဳးကတစ္ဆင့္ ကြန္ပ်ဴ တာကုိ ေပးပုိ႔မွာျဖစ္ၿပီး ကြန္ပ်ဴ တာမွာ ပုံရိပ္ေတြကုိ လွ်ပ္စစ္လႈိင္းအျဖစ္ ေျပာင္းလဲမွာပါ။ ၿပီးေတာ့ မ်က္မွန္မွာ တပ္ဆင္ထားတဲ့ ဧရိယာတုိင္ကုိ လႈိင္းေတြပုိ႔မွာပါ။

အဲဒီလႈိင္းေတြဟာ ဦးေခါင္းခြံ ေနာက္ဘက္မွာ တပ္ဆင္ထားတဲ့ လႈိင္းဖမ္းစက္ထံ ႀကိဳးမဲ့စနစ္ ေရာက္ရွိမွာပါ။ ဒီကတစ္ဆင့္ ဦးေႏွာက္အေပၚယံမွာ ထည့္သြင္းထားတဲ့ လွ်ပ္စစ္ငုတ္တုိင္ထံ ဆက္လက္ေစလႊတ္မွာျဖစ္ၿပီး visual cortex(မ်က္လုံးမွလာေသာ အာရုံေၾကာ လႈံ႔ေဆာ္မႈမ်ားကုိ ရယူ၍ အျမင္အာရုံဆုိင္ရာကိစၥမ်ားကုိ ဆက္လက္လုပ္ေဆာင္သည့္ အစိတ္အပုိင္း)မွာရွိတဲ့ အျမင္အာရုံဆဲလ္ေတြကုိ ႏႈိးဆြမွာ ျဖစ္ပါတယ္။

အခုခ်ိန္မွာေတာ့ သိပၸံပညာရွင္ေတြဟာ ကင္မရာကတစ္ဆင့္ ဆက္လက္ခ်ိတ္ဆက္မယ့္ နည္းလမ္းနဲ႔ ပတ္သက္ၿပီး အေမရိကန္ႏုိင္ငံ နည္းပညာဆုိင္ရာ ထိန္းသိမ္းေရးအာဏာပုိင္အဖြဲ႕ထံက ခြင့္ျပဳခ်က္ ေတာင္းခံထားတယ္လုိ႔ ေဒးလီးေမးလ္က ေဖာ္ျပပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:(ရိုးရာေလး)
 
#Unicode Version
ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ အမြင်အာရုံ ဆုံးရှုံးနေရသူတွေကို အမြင်အာရုံ ပြန်ရစေဖို့ ကမ္ဘာ့ပထမဆုံး မျက်လုံးတု နည်းပညာကို စမ်းသပ်နေပါတယ်။ သူတို့ဟာ (၇)နှစ်ကြာ အမြင်အာရုံ ဆုံးရှုံးခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်ထဲမှာ အမြင်အာရုံ နှိုးဆွပေးနိုင်တဲ့ ချစ်ပ်ပြား ထည့်သွင်းပြီး ဦးနှောက်ကို အသံလှိုင်းတွေ တိုက်ရိုက်ပို့တဲ့နည်းနဲ့ အမြင်အာရုံ ပြန်လည်ရရှိစေဖို့ ကြိုးစားခဲ့ပါတယ်။
ကွန်ပျူတာကတစ်ဆင့် ဦးနှောက်ကို လှိုင်းတွေစေလွှတ်ချိန်မှာ အမြင်အာရုံ လုံးဝဆုံးရှုံးနေတဲ့ အမျိုးသမီးဟာ ရောင်စဉ်တွေ၊ လိုင်းတွေ၊ အစက်အပြောက်တွေ မြင်ရတယ်လို့ သိရပါတယ်။

မျက်လုံးတု နည်းပညာမှာ အသေးစား ဗီဒီယိုကင်မရာ တပ်ဆင်ထားတဲ့ မျက်မှန်၊ အိတ်ဆောင်ကွန်ပျူ တာ၊ ဧရိယာတိုင်၊ လှိုင်းဖမ်းစက်၊ လျှပ်စစ်ငုတ်တိုင်တို့ ပါဝင်မှာဖြစ်ပါတယ်။ ဗီဒီယိုကင်မရာကနေ ရိုက်ကူးထားတဲ့ ရွှေ့လျားဓာတ်ပုံတွေကို ဝါယာကြိုးကတစ်ဆင့် ကွန်ပျူ တာကို ပေးပို့မှာဖြစ်ပြီး ကွန်ပျူ တာမှာ ပုံရိပ်တွေကို လျှပ်စစ်လှိုင်းအဖြစ် ပြောင်းလဲမှာပါ။ ပြီးတော့ မျက်မှန်မှာ တပ်ဆင်ထားတဲ့ ဧရိယာတိုင်ကို လှိုင်းတွေပို့မှာပါ။

အဲဒီလှိုင်းတွေဟာ ဦးခေါင်းခွံ နောက်ဘက်မှာ တပ်ဆင်ထားတဲ့ လှိုင်းဖမ်းစက်ထံ ကြိုးမဲ့စနစ် ရောက်ရှိမှာပါ။ ဒီကတစ်ဆင့် ဦးနှောက်အပေါ်ယံမှာ ထည့်သွင်းထားတဲ့ လျှပ်စစ်ငုတ်တိုင်ထံ ဆက်လက်စေလွှတ်မှာဖြစ်ပြီး visual cortex(မျက်လုံးမှလာသော အာရုံကြော လှုံ့ဆော်မှုများကို ရယူ၍ အမြင်အာရုံဆိုင်ရာကိစ္စများကို ဆက်လက်လုပ်ဆောင်သည့် အစိတ်အပိုင်း)မှာရှိတဲ့ အမြင်အာရုံဆဲလ်တွေကို နှိုးဆွမှာ ဖြစ်ပါတယ်။

အခုချိန်မှာတော့ သိပ္ပံပညာရှင်တွေဟာ ကင်မရာကတစ်ဆင့် ဆက်လက်ချိတ်ဆက်မယ့် နည်းလမ်းနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ နည်းပညာဆိုင်ရာ ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့ထံက ခွင့်ပြုချက် တောင်းခံထားတယ်လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:(ရိုးရာလေး)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top