Property Expo
×

ေဒၚေအာင္ဆန္းစုၾကည္လက္မွတ္ေရးထိုးထားသည့္ တီရွပ္တစ္ထည္ကို က်ပ္သိန္းေျခာက္ရာေက်ာ္ (အေမရိကန္ ေဒၚလာေလးေသာင္းေျခာက္ေထာင္)ျဖင့္ စိန္ေနျခည္ ေက်ာက္မ်က္ရတ နာကုမၸဏီက ေလလံေအာင္ခဲ့ ေၾကာင္း သတင္းရရွိသည္။

အဆိုပါ တီရွပ္အက်ႌသည္ေဒၚေအာင္ဆန္းစုၾကည္ေနအိမ္ အက်ယ္ခ်ဳပ္က်ခံရစဥ္က ကိုယ္ တိုင္ေရးဆြဲခဲ့ေသာပန္းခ်ီကားကို ႐ိုက္ႏွိပ္ထားၿပီး ေဒၚေအာင္ဆန္းစု ၾကည္က လက္မွတ္ ေရးထိုးထားသည္။

ယင္းတီရွပ္ကို ေလလံပြဲ မတိုင္မီက က်ပ္သိန္း ၁၀၀ ေက်ာ္အထိ ေစ်းေပးထားေသာ္လည္း ႏို၀င္ဘာ၂၅ ရက္ညက  ရန္ကုန္ၿမိဳ႕ ဆီဒိုးနားဟိုတယ္တြင္ က်င္းပခဲ့သည့္ ေလလံပြဲ၌ ကန္ေဒၚလာ ၄၆,၀၀၀ျဖင့္ စိန္ေနျခည္ေက်ာက္ မ်က္ရတနာ ကုမၸဏီက ေလလံ ေအာင္ခဲ့ျခင္းျဖစ္သည္။

ယခင္က ေဒၚေအာင္ဆန္းစု ၾကည္ ေနအိမ္အက်ယ္ခ်ဳပ္က်ခံရ စဥ္ ၂၀၀၉ က ေရးဆြဲခဲ့ေသာ ေရ ေဆးပန္းခ်ီကားကို ေလလံတင္ ရန္ စီစဥ္ခဲ့ၿပီး တစ္ရက္အတြင္း အေမရိကန္ေဒၚလာ တစ္သိန္းခြဲ အထိ (က်ပ္သိန္းႏွစ္ေထာင္ခန္႔ ထိ) ေစ်းရရွိခဲ့သည္။ သို႔ေသာ္ သမိုင္း၀င္ပန္းခ်ီကားကို ျပည္သူ အမ်ား ရာသက္ပန္ေလ့လာၾကည့္ ႐ႈႏိုင္ရန္ႏွင့္ ျပတိုက္မ်ားတြင္ ေရ ရွည္ျပသထားႏိုင္ရန္ ရည္ရြယ္ကာ ေလလံတင္ေတာ့မည္မဟုတ္ေၾကာင္း ပန္းခ်ီကားပိုင္ဆိုင္သည့္ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ဆံုးျဖတ္ခဲ့သည္။

ေဖာင္ေဒးရွင္းရန္ပံုေငြ ရွာ ေဖြရန္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တုိင္ေပးအပ္ခဲ့ေသာ္လည္း သမုိင္းတန္ဖိုးႀကီးမားသည့္ ပန္းခ်ီ ကားကို ေလလံတင္မည့္ အစား ပန္းခ်ီကားပံုကို အမွတ္တရအက်ႌ ႏွင့္ အျခားေသာအမွတ္ရဖြယ္ရာ အသံုးအေဆာင္မ်ားေပၚ၌ ပံုႏွိပ္ ၿပီးသာ ရန္ပံုေငြရွာရန္ ေဖာင္ေဒးရွင္းက တညီတၫြတ္တည္း သေဘာတူျခင္းျဖစ္ေၾကာင္း  ပန္းခ်ီကားႏွင့္ပတ္သက္၍ ေဖာင္ေဒးရွင္းကုိ ကူညီေပးခဲ့သူ ကိုေမာင္ ေမာင္ေအး (အိပ္မက္ေလွ)က ေျပာသည္။ သို႔ျဖစ္ရာ တီရွပ္ေလ လံအစီအစဥ္ ေပၚေပါက္လာခဲ့ ျခင္းျဖစ္သည္။

တီရွပ္ ေလလံရရွိေငြႏွင့္ Charity ညစာစားပြဲ လက္မွတ္ ေရာင္းခ်ျခင္းမွရရွိမည့္ေငြကို ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းသို႔ လွဴဒါန္းမည္ျဖစ္သည္။ အဆုိပါပြဲ တြင္ ေလလံမတင္ေတာ့သည့္ ပန္း ခ်ီကားကို ျပသထားမည္ျဖစ္ သည္။ လက္မွတ္ဝယ္ယူ၍ တက္ ေရာက္သူအားလံုးကိုလည္း ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ပန္းခ်ီကားပံုေဆး႐ိုက္ထားသည့္ တီရွပ္ တစ္ထည္ အမွတ္တရ လက္ေဆာင္ေပးမည္ျဖစ္သည္။ ထို႔အျပင္ ပန္းခ်ီကားပံု ဒီဇိုင္းဆင္ထားေသာ ေကာ္ဖီခြက္မ်ား ေရာင္းခ်မည္ျဖစ္ေၾကာင္း ေဖာင္ေဒးရွင္းမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ရေးထိုးထားသည့် တီ ရှပ်တစ်ထည်ကို ကျပ်သိန်းခြောက်ရာကျော် (အမေရိကန် ဒေါ်လာလေးသောင်းခြောက်ထောင်)ဖြင့် စိန်နေခြည် ကျောက်မျက်ရတ နာကုမ္ပဏီက လေလံအောင်ခဲ့ ကြောင်း သတင်းရရှိသည်။

အဆိုပါ တီရှပ်အကျႌသည်ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်ကျခံရစဉ်က ကိုယ် တိုင်ရေးဆွဲခဲ့သောပန်းချီကားကို ရိုက်နှိပ်ထားပြီး ဒေါ်အောင်ဆန်းစု ကြည်က လက်မှတ် ရေးထိုးထားသည်။

ယင်းတီရှပ်ကို လေလံပွဲ မတိုင်မီက ကျပ်သိန်း ၁၀၀ ကျော်အထိ ဈေးပေးထားသော်လည်း နိုဝင်ဘာ၂၅ ရက်ညက  ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည့် လေလံပွဲ၌ ကန်ဒေါ်လာ ၄၆,၀၀၀ဖြင့် စိန်နေခြည်ကျောက် မျက်ရတနာ ကုမ္ပဏီက လေလံ အောင်ခဲ့ခြင်းဖြစ်သည်။

ယခင်က ဒေါ်အောင်ဆန်းစု ကြည် နေအိမ်အကျယ်ချုပ်ကျခံရ စဉ် ၂၀၀၉ က ရေးဆွဲခဲ့သော ရေ ဆေးပန်းချီကားကို လေလံတင် ရန် စီစဉ်ခဲ့ပြီး တစ်ရက်အတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ အထိ (ကျပ်သိန်းနှစ်ထောင်ခန့် ထိ) ဈေးရရှိခဲ့သည်။ သို့သော် သမိုင်းဝင်ပန်းချီကားကို ပြည်သူ အများ ရာသက်ပန်လေ့လာကြည့် ရှုနိုင်ရန်နှင့် ပြတိုက်များတွင် ရေ ရှည်ပြသထားနိုင်ရန် ရည်ရွယ်ကာ လေလံတင်တော့မည်မဟုတ်ကြောင်း ပန်းချီကားပိုင်ဆိုင်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆုံးဖြတ်ခဲ့သည်။

ဖောင်ဒေးရှင်းရန်ပုံငွေ ရှာ ဖွေရန် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပေးအပ်ခဲ့သော်လည်း သမိုင်းတန်ဖိုးကြီးမားသည့် ပန်းချီ ကားကို လေလံတင်မည့် အစား ပန်းချီကားပုံကို အမှတ်တရအကျႌ နှင့် အခြားသောအမှတ်ရဖွယ်ရာ အသုံးအဆောင်များပေါ်၌ ပုံနှိပ် ပြီးသာ ရန်ပုံငွေရှာရန် ဖောင်ဒေးရှင်းက တညီတညွတ်တည်း သဘောတူခြင်းဖြစ်ကြောင်း  ပန်းချီကားနှင့်ပတ်သက်၍ ဖောင်ဒေးရှင်းကို ကူညီပေးခဲ့သူ ကိုမောင် မောင်အေး (အိပ်မက်လှေ)က ပြောသည်။ သို့ဖြစ်ရာ တီရှပ်လေ လံအစီအစဉ် ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်သည်။

တီရှပ် လေလံရရှိငွေနှင့် Charity ညစာစားပွဲ လက်မှတ် ရောင်းချခြင်းမှရရှိမည့်ငွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းမည်ဖြစ်သည်။ အဆိုပါပွဲ တွင် လေလံမတင်တော့သည့် ပန်း ချီကားကို ပြသထားမည်ဖြစ် သည်။ လက်မှတ်ဝယ်ယူ၍ တက် ရောက်သူအားလုံးကိုလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပန်းချီကားပုံဆေးရိုက်ထားသည့် တီရှပ် တစ်ထည် အမှတ်တရ လက်ဆောင်ပေးမည်ဖြစ်သည်။ ထို့အပြင် ပန်းချီကားပုံ ဒီဇိုင်းဆင်ထားသော ကော်ဖီခွက်များ ရောင်းချမည်ဖြစ်ကြောင်း ဖောင်ဒေးရှင်းမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top