Property Expo
×

" အ ကယ္ ၍ "
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္ ……အခ်စ္ မွာ ဘယ္ သူ က ဘယ္ သူ ့ ကို ပို ခ်စ္ သလဲ ဆို တာ မရွိ ဘူး ။ ဘယ္ သူ က ဘယ္ သူ ့ ကို ပို တန္ ဖိုး ထား လဲ ဆို တာ ပဲ ရွိ တယ္ဆို တာ သိ ေလာက္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္ ……အထီး က်န္ ျဖစ္ မွာစိုး လို ့ ခ်စ္သူ မရွာသင့္ သလို ၊ မခ်စ္သင့္ တဲ႔ သူ တစ္ ေယာက္ ကို ခ်စ္ မိ ရင္ ပို အထီး က်န္ ဆန္ တတ္ တယ္ ဆို တာ သ ေဘာ ေပါက္ ေလာက္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္ ……ကိုယ့္ ဒုကၡ ကို နား လည္ ေပး ႏိုင္ တဲ႔ သူ ရွိ တာ ကံ ေကာင္း တယ္ ဆို တာ သိသလို ။ နား လည္ ေပး ႏိုင္ သူ မရွိ လည္း ကိုယ့္ ကို အား ေပး ေျဖ သိမ့္ တတ္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ျပီဆိုရင္……သူငယ္ခ်င္းဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ေဖးမကူညီတတ္သူ ကိုဆိုလိုတာျဖစ္တယ္။ အက်ိဳးကို ေမ်ွာ္ျပီး ေပါင္းသင္းေနသူ ကိုေခၚ တာ မဟုတ္မွန္း လက္ ေတြ ႔ သိ ေလာက္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္ ……ဘယ္အရာမွ အဓမၼ လို ခ်င္ လို ့ မ ရ ဘူး ။ အရာရာဟာ ျဖစ္ခ်ိန္တန္မွျဖစ္ တယ္ ၊ပ်က္ခ်ိန္တန္ ေတာ့ ပ်က္ၾက ရ တယ္ ဆို တာ ၾကံဳ ျပီး ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္ ……ပန္းတိုင္ ကို အလ်င္ စ လို ေရာက္ ခ်င္ လို ့မရ ဘူး ။ေျခ လွမ္းတိုင္း ကိုေျဖး ေျဖး မွန္ မွန္ သြား မွ အတိမ္း ေစာင္း မရွိ ေရာက္ ႏိုင္ မယ္ ဆို တာ ကို လည္း သိ ေလာက္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္ ……အျမဲ တမ္း ႏွိမ့္ ခ် ပုန္း ကြယ္ ေန လို ့ မျဖစ္ ဘူး ။ လို အပ္ ခ်ိန္ မွာ ကိုယ့္ ရဲ ႔ လင္း လက္ မႈ ကို ေတာက္ ပ စြာ ျပ သင့္ ရင္ ျပ ရ တယ္ ။ ဒါ မွ ေန ့ ရက္ တခ်ိဳ ႔ ဟာ မိုး ရြာ ျပီး ေန သာ လာ တာ မ်ိဳး ခံ စား ခ်က္ ရ ႏိုင္ တာ လည္း သိ ေလာက္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္ ……အရာရာ ဟာ အမွား နဲ႔ အမွန္ ဒြန္ တြဲ ေန တယ္ ။ သင္ မွား တယ္ ထင္ တဲ႔ အရာ တျခား ဖက္ က ၾကည့္ ရင္ မွန္ ႏိုင္ သ လို ၊ သင္ လို ခ်င္ လြန္း လို ့ ၾကိဳး စား ပမ္းစား လိုက္ ရွာ ေန တဲ႔ အရာ ဟာ သူ မ်ား မလို ခ်င္ လို ့ စြန္ ့ပစ္ ထား တဲ႔ အရာ လည္း ျဖစ္ ေကာင္း ျဖစ္ ႏိုင္ တာ ပဲ ဆို တာ မ်ိဳး လည္း သိ ေလာက္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္ ……ေပ်ာ္ ရႊင္ ျခင္း ဆို တာ ကိုယ့္ ရင္ ဘတ္ ထဲ က သာ လာ ႏိုင္ တယ္ ။ ေရႊ ပန္း ကန္ နဲ႔ တည္ ခင္း ဧည့္ ခံ တဲ႔ စား ေကာင္း ေသာက္ ဖြယ္ ကို ဟန္ လုပ္ ၿပီး စား ရ တာ ထက္ ကိုယ့္ အိမ္ လို သ ေဘာ ထား ျပီး လြတ္ လပ္ စြာ စား ရ တဲ႔ ျဖစ္ သလို ထမင္း ပြဲ ကို ပို သာ ယာ တတ္ ေန ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္ …… ေအး ျမ တဲ႔ ေမတၱာ တရား ဆို တာ မိသားစု တြင္း မွာ ရွိ တဲ႔ ရိုး သား ျခင္း ၊ သည္း ခံ ခြင့္ လြတ္ ျခင္း ၊ ေႏြး ေထြး ျခင္း စတာေတြ ေပါင္း စည္း ထား တာ ကို ဆို လို တယ္ ဆို တာ လည္း သိ ေလာက္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္…… မိဘ ဆို တာ မ႐ွိ ေတာ့ မွ ပူ ေဆြး ငို ေၾကြး အလွဴ အ တန္း လုပ္ ေပး ေန တာ ထက္ အသက္ ရွိ စဥ္ စိတ္ ခ်မ္း သာ ေအာင္ ထား ဖို ့ပို အ ေရး ၾကီး ေၾကာင္း ကို လည္း သိ ေလာက္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္ ……ေန ရာ ရာ ထူး ဆို တာ အ ေပၚ ယံ က ျမင္ ရ တဲ႔ ခြက္ တစ္ ခု ပါ ။ ခြက္ ထဲ ရွိ တဲ႔ အရာ သာ လ်ွင္ ကိုယ့္ အ စြမ္း စ အရည္ အခ်င္း အစစ္ ျဖစ္ တယ္ ။ အင္ မတန္ လွ ပ တဲ႔ အဖိုး တန္ ခြက္ ထဲ မွာ ဘာ အ ေရာင္ အ ဆင္း အရသာ မွ မရွိ တဲ႔ ရိုး ရိုး ေရ ျဖစ္ ႏိုင္ သလို ၊ သာ မန္ ခြက္ တစ္ ခု ထဲ မွာ အ ေရာင္ အဆင္း အနံ႔ အရ သာ ျပည့္ စံု တဲ႔ တန္ ဖိုး ၾကီး ဝိုင္ တစ္ ခြက္ လည္း ျဖစ္ ႏိုင္ တယ္ ဆို တာ မ်ိဳး လည္း သိ ေလာက္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္…… စီး ပြါး တိုး တက္ ၾကီး ပြား ျခင္း ဟာ က်န္း မာ စြာ အသက္ ရွည္ ျခင္း ေလာက္ မက္ ေမာ စရာ မ ေကာင္း ဘူး ခ်မ္း သာ လာ ရင္ က်န္း မာ ေရး ပို ဂရု စိုက္ ရ မယ္ ဆို တာ လည္း သိ ေလာက္ ေရာ ေပါ့ ။
အ ကယ္ ၍ သင္ ဟာ အသက္ ၄၀ ေက်ာ္ ျပီ ဆို ရင္……ဘဝ မွာ သာမန္ ဟာ အ ေကာင္း ဆံုး ပါ ပဲ လို ့ ေျပာ ေန တတ္ ေရာ ေပါ့ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lay Lay Yu

#Unicode Version
" အ ကယ် ၍ "
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……အချစ် မှာ ဘယ် သူ က ဘယ် သူ့ ကို ပို ချစ် သလဲ ဆို တာ မရှိ ဘူး ။ ဘယ် သူ က ဘယ် သူ့ ကို ပို တန် ဖိုး ထား လဲ ဆို တာ ပဲ ရှိ တယ်ဆို တာ သိ လောက် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……အထီး ကျန် ဖြစ် မှာစိုး လို့ ချစ်သူ မရှာသင့် သလို ၊ မချစ်သင့် တဲ့ သူ တစ် ယောက် ကို ချစ် မိ ရင် ပို အထီး ကျန် ဆန် တတ် တယ် ဆို တာ သ ဘော ပေါက် လောက် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……ကိုယ့် ဒုက္ခ ကို နား လည် ပေး နိုင် တဲ့ သူ ရှိ တာ ကံ ကောင်း တယ် ဆို တာ သိသလို ။ နား လည် ပေး နိုင် သူ မရှိ လည်း ကိုယ့် ကို အား ပေး ဖြေ သိမ့် တတ် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော်ပြီဆိုရင်……သူငယ်ချင်းဆိုတာ တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီတတ်သူ ကိုဆိုလိုတာဖြစ်တယ်။ အကျိုးကို မျှော်ပြီး ပေါင်းသင်းနေသူ ကိုခေါ် တာ မဟုတ်မှန်း လက် တွေ့ သိ လောက် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……ဘယ်အရာမှ အဓမ္မ လို ချင် လို့ မ ရ ဘူး ။ အရာရာဟာ ဖြစ်ချိန်တန်မှဖြစ် တယ် ၊ပျက်ချိန်တန် တော့ ပျက်ကြ ရ တယ် ဆို တာ ကြုံ ပြီး ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……ပန်းတိုင် ကို အလျင် စ လို ရောက် ချင် လို့မရ ဘူး ။ခြေ လှမ်းတိုင်း ကိုဖြေး ဖြေး မှန် မှန် သွား မှ အတိမ်း စောင်း မရှိ ရောက် နိုင် မယ် ဆို တာ ကို လည်း သိ လောက် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……အမြဲ တမ်း နှိမ့် ချ ပုန်း ကွယ် နေ လို့ မဖြစ် ဘူး ။ လို အပ် ချိန် မှာ ကိုယ့် ရဲ့ လင်း လက် မှု ကို တောက် ပ စွာ ပြ သင့် ရင် ပြ ရ တယ် ။ ဒါ မှ နေ့ ရက် တချို့ ဟာ မိုး ရွာ ပြီး နေ သာ လာ တာ မျိုး ခံ စား ချက် ရ နိုင် တာ လည်း သိ လောက် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……အရာရာ ဟာ အမှား နဲ့ အမှန် ဒွန် တွဲ နေ တယ် ။ သင် မှား တယ် ထင် တဲ့ အရာ တခြား ဖက် က ကြည့် ရင် မှန် နိုင် သ လို ၊ သင် လို ချင် လွန်း လို့ ကြိုး စား ပမ်းစား လိုက် ရှာ နေ တဲ့ အရာ ဟာ သူ များ မလို ချင် လို့ စွန့်ပစ် ထား တဲ့ အရာ လည်း ဖြစ် ကောင်း ဖြစ် နိုင် တာ ပဲ ဆို တာ မျိုး လည်း သိ လောက် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……ပျော် ရွှင် ခြင်း ဆို တာ ကိုယ့် ရင် ဘတ် ထဲ က သာ လာ နိုင် တယ် ။ ရွှေ ပန်း ကန် နဲ့ တည် ခင်း ဧည့် ခံ တဲ့ စား ကောင်း သောက် ဖွယ် ကို ဟန် လုပ် ပြီး စား ရ တာ ထက် ကိုယ့် အိမ် လို သ ဘော ထား ပြီး လွတ် လပ် စွာ စား ရ တဲ့ ဖြစ် သလို ထမင်း ပွဲ ကို ပို သာ ယာ တတ် နေ ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် …… အေး မြ တဲ့ မေတ္တာ တရား ဆို တာ မိသားစု တွင်း မှာ ရှိ တဲ့ ရိုး သား ခြင်း ၊ သည်း ခံ ခွင့် လွတ် ခြင်း ၊ နွေး ထွေး ခြင်း စတာတွေ ပေါင်း စည်း ထား တာ ကို ဆို လို တယ် ဆို တာ လည်း သိ လောက် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင်…… မိဘ ဆို တာ မရှိ တော့ မှ ပူ ဆွေး ငို ကြွေး အလှူ အ တန်း လုပ် ပေး နေ တာ ထက် အသက် ရှိ စဉ် စိတ် ချမ်း သာ အောင် ထား ဖို့ပို အ ရေး ကြီး ကြောင်း ကို လည်း သိ လောက် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင် ……နေ ရာ ရာ ထူး ဆို တာ အ ပေါ် ယံ က မြင် ရ တဲ့ ခွက် တစ် ခု ပါ ။ ခွက် ထဲ ရှိ တဲ့ အရာ သာ လျှင် ကိုယ့် အ စွမ်း စ အရည် အချင်း အစစ် ဖြစ် တယ် ။ အင် မတန် လှ ပ တဲ့ အဖိုး တန် ခွက် ထဲ မှာ ဘာ အ ရောင် အ ဆင်း အရသာ မှ မရှိ တဲ့ ရိုး ရိုး ရေ ဖြစ် နိုင် သလို ၊ သာ မန် ခွက် တစ် ခု ထဲ မှာ အ ရောင် အဆင်း အနံ့ အရ သာ ပြည့် စုံ တဲ့ တန် ဖိုး ကြီး ဝိုင် တစ် ခွက် လည်း ဖြစ် နိုင် တယ် ဆို တာ မျိုး လည်း သိ လောက် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင်…… စီး ပွါး တိုး တက် ကြီး ပွား ခြင်း ဟာ ကျန်း မာ စွာ အသက် ရှည် ခြင်း လောက် မက် မော စရာ မ ကောင်း ဘူး ချမ်း သာ လာ ရင် ကျန်း မာ ရေး ပို ဂရု စိုက် ရ မယ် ဆို တာ လည်း သိ လောက် ရော ပေါ့ ။
အ ကယ် ၍ သင် ဟာ အသက် ၄၀ ကျော် ပြီ ဆို ရင်……ဘဝ မှာ သာမန် ဟာ အ ကောင်း ဆုံး ပါ ပဲ လို့ ပြော နေ တတ် ရော ပေါ့ ။

ဖိုးသူတော် (www.phothutaw.com)
Credit:Lay Lay Yu
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top