Kantharyar Centre
×

အသက္ ၂၁ ႏွစ္အ႐ြယ္ ျမန္မာႏုိင္ငံမွ ေ႐ႊ႕ေျပာင္းလာသူ အမ်ဳိးသားဟာ ၾသစေၾတးလ်မွာ ဒုကၡသည္အျဖစ္ ခုိလႈံေနထုိင္ခြင့္ရရန္ သုံးႏွစ္ၾကာ ေစာင့္ဆုိင္းေနသူလုိ႕ ဆုိပါတယ္။

ၾသစေၾတးလ်ႏုိင္ငံ မဲလ္ဘုန္းၿမဳိ႕႐ွိ ဘဏ္ခြဲတစ္ခုမွာ ႏုိဝင္ဘာ ၁၈ ရက္ ျဖစ္ပြားခဲ့တဲ့ ကုိယ့္ကုိယ္ကုိယ္ ဓာတ္ဆီေလာင္းမီး႐ႈိ႕ခဲ့သူမွာ ျမန္မာႏုိင္ငံမွ လာေရာက္သူျဖစ္ေၾကာင္း အာဏာပုိင္ေတြက အတည္ျပဳခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ ျမန္မာႏုိင္ငံမွ ေ႐ႊ႕ေျပာင္းလာသူ အမ်ဳိးသားဟာ ၾသစေၾတးလ်မွာ ဒုကၡသည္အျဖစ္ ခုိလႈံေနထုိင္ခြင့္ရရန္ သုံးႏွစ္ၾကာ ေစာင့္ဆုိင္းေနသူလုိ႕ ဆုိပါတယ္။

အဆုိပါ အမ်ဳိးသားက မဲလ္ဘုန္းၿမဳိ႕႐ွိ ဓနသဟာယဘဏ္ခြဲမွာ ႏုိဝင္ဘာ ၁၈ ရက္ နံနက္ပုိင္းက ကုိယ့္ကုိယ္ကုိယ္ ဓာတ္ဆီေလာင္ၿပီး မီး႐ႈိ႕ခဲ့တာ ျဖစ္ပါတယ္။ ကိုယ့္ကုိယ္ကုိယ္ မီး႐ႈိ႕မႈေၾကာင့္ အဆုိပါအမ်ဳိးသားနဲ႕၎အနီး႐ွိလူငါးဦးဟာမီးေလာင္ဒဏ္ရာမ်ား ျပင္းထန္စြာရခဲ့ၿပီး ေဆး႐ုံုသို႕
တင္ပုိ႕ခ့ဲရပါတယ္။

မီးခုိးမ်ားေၾကာင့္ အသက္႐ွဴက်ပ္ခဲ့တဲ့ အျခား လူ ၂၁ ဦးကိုလည္း ေဆး႐ုံသို႕ပုိ႕ေဆာင္ခဲ့ရပါတယ္။ ကိုယ့္ကိုယ္ကုိယ္ မီး႐ႈိ႕ခဲ့သူရဲ႕ အမည္ကုိ ႏူးရ္ျဖစ္ေၾကာင္း ၎ရဲ႕မိတ္ေဆြေတြက သိၾကၿပီး လက္႐ွိမွာ ရဲတပ္ဖြဲ႕အေစာင့္အေ႐ွာက္ျဖင့္ ေဆး႐ုံတင္ထားရေၾကာင္း သိရပါတယ္။
အဆုိပါ အမ်ဳိးသားဟာ ၂၀၁၃ ခုႏွစ္က ၾသစေၾတးလ်သုိ႕ စက္ေလွျဖင့္ေရာက္႐ွိလာခဲ့ၿပီး ဒုကၡသည္အျဖစ္ ခုိလႈံေနထုိင္ခြင့္ရရန္ ေစာင့္ဆုိင္းေနသူျဖစ္ေၾကာင္း အာဏာပုိင္ေတြက ေျပာပါတယ္။ ႏုိဝင္ဘာ ၁၈ ရက္ နနက္ပုိင္းက ျဖစ္ပြားခဲ့တဲ့ အဆုိပါျဖစ္ရပ္ကုိ ဘဏ္ခြဲတစ္ခုမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းအျဖစ္ အေစာပိုင္းသတင္းမ်ားက ေဖာ္ျပခဲ့ေၾကာင္း သိရပါတယ္။
Source & Photo: HindustanTimes, Indian Express, ABC, 7News Melbourne
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ အမျိုးသားဟာ သြစတြေးလျမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခွင့်ရရန် သုံးနှစ်ကြာ စောင့်ဆိုင်းနေသူလို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ ဘဏ်ခွဲတစ်ခုမှာ နိုဝင်ဘာ ၁၈ ရက် ဖြစ်ပွားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ခဲ့သူမှာ မြန်မာနိုင်ငံမှ လာရောက်သူဖြစ်ကြောင်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ အမျိုးသားဟာ သြစတြေးလျမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခွင့်ရရန် သုံးနှစ်ကြာ စောင့်ဆိုင်းနေသူလို့ ဆိုပါတယ်။

အဆိုပါ အမျိုးသားက မဲလ်ဘုန်းမြို့ရှိ ဓနသဟာယဘဏ်ခွဲမှာ နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်ပြီး မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မီးရှို့မှုကြောင့် အဆိုပါအမျိုးသားနဲ့၎င်းအနီးရှိလူငါးဦးဟာမီးလောင်ဒဏ်ရာများ ပြင်းထန်စွာရခဲ့ပြီး ဆေးရုံသို့

တင်ပို့ခဲ့ရပါတယ်။

မီးခိုးများကြောင့် အသက်ရှူကျပ်ခဲ့တဲ့ အခြား လူ ၂၁ ဦးကိုလည်း ဆေးရုံသို့ပို့ဆောင်ခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့သူရဲ့ အမည်ကို နူးရ်ဖြစ်ကြောင်း ၎င်းရဲ့မိတ်ဆွေတွေက သိကြပြီး လက်ရှိမှာ ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် ဆေးရုံတင်ထားရကြောင်း သိရပါတယ်။
အဆိုပါ အမျိုးသားဟာ ၂၀၁၃ ခုနှစ်က သြစတြေးလျသို့ စက်လှေဖြင့်ရောက်ရှိလာခဲ့ပြီး ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခွင့်ရရန် စောင့်ဆိုင်းနေသူဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ နိုဝင်ဘာ ၁၈ ရက် နနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်ကို ဘဏ်ခွဲတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းအဖြစ် အစောပိုင်းသတင်းများက ဖော်ပြခဲ့ကြောင်း သိရပါတယ်။
Source & Photo: HindustanTimes, Indian Express, ABC, 7News Melbourne
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top