Property Expo
×

အခ်စ္ဆိုတာ လူတိုင္းရဲ႕ဘဝမွာ တစ္ခါေတာ့ ႀကံဳဖူးၾကမွာပါ။ ၅၂၈ ထက္ ၁၅၀၀ အခ်စ္က ပိုပူေလာင္ရပါတယ္။ ရည္းစားနဲ႕ျပတ္တဲ့အခါမ်ိဳးဆို အနည္းနဲ႕အမ်ားေတာ့ခံစားရမွာပါ။ ကုိယ္ခ်စ္တဲ့သူ ကုိယ့္နားမရွိေတာ့ဘူး ဆိုတဲ့ အေတြးကို တကယ္ခ်စ္ဖူးသူတိုင္း နားလည္ၾကမွာပါ။ ရည္းစားနဲ႕ ျပတ္ရင္ ခံစားရတာသက္သာေစဖို႔ ေအာက္က နည္းလမ္းေလးေတြ လုပ္ၾကည့္ေနာ္

* ယူႀကံဳးမရ အပူလံုးၾကြေနခ်ိန္မို႕ ထမင္းစားမဝင္ ျဖစ္ပါလိမ့္မယ္
အစားမစားရင္ အာဟာရျပတ္နိုင္တာမို႕ ထမင္းမစားခ်င္ေတာင္ ေၾကးအိုးဆီခ်က္ ဒံေပါက္ ဘဲကင္ BBQ hot pot ႏွစ္သက္ရာ အစားထိုးစားၾကည့္ပါ။ ေရေသာက္မဝင္ပါကလည္း ကိုလာတို႕ ဖာလူဒါတို႕ ေျပာင္းေသာက္ၾကည့္နိုင္ပါတယ္။

* အလြမ္းဒဏ္ေၾကာင့္ အိပ္မေပ်ာ္ ျဖစ္ေနပါသလား။
အိပ္ရာေျပာင္းအိပ္ၾကည့္ပါ။ ကုိယ့္အိပ္ရာထဲ လူးလွိမ့္ငို လြမ္းေနျခင္းကို သူမသိပါ။ မသိမယ့္အတူတူ ဟိုတယ္သြားၿပီး အဲကြန္းဖြင့္ကာ စပလိန္ေရျမွဳပ္ေမြ႕ရာေပၚတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္လိုက္ပါ။ လြမ္းသည့္တိုင္ေအာင္မွ အိပ္ရာ၏ဆြဲေဆာင္မွဳေၾကာင့္ အိပ္ေပ်ာ္သြားပါလိမ့္မည္ ။

* ေရာက္ဖူးတဲ့ေနရာေလးေတြ တစ္ေယာက္တည္းျပန္သြားျဖစ္ရင္ လြမ္းေနပါလိမ့္မယ္။
ခရီးထြက္ပါ shopping သြားပါ။ နိုင္ငံျခားသြားၿပီး ဆက္ဖီဆြဲပါ ။ ကမာၻပတ္ၿပီး မုန္႕မ်ိဳးစံုေလွ်ာက္စားပါ။

* သူေပးထားတဲ့ လက္ေဆာင္ေတြ အမွတ္တရဓာတ္ပံုေတြ ျမင္တိုင္း ေၾကကြဲေနႏိုင္ပါတယ္။
လက္ေဆာင္ေတြကို လွဴသင့္တာလွဴ ပစ္သင့္တာ ပစ္ပါ ေရာင္းစားလို႕ရပါက ေရာင္းစားပါ။ ကိုရီးယားမင္းသားပံုေတြဝယ္ကပ္ပါ။
Facebook အခ်ိန္ျပည့္တက္ပါ။ ဆရာဝန္ အင္ဂ်င္နီယာ ေမာ္ဒယ္ အဆိုေတာ္ မ်ားအား လိုက္လံဝန္းရံရင္း အခ်ိန္ျဖဳန္းနိုင္ပါတယ္။

* သူႏွင့္ ေန႕ညမျပတ္ message ပို႔သည့္အခိုက္အတန္႔ကို သတိရလြမ္းဆြတ္ေနပါသလား။
အေကာင္အထည္ေဖာ္ပါ။ အလြမ္းလည္းေျပ အပ်င္းလည္းေျပေအာင္ ေဖ့ဘြတ္ေပၚ႐ွိ ကြီးေခ်ာေခ်ာမ်ား ကို လိုက္အပ္ပါေလ။ ႏွစ္ေယာက္သံုးေယာက္ႏွင့္ ၿပိဳင္တူchat ပါက အခ်ိန္လည္းကုန္ အလြမ္းလည္းေလ်ာ့မည့္အျပင္
Taylor Swift ကဲ့သို႔ အေတြ႔အၾကံဳမ်ားကာ တစ္ခ်ိန္ခ်ိန္တြင္စာေရးဆရာမႀကီးပါျဖစ္လာႏိုင္အံ့။


* ရင္ထဲတြင္ ဟာတာတာ စို႔နင္နင္ေၾကကြဲမွဳမ်ိဳးခံစားရနိုင္ပါသည္။
မိန္းကေလးတစ္ေယာက္ သရဲေျခာက္ေနသည္ (အဲေလ) မိန္းကေလးတစ္ေယာက္ အသည္းကြဲေနသည္ မလာပါနဲ႕ စသည့္အလြမ္းသီခ်င္းမ်ားကို ကီးေၾကာင္ေၾကာင္ အသံျပဲျပဲႏွင့္ေအာ္ဆိုၾကည့္ပါ။ ထိုအခါ ကိုယ့္အသံကိုယ္စိတ္ပ်က္လာ၍ ခံစားခ်က္မ်ားေမွးမွိန္လာမည့္အျပင္ ရပ္ကြက္႐ုံးသို႔ ေရာက္႐ွိႏိုင္မည္ျဖစ္၍ သင့္ခံစားခ်က္မ်ား ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကြယ္သြားၿပီး သင့္အသည္းကြဲေဝဒနာလည္း ဘယ္ေရာက္လို႕ေရာက္မွန္းမသိ ျဖစ္သြားပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Forhermyanmar

Unicode Version

အချစ်ဆိုတာ လူတိုင်းရဲ့ဘဝမှာ တစ်ခါတော့ ကြုံဖူးကြမှာပါ။ ၅၂၈ ထက် ၁၅၀၀ အချစ်က ပိုပူလောင်ရပါတယ်။ ရည်းစားနဲ့ပြတ်တဲ့အခါမျိုးဆို အနည်းနဲ့အများတော့ခံစားရမှာပါ။ ကိုယ်ချစ်တဲ့သူ ကိုယ့်နားမရှိတော့ဘူး ဆိုတဲ့ အတွေးကို တကယ်ချစ်ဖူးသူတိုင်း နားလည်ကြမှာပါ။ ရည်းစားနဲ့ ပြတ်ရင် ခံစားရတာသက်သာစေဖို့ အောက်က နည်းလမ်းလေးတွေ လုပ်ကြည့်နော်

* ယူကြုံးမရ အပူလုံးကြွနေချိန်မို့ ထမင်းစားမဝင် ဖြစ်ပါလိမ့်မယ်
အစားမစားရင် အာဟာရပြတ်နိုင်တာမို့ ထမင်းမစားချင်တောင် ကြေးအိုးဆီချက် ဒံပေါက် ဘဲကင် BBQ hot pot နှစ်သက်ရာ အစားထိုးစားကြည့်ပါ။ ရေသောက်မဝင်ပါကလည်း ကိုလာတို့ ဖာလူဒါတို့ ပြောင်းသောက်ကြည့်နိုင်ပါတယ်။

* အလွမ်းဒဏ်ကြောင့် အိပ်မပျော် ဖြစ်နေပါသလား။
အိပ်ရာပြောင်းအိပ်ကြည့်ပါ။ ကိုယ့်အိပ်ရာထဲ လူးလှိမ့်ငို လွမ်းနေခြင်းကို သူမသိပါ။ မသိမယ့်အတူတူ ဟိုတယ်သွားပြီး အဲကွန်းဖွင့်ကာ စပလိန်ရေမြှုပ်မွေ့ရာပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်ပါ။ လွမ်းသည့်တိုင်အောင်မှ အိပ်ရာ၏ဆွဲဆောင်မှုကြောင့် အိပ်ပျော်သွားပါလိမ့်မည် ။

* ရောက်ဖူးတဲ့နေရာလေးတွေ တစ်ယောက်တည်းပြန်သွားဖြစ်ရင် လွမ်းနေပါလိမ့်မယ်။
ခရီးထွက်ပါ shopping သွားပါ။ နိုင်ငံခြားသွားပြီး ဆက်ဖီဆွဲပါ ။ ကမ္ဘာပတ်ပြီး မုန့်မျိုးစုံလျှောက်စားပါ။

* သူပေးထားတဲ့ လက်ဆောင်တွေ အမှတ်တရဓာတ်ပုံတွေ မြင်တိုင်း ကြေကွဲနေနိုင်ပါတယ်။
လက်ဆောင်တွေကို လှူသင့်တာလှူ ပစ်သင့်တာ ပစ်ပါ ရောင်းစားလို့ရပါက ရောင်းစားပါ။ ကိုရီးယားမင်းသားပုံတွေဝယ်ကပ်ပါ။
Facebook အချိန်ပြည့်တက်ပါ။ ဆရာဝန် အင်ဂျင်နီယာ မော်ဒယ် အဆိုတော် များအား လိုက်လံဝန်းရံရင်း အချိန်ဖြုန်းနိုင်ပါတယ်။

* သူနှင့် နေ့ညမပြတ် message ပို့သည့်အခိုက်အတန့်ကို သတိရလွမ်းဆွတ်နေပါသလား။
အကောင်အထည်ဖော်ပါ။ အလွမ်းလည်းပြေ အပျင်းလည်းပြေအောင် ဖေ့ဘွတ်ပေါ်ရှိ ကွီးချောချောများ ကို လိုက်အပ်ပါလေ။ နှစ်ယောက်သုံးယောက်နှင့် ပြိုင်တူchat ပါက အချိန်လည်းကုန် အလွမ်းလည်းလျော့မည့်အပြင်
Taylor Swift ကဲ့သို့ အတွေ့အကြုံများကာ တစ်ချိန်ချိန်တွင်စာရေးဆရာမကြီးပါဖြစ်လာနိုင်အံ့။


* ရင်ထဲတွင် ဟာတာတာ စို့နင်နင်ကြေကွဲမှုမျိုးခံစားရနိုင်ပါသည်။
မိန်းကလေးတစ်ယောက် သရဲခြောက်နေသည် (အဲလေ) မိန်းကလေးတစ်ယောက် အသည်းကွဲနေသည် မလာပါနဲ့ စသည့်အလွမ်းသီချင်းများကို ကီးကြောင်ကြောင် အသံပြဲပြဲနှင့်အော်ဆိုကြည့်ပါ။ ထိုအခါ ကိုယ့်အသံကိုယ်စိတ်ပျက်လာ၍ ခံစားချက်များမှေးမှိန်လာမည့်အပြင် ရပ်ကွက်ရုံးသို့ ရောက်ရှိနိုင်မည်ဖြစ်၍ သင့်ခံစားချက်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားပြီး သင့်အသည်းကွဲဝေဒနာလည်း ဘယ်ရောက်လို့ရောက်မှန်းမသိ ဖြစ်သွားပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Forhermyanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top