Property Expo
×

အဲ့ဒီည ကၽြန္ေတာ္ အိမ္ ျပန္ေရာက္တဲ့အခ်ိန္မွာ ကၽြန္ေတာ္ဇနီးက ညစာကို ျပင္ဆင္လ်က္ရွိပါတယ္..။ ကၽြန္ေတာ္ သူမလက္ကို ဆြဲကိုင္လိုက္ၿပီး

“ငါ့မွာ မင္းကို ေျပာစရာ ရွိတယ္…”

သူမ ျငိမ္သက္စြာပဲ ကၽြန္ေတာ္ေရွ႕မွာထိုင္ခ်လိုက္ပါတယ္..။ ၿပီးေတာ့ သူမမ်က္၀န္းေတြထဲမွာ နာက်င္မႈအရိပ္အေယာင္ေတြကို ကၽြန္ေတာ္ ေတြ႕လိုက္ရတယ္..။

ကၽြန္ေတာ္ ရုတ္တရက္ သူမကို ဘယ္ကဘယ္လို စေျပာရမွန္း မသိခဲ့ပါဘူး…။ ဒါေပမယ့္ ကၽြန္ေတာ္ သူမကို ဆက္မေပါင္းလိုေတာ့ပါဘူး..။ ကၽြန္ေတာ္ ဒီ မိသားစုထဲက ထြက္သြားခ်င္တယ္ဆိုတာကို သူမကို သိေစခ်င္ပါတယ္..။ ကၽြန္ေတာ္ သူမနဲ႕ မ်က္ႏွာခ်င္းမဆိုင္ပဲ

“ငါတို႕ ကြာရွင္းၾကရေအာင္….”

သူမ ပံုစံက အံ့ၾသၿပီး တုန္လႈပ္ေနတဲ့ ပံုစံမဟုတ္ပါဘူး…။ သူမက တည္ျငိမ္စြာပဲ..

“ဘာလို႕ ကြာရွင္းသင့္တယ္လို႕ ရွင္ထင္လဲ…”

ကၽြန္ေတာ္ သူမေမးခြန္းကို ေရွာင္ရွားခဲ့ပါတယ္..။ ကၽြန္ေတာ္ဒီလိုလုပ္တာကို သူမအေတာ္ကို စိတ္ဆိုးသြားပါတယ္..။ လက္ထဲမွာကိုင္ထားတဲ့ ဇြန္းကို ပစ္ေပါက္ၿပီး…”ရွင္ ေယာက္်ားမဟုတ္ဘူး…” ဆိုၿပီး ေအာ္ဟစ္ခဲ့ပါတယ္..။ အဲ့ဒီညက ကၽြန္ေတာ္တို႕ တစ္ေယာက္နဲ႕တစ္ေယာက္ စကားမေျပာခဲ့ၾကပါဘူး..။ သူမကေတာ့ တစ္ညလံုး ငိုေနပါတယ္..။ ကၽြန္ေတာ္ သိပါတယ္.. သူမ ဘာလို႕ ကၽြန္ေတာ္သူ႕ကို ကြာရွင္းခ်င္ရသလဲဆိုတာ ကို သူသိခ်င္ေနပါလိမ့္မယ္.. ဒါေပမယ့္ ကၽြန္ေတာ့္မွာ သူေက်နပ္ေစႏိုင္မယ့္ အေျဖမ်ိဳးမရွိပါဘူး..။ ဘာလို႕လဲဆိုေတာ့ ကၽြန္ေတာ္ Jane ဆိုတဲ့ ေကာင္မေလးကို ခ်စ္မိေနၿပီေလ.. ကၽြန္ေတာ္သူမအေပၚ သနားရံုကလြဲၿပီး ဘာခံစားခ်က္မွ မရွိေတာ့ပါဘူး..။

ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ အျပစ္ရွိမွန္းသိပါတယ္..။ ဒါေၾကာင့္ ကၽြန္ေတာ္ ကြာရွင္းစာခ်ဳပ္မွာ ကၽြန္ေတာ့္ရဲ႕အိမ္..ကား..နဲ႕ ကုမၸဏီရဲ႕ ရွယ္ယာ (၃၀%) ကို သူမကို ေပးဖို႕ ျပင္ဆင္ခဲ့ပါတယ္..။ သူမ ကြာရွင္းစာခ်ဳပ္ကို တစ္ခ်က္ၾကည့္ၿပီး အပိုင္းပိုင္း အစစ ျဖစ္ေအာင္ ဆုတ္ျဖဲခဲ့ပါတယ္..။ ကၽြန္ေတာ့္ေဘးမွာ ၁၀ ႏွစ္ေလာက္ အတူတကြ ရွိလာခဲ့တဲ့ ကၽြန္ေတာ့္ဇနီးဟာ အခုဆို ကၽြန္ေတာ့္အတြက္ သူစိမ္းတစ္ေယာက္ ျဖစ္လို႕ေနခဲ့ပါၿပီ..။ သူမရဲ႕ အဲ့ဒီအခ်ိန္ေတြ၊ အခ်စ္ေတြ..၊ ခြန္အားေတြ အတြက္ သူမကို ကၽြန္ေတာ္အားနာပါတယ္..။ ေနာက္ဆံုးေတာ့ သူမ ကၽြန္ေတာ့္ေရွ႕မွာ အက်ယ္ၾကီး ေအာ္ငိုပါတယ္..။ ကၽြန္ေတာ္ ဒါကို ေမွ်ာ္လင့္ေနတာပါ..။ ကၽြန္ေတာ့္အတြက္ေတာ့ ငိုျခင္းဟာ သူမအတြက္ ထြက္ေပါက္တစ္ခုပါပဲ..။ ရက္သတၱပတ္ အေတာ္ၾကာ အစပ်ိဳးလာခဲ့ရတဲ့ ကၽြန္ေတာ္တို႕ ကြာရွင္းျခင္းဟာ တျဖည္းျဖည္းနဲ႕ ရုပ္လံုးေပၚလာခဲ့ပါၿပီ။

ေနာက္တစ္ေန႕.. ကၽြန္ေတာ္အိမ္ကို ေနာက္က်စြာ ျပန္လာခဲ့တဲ့အခ်ိန္မွာ သူမဟာ စားပြဲေပၚမွာ တစ္စံုတစ္ခုကိုေရးေနပါတယ္..။ ကၽြန္ေတာ္ ညစာ မစားေတာ့ပဲ အခန္းထဲကို တန္း၀င္ၿပီး အိပ္စက္ခဲ့ပါတယ္..။. ကၽြန္ေတာ္ ဒီေန႕တစ္ေနလံုး Jane နဲ႕ လည္ပတ္ ေပ်ာ္ရႊင္ခဲ့တာေၾကာင့္ ပင္ပန္းတာနဲ႕ ကၽြန္ေတာ္ ခ်က္ခ်င္းပဲ အိပ္ေပ်ာ္သြားခဲ့ပါတယ္..။ ကၽြန္ေတာ္ႏုိးလာတဲ့အခါမွာ သူမက စားပြဲေပၚမွာ စာေရးလ်က္ရွိေနတုန္းပါပဲ..။ ကၽြန္ေတာ္ သူမ ဘာေတြ ေရးေနလည္း မသိခ်င္ပါဘူး.. ဒါေၾကာင့္ တစ္ဖက္လွည့္ၿပီး ျပန္အိပ္ေပ်ာ္သြားခဲ့ပါတယ္..။
ေနာက္တစ္ေန႕မွာ သူမ ကၽြန္ေတာ့္ဆီက ဘာမွမလုိခ်င္တဲ့အေၾကာင္း…၊ ဒါေပမယ့္ မကြာရွင္းမီ တစ္လအတြင္းမွာ ကၽြန္ေတာ္တို႕ႏွစ္ေယာက္ တတ္ႏိုင္ သေလာက္ သာမန္ပံုစံအတိုင္း ပံုမပ်က္ ေနထိုင္ရမယ္ဆိုတဲ့ အခ်က္ကို ေတာင္းဆိုပါတယ္..။ သူမ အေၾကာင္းျပခ်က္က ရွင္းပါတယ္..။ ကၽြန္ေတာ္တို႕ သားေလး ဒီလ ထဲမွာ စာေမးပြဲရွိေတာေၾကာင့္ ဒီကိစၥေၾကာင့္ သူ႔ကို စိတ္အေႏွာင့္အယွက္ မျဖစ္ေစခ်င္လို႕ပါတဲ့..။

ဒါေတြဟာ ကၽြန္ေတာ့္အတြက္ အခက္အခဲမရွိပါဘူး..။ ဒါေပမယ့္ သူမေနာက္တစ္ခု ထပ္ေတာင္းဆိုပါတယ္..။ အဲ့ဒါကေတာ့ ကၽြန္ေတာ္တို႕ မဂၤလာဦးညက သူမကို ေပြ႕ခ်ီတဲ့ပံုစံအတိုင္း မနက္တိုင္း သူမကို အိပ္ယာထဲကေန အိမ္ေရွ႕ တံခါးေပါက္၀အထိ ေပြ႕ခ်ီၿပီး ပို႕ေပးဖို႕ပါ..။ သူမဘာလို႕ ဒါကိုေတာင္းဆိုလဲ ကၽြန္ေတာ္ နားမလည္ပါဘူး..။ ကၽြန္ေတာ္တို႕ရဲ႕ ေနာက္ဆံုးေန႕ရက္ေတြမွာ ဘာအေႏွာင့္အယွက္မွ မျဖစ္ေစခ်င္တာနဲ႕ ကၽြန္ေတာ္ ဒါကိုလည္း လက္ခံခဲ့ပါတယ္..။

ကၽြန္ေတာ္ Jane ကို ဒီအေၾကာင္းေတြ ေျပာျပေတာ့ သူမ က်ယ္ေလာင္စြာ ေအာ္ရယ္ၿပီး ဒါဟာ ဟာသျပဇာတ္ပဲလို႕ ေျပာခဲ့ပါတယ္..။ သူမ ဘယ္လို နည္းလမ္းေတြပဲသံုးသံုး… ေနာက္ဆံုးေတာ့ သူမ ကြာရွင္းရမွာဆိုၿပီး ေျပာဆိုခဲ့ပါတယ္..။

ကၽြန္ေတာ္နဲ႕ ကၽြန္ေတာ့္ဇနီးဟာ ဒီကြာရွင္းဖို႕ ဇာတ္လမ္းကို ကၽြန္ေတာ္ စတင္ကတည္းက တစ္ေယာက္နဲ႕တစ္ေယာက္ အထိအေတြ႕မရွိခဲ့ၾကပါဘူး.။ ဒါေၾကာင့္ ပထမဦးဆံုးေန႕.. ကၽြန္ေတာ္ သူမကို ေပြ႕ခ်ီလိုက္ေတာ့.. ကၽြန္ေတာ္တို႕ ႏွစ္ေယာက္လံုး ရွက္ေနၾကပါတယ္.. ။ ကၽြန္ေတာ္တို႕သားေလး က ေနာက္ကေန “ေဖေဖက ေမ့ေမ့ကို ေပြ႕ေနၿပီေဟ့…” ဆိုၿပီး ေနာက္ကေန လက္ခုပ္တီးေနပါတယ္..။ သားေလးရဲ႕စကားဟာ ကၽြန္ေတာ့္ကို နာက်င္ေစ ခဲ့ပါတယ္..။ အိပ္ခန္းထဲကေန ဧည့္ခန္း..ၿပီးေတာ့ အိမ္ေရွ႕ ကၽြန္ေတာ္သူမက ေပြ႕ခ်ီၿပီး ၁၀ မီတာေလာက္ လမ္းေလွ်ာက္ခဲ့ပါတယ္..။ သူမက မ်က္လံုးကို ပိတ္ထားၿပီး ကၽြန္ေတာ့္ကို တုိးတုိးေလးေျပာပါတယ္..။

“ကြာရွင္းမယ့္အေၾကာင္းကို သားေလး မသိပါေစနဲ႕…”

ကၽြန္ေတာ္ ေခါင္းညိတ္လိုက္တယ္.. ကၽြန္ေတာ္ သူမကို တံခါးေပါက္ရဲ႕အျပင္မွာ ခ်လိုက္တယ္..။ ၿပီးေတာ့ ကၽြန္ေတာ္ ရံုးကို ကားေမာင္းထြက္ခဲ့ေတာ့တယ္..။

ဒုတိယေန႕က ကၽြန္ေတာ္တို႕ႏွစ္ေယာက္လံုးအတြက္ သိပ္အခက္အခဲမရွိပါဘူး..။ သူမက ကၽြန္ေတာ့္ရဲ႕ရင္ဘတ္ေပၚမွာ အိပ္စက္ေနပါတယ္..။ သူမဆီက ေရေမႊးနံ႕ကို ကၽြန္ေတာ္ ရႈရႈိက္မိေနပါတယ္..။ ကၽြန္ေတာ္ အခုမွ သတိထားမိတာက ကၽြန္ေတာ္ သူမကို ေသခ်ာမၾကည့္ျဖစ္တာ အေတာ္ၾကာၿပီ ဆိုတာ ကိုပါပဲ..။ သူမက မငယ္ေတာ့ပါလား…။ မ်က္ႏွာမွာ အေရးအေၾကာင္း ငယ္ေလးေတြ ေတြ႕ေနရျပီ..။ သူမ ဆံပင္ေတြလည္း မီးခိုးေရာင္ သန္းေနပါၿပီ..။


ေလးရက္ေျမာက္ေန႕.. ကၽြန္ေတာ္သူ႕ကို မလိုက္တဲ့အခါမွာ..ကၽြန္ေတာ္သူမအေပၚ ၾကင္နာတဲ့စိတ္ျဖစ္ေပၚလာခဲ့ပါတယ္..။ ဒီအမ်ိဳးသမီးဟာ ကၽြန္ေတာ့္ အတြက္ ၁၀ႏွစ္ဆိုတဲ့ အခ်ိန္ကာလကို ကၽြန္ေတာ္နဲ႕အတူ ကုန္ဆံုးေစခဲ့ပါလား…။ တစ္မနက္မွာ သူမ ဘာ၀တ္ရမလဲဆိုတာကိုေရြးေနပါတယ္..။ သူမ အ၀တ္အထည္ေတြအမ်ားၾကီးရွိေပမယ့္လည္း ေတာ္တဲ့ဟာကို မေတြ႕ဘူးျဖစ္ေနပါတယ္.. သူမ သက္ျပင္းခ်လိုက္ၿပီး “အ၀တ္ေတြက အကုန္ေခ်ာင္ကုန္ၿပီ” ဆိုၿပီး ညင္းညဴ လိုက္ပါတယ္…။ ကၽြန္ေတာ္အခုမွ သတိထားလိုက္မိပါတယ္..။ သူမဟာ အရင္ကထက္ အေတာ့္ကို ပိန္က်သြားခဲ့ပါတယ္.။ ဒါေၾကာင့္ ကၽြန္ေတာ့္အတြက္ သူမကို ေပြ႕ခ်ီရတာ ပိုလြယ္လာတယ္လို႕ ထင္ေနမိတာကိုး..။

သူမဟာ သူမရဲ႕ ခံစားမႈေတြ နာက်ည္းမႈေတြကို ရင္ထဲမွာ ပိတ္ေလွာင္ထားတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္..။ မရည္ရြယ္ပဲ ကၽြန္ေတာ္ သူမရဲ႕ ေခါင္းကို ၾကင္နာစြာ ပြတ္ေပးမိလိုက္ပါတယ္..။ အဲ့ဒီအခ်ိန္မွာ သားေလးက အခန္းထဲ၀င္လာၿပီး

“ေဖေဖ… ေမ့ေမ့ကို ခ်ီဖို႕ အခ်ိန္ၾကၿပီ….”

သူမက သားေလးကို သူမအနီးေခၚလိုက္ၿပီး တင္းက်ပ္စြာ ဖက္ထားလိုက္ပါတယ္..။ ကၽြန္ေတာ္ ခ်က္ခ်င္းမ်က္ႏွာလြဲလိုက္ပါတယ္ ..ဘာလို႕လဲေတာ့ ကၽြန္ေတာ့္ရဲ႕ ကြာရွင္းခ်င္တဲ့စိတ္ ဒီအခ်ိန္ေလးမွာ ေျပာင္းသြားမွာ စိုးလို႕ပါ..။
သူမအေတာ္ေလးကို ပိန္က်လာတာ ကၽြန္ေတာ့္ကို ၀မ္းနည္းေစခဲ့ပါတယ္..။ ေနာက္ဆံုးေန႕မွာ… ကၽြန္ေတာ္ သူမကိုေပြ႕ခ်ီၿပီး ေျခလွမ္းတစ္လွမ္းခ်င္းကို ခက္ခဲစြာ ေလွ်ာက္လွမ္းေနရပါတယ္..။ သားေလးကေတာ့ ေက်ာင္းသြားေနပါၿပီ..။ ကၽြန္ေတာ္တုိ႕ ဧည့္ခန္းထဲေရာက္ေတာ့ သူမက ကၽြန္ေတာ္လက္ထဲက ဆင္းၿပီး စားပြဲထဲကေန စာရြက္တစ္ရြက္ထုတ္လိုက္ၿပီး ကၽြန္ေတာ့္ကိုေပးလိုက္ပါတယ္..။ အဲ့ဒီစာရြက္က သူမရဲ႕ ေဆးစစ္မႈ မွတ္တမ္းျဖစ္ၿပီး သူမဟာ ေသြးကင္ဆာေရာဂါကို ခံစားေနရပါတယ္တဲ့ေလ….။ သူမကို ၾကည့္လိုက္ေတာ့ သူမမ်က္၀န္းမွာ မ်က္ရည္ေတြ တြဲခိုၿပီး ကၽြန္ေတာ့္ကို ၾကည့္ေနပါတယ္..။

“မင္း..ဒါ…ငါ့ကိုဘာလို႕ အရင္က မေျပာတာလဲ….”

ကၽြန္္ေတာ္သူမကို ေအာ္ေမးခဲ့ပါတယ္..။


“ဒီေရာဂါေၾကာင့္ ရွင္ကၽြန္မေဘးမွာ ဆက္ၿပီး ေနေနမွာကို ကၽြန္မ မလိုခ်င္ဘူး…”

ကၽြန္ေတာ္ ခ်က္ခ်င္းပဲ ေျပးထြက္ခဲ့ၿပီး ရံုးကို ကားေမာင္းခဲ့ပါတယ္..။ ရံုးေရာက္ေရာက္ခ်င္း ကားထဲက ကားေသာ့မျဖဳတ္ပဲေျပးထြက္ခဲ့ပါတယ္..။ ကၽြန္ေတာ္ အခုခ်ိန္မွာ စိတ္ေျပာင္းသြားမွာ အရမ္းေၾကာက္မိပါတယ္..။ ကၽြန္ေတာ္ Jane ဆီေရာက္ေတာ့…

“Jane ကိုယ့္ကို ခြင့္လြတ္ပါ..။ ကိုယ္ ကိုယ့္ဇနီးကို မကြားရွင္းႏိုင္ဘူး…”


သူမကၽြန္ေတာ့္ကို ၾကည့္ၿပီး ကၽြန္ေတာ့္ နဖူးကို လာစမ္းပါတယ္..။

“ရွင္ဖ်ားေနတာလား…ေနမွေကာင္းရဲ႕လား..”

ကၽြန္ေတာ္သူမလက္ကို ဖယ္ရွားလိုက္ၿပီး

“ေတာင္းပန္ပါတယ္.. ကိုယ္တို႕ အိမ္ေထာင္ေရးဟာ ပ်င္းဖို႕ေကာင္းရင္ေကာင္းေနပါလိမ့္မယ္ ဒါေပမယ့္ ကိုယ္ဟာ ကိုယ္ယူထားတဲ့ မိန္းမတစ္ေယာက္ရဲ႕လက္ကို ေသသည့္တိုင္ေအာင္ ဆုပ္ကိုင္ထားဖို႕ ဆံုးျဖတ္လိုက္ပါၿပီ..”

Jane အံ့ၾသတုန္လႈပ္စြာနဲ႕ ကၽြန္ေတာ့္ပါးကို တစ္ခ်က္ရိုက္ၿပီး မ်က္ရည္ေတြနဲ႕ ထြက္ေျပးသြားခဲ့ပါတယ္..။ ကၽြန္ေတာ္ ကားေမာင္းၿပီး အိမ္အျပန္လမ္းမွာ ပန္းဆိုင္တစ္ဆိုင္မွာ ရပ္ၿပီး ပန္းတစ္စည္းမွာလိုက္ပါတယ္..အေရာင္းစာေရးမေလးက ကၽြန္ေတာ့္ကို ကဒ္ထဲမွာ ဘာေရးေပးရမလဲေမးေတာ့… .ကၽြန္ေတာ္ျပံဳးလိုက္ၿပီး

“ကိုယ္ မင္းကို မနက္တိုင္း သက္ဆံုးတိုင္ေအာင္ ခ်ီပိုးခြင့္ျပဳပါ..…”

ကၽြန္ေတာ္ ညေန အိမ္ျပန္ေရာက္ေတာ့.. ကၽြန္ေတာ့္လက္ထဲမွာ ပန္းေတြနဲ႕ပါ… ကၽြန္ေတာ္ ျပံဳးလိုက္ၿပီး ေပ်ာ္ရႊင္စြာ ကၽြန္ေတာ္တို႕ အိပ္ခန္း အေပၚထပ္ကို ေျပးတက္ခဲ့ပါတယ္..။ အိပ္ယာေပၚမွာေတြ႕လိုက္ရတာကေတာ့ ကၽြန္ေတာ္ လံုး၀ မေမွ်ာ္လင့္ထားတဲ့ ျမင္ကြင္းတစ္ခု………. သူမဟာ ေသဆံုးေနခဲ့ပါၿပီ….။

ကၽြန္ေတာ္ဟာ ကြာရွင္းဖို႕ ကိစၥကို လံုးပန္းေနတာနဲ႕ပဲ သူမ ကင္ဆာေရာဂါခံစားေနရမွန္းမသိခဲ့ပါဘူး..။ သူမဟာ ဆရာ၀န္က ေျပာထားသည့္ ေနရမည့္ သက္တမ္းကာလ တစ္လအတြင္းမွာ က်န္ရစ္ခဲ့မယ့္ ကၽြန္ေတာ္နဲ႕ သားေလးၾကားမွာ ဘာအမုန္းတရားမွ မရွိေအာင္ ဖန္တီးခဲ့တာပါ..။ သူမ ေသဆံုးၿပီးမွ သာကၽြန္ေတာ္နဲ႕ Jane တို႕ လက္ထပ္တယ္ဆိုရင္လည္း သားေလးအျမင္မွာေတာ့ ကၽြန္ေတာ္ဟာ အေဖေကာင္းတစ္ေယာက္ျဖစ္ေနမွာေပါ့…။

ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ၾကပါေစဗ်ာ….။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Aung HTun Oo

#Unicode Version
အဲ့ဒီည ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျွန်တော်ဇနီးက ညစာကို ပြင်ဆင်လျက်ရှိပါတယ်..။ ကျွန်တော် သူမလက်ကို ဆွဲကိုင်လိုက်ပြီး


“ငါ့မှာ မင်းကို ပြောစရာ ရှိတယ်…”


သူမ ငြိမ်သက်စွာပဲ ကျွန်တော်ရှေ့မှာထိုင်ချလိုက်ပါတယ်..။ ပြီးတော့ သူမမျက်ဝန်းတွေထဲမှာ နာကျင်မှုအရိပ်အယောင်တွေကို ကျွန်တော် တွေ့လိုက်ရတယ်..။

ကျွန်တော် ရုတ်တရက် သူမကို ဘယ်ကဘယ်လို စပြောရမှန်း မသိခဲ့ပါဘူး…။ ဒါပေမယ့် ကျွန်တော် သူမကို ဆက်မပေါင်းလိုတော့ပါဘူး..။ ကျွန်တော် ဒီ မိသားစုထဲက ထွက်သွားချင်တယ်ဆိုတာကို သူမကို သိစေချင်ပါတယ်..။ ကျွန်တော် သူမနဲ့ မျက်နှာချင်းမဆိုင်ပဲ


“ငါတို့ ကွာရှင်းကြရအောင်….”


သူမ ပုံစံက အံ့သြပြီး တုန်လှုပ်နေတဲ့ ပုံစံမဟုတ်ပါဘူး…။ သူမက တည်ငြိမ်စွာပဲ..


“ဘာလို့ ကွာရှင်းသင့်တယ်လို့ ရှင်ထင်လဲ…”

ကျွန်တော် သူမမေးခွန်းကို ရှောင်ရှားခဲ့ပါတယ်..။ ကျွန်တော်ဒီလိုလုပ်တာကို သူမအတော်ကို စိတ်ဆိုးသွားပါတယ်..။ လက်ထဲမှာကိုင်ထားတဲ့ ဇွန်းကို ပစ်ပေါက်ပြီး…”ရှင် ယောက်ျားမဟုတ်ဘူး…” ဆိုပြီး အော်ဟစ်ခဲ့ပါတယ်..။ အဲ့ဒီညက ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားမပြောခဲ့ကြပါဘူး..။ သူမကတော့ တစ်ညလုံး ငိုနေပါတယ်..။ ကျွန်တော် သိပါတယ်.. သူမ ဘာလို့ ကျွန်တော်သူ့ကို ကွာရှင်းချင်ရသလဲဆိုတာ ကို သူသိချင်နေပါလိမ့်မယ်.. ဒါပေမယ့် ကျွန်တော့်မှာ သူကျေနပ်စေနိုင်မယ့် အဖြေမျိုးမရှိပါဘူး..။ ဘာလို့လဲဆိုတော့ ကျွန်တော် Jane ဆိုတဲ့ ကောင်မလေးကို ချစ်မိနေပြီလေ.. ကျွန်တော်သူမအပေါ် သနားရုံကလွဲပြီး ဘာခံစားချက်မှ မရှိတော့ပါဘူး..။

ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိမှန်းသိပါတယ်..။ ဒါကြောင့် ကျွန်တော် ကွာရှင်းစာချုပ်မှာ ကျွန်တော့်ရဲ့အိမ်..ကား..နဲ့ ကုမ္ပဏီရဲ့ ရှယ်ယာ (၃၀%) ကို သူမကို ပေးဖို့ ပြင်ဆင်ခဲ့ပါတယ်..။ သူမ ကွာရှင်းစာချုပ်ကို တစ်ချက်ကြည့်ပြီး အပိုင်းပိုင်း အစစ ဖြစ်အောင် ဆုတ်ဖြဲခဲ့ပါတယ်..။ ကျွန်တော့်ဘေးမှာ ၁၀ နှစ်လောက် အတူတကွ ရှိလာခဲ့တဲ့ ကျွန်တော့်ဇနီးဟာ အခုဆို ကျွန်တော့်အတွက် သူစိမ်းတစ်ယောက် ဖြစ်လို့နေခဲ့ပါပြီ..။ သူမရဲ့ အဲ့ဒီအချိန်တွေ၊ အချစ်တွေ..၊ ခွန်အားတွေ အတွက် သူမကို ကျွန်တော်အားနာပါတယ်..။ နောက်ဆုံးတော့ သူမ ကျွန်တော့်ရှေ့မှာ အကျယ်ကြီး အော်ငိုပါတယ်..။ ကျွန်တော် ဒါကို မျှော်လင့်နေတာပါ..။ ကျွန်တော့်အတွက်တော့ ငိုခြင်းဟာ သူမအတွက် ထွက်ပေါက်တစ်ခုပါပဲ..။ ရက်သတ္တပတ် အတော်ကြာ အစပျိုးလာခဲ့ရတဲ့ ကျွန်တော်တို့ ကွာရှင်းခြင်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။

နောက်တစ်နေ့.. ကျွန်တော်အိမ်ကို နောက်ကျစွာ ပြန်လာခဲ့တဲ့အချိန်မှာ သူမဟာ စားပွဲပေါ်မှာ တစ်စုံတစ်ခုကိုရေးနေပါတယ်..။ ကျွန်တော် ညစာ မစားတော့ပဲ အခန်းထဲကို တန်းဝင်ပြီး အိပ်စက်ခဲ့ပါတယ်..။. ကျွန်တော် ဒီနေ့တစ်နေလုံး Jane နဲ့ လည်ပတ် ပျော်ရွှင်ခဲ့တာကြောင့် ပင်ပန်းတာနဲ့ ကျွန်တော် ချက်ချင်းပဲ အိပ်ပျော်သွားခဲ့ပါတယ်..။ ကျွန်တော်နိုးလာတဲ့အခါမှာ သူမက စားပွဲပေါ်မှာ စာရေးလျက်ရှိနေတုန်းပါပဲ..။ ကျွန်တော် သူမ ဘာတွေ ရေးနေလည်း မသိချင်ပါဘူး.. ဒါကြောင့် တစ်ဖက်လှည့်ပြီး ပြန်အိပ်ပျော်သွားခဲ့ပါတယ်..။


နောက်တစ်နေ့မှာ သူမ ကျွန်တော့်ဆီက ဘာမှမလိုချင်တဲ့အကြောင်း…၊ ဒါပေမယ့် မကွာရှင်းမီ တစ်လအတွင်းမှာ ကျွန်တော်တို့နှစ်ယောက် တတ်နိုင် သလောက် သာမန်ပုံစံအတိုင်း ပုံမပျက် နေထိုင်ရမယ်ဆိုတဲ့ အချက်ကို တောင်းဆိုပါတယ်..။ သူမ အကြောင်းပြချက်က ရှင်းပါတယ်..။ ကျွန်တော်တို့ သားလေး ဒီလ ထဲမှာ စာမေးပွဲရှိတောကြောင့် ဒီကိစ္စကြောင့် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါတဲ့..။


ဒါတွေဟာ ကျွန်တော့်အတွက် အခက်အခဲမရှိပါဘူး..။ ဒါပေမယ့် သူမနောက်တစ်ခု ထပ်တောင်းဆိုပါတယ်..။ အဲ့ဒါကတော့ ကျွန်တော်တို့ မင်္ဂလာဦးညက သူမကို ပွေ့ချီတဲ့ပုံစံအတိုင်း မနက်တိုင်း သူမကို အိပ်ယာထဲကနေ အိမ်ရှေ့ တံခါးပေါက်ဝအထိ ပွေ့ချီပြီး ပို့ပေးဖို့ပါ..။ သူမဘာလို့ ဒါကိုတောင်းဆိုလဲ ကျွန်တော် နားမလည်ပါဘူး..။ ကျွန်တော်တို့ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘာအနှောင့်အယှက်မှ မဖြစ်စေချင်တာနဲ့ ကျွန်တော် ဒါကိုလည်း လက်ခံခဲ့ပါတယ်..။

ကျွန်တော် Jane ကို ဒီအကြောင်းတွေ ပြောပြတော့ သူမ ကျယ်လောင်စွာ အော်ရယ်ပြီး ဒါဟာ ဟာသပြဇာတ်ပဲလို့ ပြောခဲ့ပါတယ်..။ သူမ ဘယ်လို နည်းလမ်းတွေပဲသုံးသုံး… နောက်ဆုံးတော့ သူမ ကွာရှင်းရမှာဆိုပြီး ပြောဆိုခဲ့ပါတယ်..။

ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ ဒီကွာရှင်းဖို့ ဇာတ်လမ်းကို ကျွန်တော် စတင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် အထိအတွေ့မရှိခဲ့ကြပါဘူး.။ ဒါကြောင့် ပထမဦးဆုံးနေ့.. ကျွန်တော် သူမကို ပွေ့ချီလိုက်တော့.. ကျွန်တော်တို့ နှစ်ယောက်လုံး ရှက်နေကြပါတယ်.. ။ ကျွန်တော်တို့သားလေး က နောက်ကနေ “ဖေဖေက မေ့မေ့ကို ပွေ့နေပြီဟေ့…” ဆိုပြီး နောက်ကနေ လက်ခုပ်တီးနေပါတယ်..။ သားလေးရဲ့စကားဟာ ကျွန်တော့်ကို နာကျင်စေ ခဲ့ပါတယ်..။ အိပ်ခန်းထဲကနေ ဧည့်ခန်း..ပြီးတော့ အိမ်ရှေ့ ကျွန်တော်သူမက ပွေ့ချီပြီး ၁၀ မီတာလောက် လမ်းလျှောက်ခဲ့ပါတယ်..။ သူမက မျက်လုံးကို ပိတ်ထားပြီး ကျွန်တော့်ကို တိုးတိုးလေးပြောပါတယ်..။


“ကွာရှင်းမယ့်အကြောင်းကို သားလေး မသိပါစေနဲ့…”


ကျွန်တော် ခေါင်းညိတ်လိုက်တယ်.. ကျွန်တော် သူမကို တံခါးပေါက်ရဲ့အပြင်မှာ ချလိုက်တယ်..။ ပြီးတော့ ကျွန်တော် ရုံးကို ကားမောင်းထွက်ခဲ့တော့တယ်..။

ဒုတိယနေ့က ကျွန်တော်တို့နှစ်ယောက်လုံးအတွက် သိပ်အခက်အခဲမရှိပါဘူး..။ သူမက ကျွန်တော့်ရဲ့ရင်ဘတ်ပေါ်မှာ အိပ်စက်နေပါတယ်..။ သူမဆီက ရေမွှေးနံ့ကို ကျွန်တော် ရှုရှိုက်မိနေပါတယ်..။ ကျွန်တော် အခုမှ သတိထားမိတာက ကျွန်တော် သူမကို သေချာမကြည့်ဖြစ်တာ အတော်ကြာပြီ ဆိုတာ ကိုပါပဲ..။ သူမက မငယ်တော့ပါလား…။ မျက်နှာမှာ အရေးအကြောင်း ငယ်လေးတွေ တွေ့နေရပြီ..။ သူမ ဆံပင်တွေလည်း မီးခိုးရောင် သန်းနေပါပြီ..။


လေးရက်မြောက်နေ့.. ကျွန်တော်သူ့ကို မလိုက်တဲ့အခါမှာ..ကျွန်တော်သူမအပေါ် ကြင်နာတဲ့စိတ်ဖြစ်ပေါ်လာခဲ့ပါတယ်..။ ဒီအမျိုးသမီးဟာ ကျွန်တော့် အတွက် ၁၀နှစ်ဆိုတဲ့ အချိန်ကာလကို ကျွန်တော်နဲ့အတူ ကုန်ဆုံးစေခဲ့ပါလား…။ တစ်မနက်မှာ သူမ ဘာဝတ်ရမလဲဆိုတာကိုရွေးနေပါတယ်..။ သူမ အဝတ်အထည်တွေအများကြီးရှိပေမယ့်လည်း တော်တဲ့ဟာကို မတွေ့ဘူးဖြစ်နေပါတယ်.. သူမ သက်ပြင်းချလိုက်ပြီး “အဝတ်တွေက အကုန်ချောင်ကုန်ပြီ” ဆိုပြီး ညင်းညူ လိုက်ပါတယ်…။ ကျွန်တော်အခုမှ သတိထားလိုက်မိပါတယ်..။ သူမဟာ အရင်ကထက် အတော့်ကို ပိန်ကျသွားခဲ့ပါတယ်.။ ဒါကြောင့် ကျွန်တော့်အတွက် သူမကို ပွေ့ချီရတာ ပိုလွယ်လာတယ်လို့ ထင်နေမိတာကိုး..။

သူမဟာ သူမရဲ့ ခံစားမှုတွေ နာကျည်းမှုတွေကို ရင်ထဲမှာ ပိတ်လှောင်ထားတာကြောင့် ဖြစ်နိုင်ပါတယ်..။ မရည်ရွယ်ပဲ ကျွန်တော် သူမရဲ့ ခေါင်းကို ကြင်နာစွာ ပွတ်ပေးမိလိုက်ပါတယ်..။ အဲ့ဒီအချိန်မှာ သားလေးက အခန်းထဲဝင်လာပြီး


“ဖေဖေ… မေ့မေ့ကို ချီဖို့ အချိန်ကြပြီ….”


သူမက သားလေးကို သူမအနီးခေါ်လိုက်ပြီး တင်းကျပ်စွာ ဖက်ထားလိုက်ပါတယ်..။ ကျွန်တော် ချက်ချင်းမျက်နှာလွဲလိုက်ပါတယ် ..ဘာလို့လဲတော့ ကျွန်တော့်ရဲ့ ကွာရှင်းချင်တဲ့စိတ် ဒီအချိန်လေးမှာ ပြောင်းသွားမှာ စိုးလို့ပါ..။

သူမအတော်လေးကို ပိန်ကျလာတာ ကျွန်တော့်ကို ဝမ်းနည်းစေခဲ့ပါတယ်..။ နောက်ဆုံးနေ့မှာ… ကျွန်တော် သူမကိုပွေ့ချီပြီး ခြေလှမ်းတစ်လှမ်းချင်းကို ခက်ခဲစွာ လျှောက်လှမ်းနေရပါတယ်..။ သားလေးကတော့ ကျောင်းသွားနေပါပြီ..။ ကျွန်တော်တို့ ဧည့်ခန်းထဲရောက်တော့ သူမက ကျွန်တော်လက်ထဲက ဆင်းပြီး စားပွဲထဲကနေ စာရွက်တစ်ရွက်ထုတ်လိုက်ပြီး ကျွန်တော့်ကိုပေးလိုက်ပါတယ်..။ အဲ့ဒီစာရွက်က သူမရဲ့ ဆေးစစ်မှု မှတ်တမ်းဖြစ်ပြီး သူမဟာ သွေးကင်ဆာရောဂါကို ခံစားနေရပါတယ်တဲ့လေ….။ သူမကို ကြည့်လိုက်တော့ သူမမျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုပြီး ကျွန်တော့်ကို ကြည့်နေပါတယ်..။


“မင်း..ဒါ…ငါ့ကိုဘာလို့ အရင်က မပြောတာလဲ….”


ကျွန်တော်သူမကို အော်မေးခဲ့ပါတယ်..။


“ဒီရောဂါကြောင့် ရှင်ကျွန်မဘေးမှာ ဆက်ပြီး နေနေမှာကို ကျွန်မ မလိုချင်ဘူး…”


ကျွန်တော် ချက်ချင်းပဲ ပြေးထွက်ခဲ့ပြီး ရုံးကို ကားမောင်းခဲ့ပါတယ်..။ ရုံးရောက်ရောက်ချင်း ကားထဲက ကားသော့မဖြုတ်ပဲပြေးထွက်ခဲ့ပါတယ်..။ ကျွန်တော် အခုချိန်မှာ စိတ်ပြောင်းသွားမှာ အရမ်းကြောက်မိပါတယ်..။ ကျွန်တော် Jane ဆီရောက်တော့…


“Jane ကိုယ့်ကို ခွင့်လွတ်ပါ..။ ကိုယ် ကိုယ့်ဇနီးကို မကွားရှင်းနိုင်ဘူး…”


သူမကျွန်တော့်ကို ကြည့်ပြီး ကျွန်တော့် နဖူးကို လာစမ်းပါတယ်..။


“ရှင်ဖျားနေတာလား…နေမှကောင်းရဲ့လား..”


ကျွန်တော်သူမလက်ကို ဖယ်ရှားလိုက်ပြီး


“တောင်းပန်ပါတယ်.. ကိုယ်တို့ အိမ်ထောင်ရေးဟာ ပျင်းဖို့ကောင်းရင်ကောင်းနေပါလိမ့်မယ် ဒါပေမယ့် ကိုယ်ဟာ ကိုယ်ယူထားတဲ့ မိန်းမတစ်ယောက်ရဲ့လက်ကို သေသည့်တိုင်အောင် ဆုပ်ကိုင်ထားဖို့ ဆုံးဖြတ်လိုက်ပါပြီ..”


Jane အံ့သြတုန်လှုပ်စွာနဲ့ ကျွန်တော့်ပါးကို တစ်ချက်ရိုက်ပြီး မျက်ရည်တွေနဲ့ ထွက်ပြေးသွားခဲ့ပါတယ်..။ ကျွန်တော် ကားမောင်းပြီး အိမ်အပြန်လမ်းမှာ ပန်းဆိုင်တစ်ဆိုင်မှာ ရပ်ပြီး ပန်းတစ်စည်းမှာလိုက်ပါတယ်..အရောင်းစာရေးမလေးက ကျွန်တော့်ကို ကဒ်ထဲမှာ ဘာရေးပေးရမလဲမေးတော့… .ကျွန်တော်ပြုံးလိုက်ပြီး


“ကိုယ် မင်းကို မနက်တိုင်း သက်ဆုံးတိုင်အောင် ချီပိုးခွင့်ပြုပါ..…”

ကျွန်တော် ညနေ အိမ်ပြန်ရောက်တော့.. ကျွန်တော့်လက်ထဲမှာ ပန်းတွေနဲ့ပါ… ကျွန်တော် ပြုံးလိုက်ပြီး ပျော်ရွှင်စွာ ကျွန်တော်တို့ အိပ်ခန်း အပေါ်ထပ်ကို ပြေးတက်ခဲ့ပါတယ်..။ အိပ်ယာပေါ်မှာတွေ့လိုက်ရတာကတော့ ကျွန်တော် လုံး၀ မမျှော်လင့်ထားတဲ့ မြင်ကွင်းတစ်ခု………. သူမဟာ သေဆုံးနေခဲ့ပါပြီ….။


ကျွန်တော်ဟာ ကွာရှင်းဖို့ ကိစ္စကို လုံးပန်းနေတာနဲ့ပဲ သူမ ကင်ဆာရောဂါခံစားနေရမှန်းမသိခဲ့ပါဘူး..။ သူမဟာ ဆရာဝန်က ပြောထားသည့် နေရမည့် သက်တမ်းကာလ တစ်လအတွင်းမှာ ကျန်ရစ်ခဲ့မယ့် ကျွန်တော်နဲ့ သားလေးကြားမှာ ဘာအမုန်းတရားမှ မရှိအောင် ဖန်တီးခဲ့တာပါ..။ သူမ သေဆုံးပြီးမှ သာကျွန်တော်နဲ့ Jane တို့ လက်ထပ်တယ်ဆိုရင်လည်း သားလေးအမြင်မှာတော့ ကျွန်တော်ဟာ အဖေကောင်းတစ်ယောက်ဖြစ်နေမှာပေါ့…။


ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ကြပါစေဗျာ….။


ဖိုးသူတော်(www.phothutaw.com)
Credit:Aung HTun Oo
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top