Royal Maung Bamar Residence
×

လူအမ်ားစုဟာ “ရတာမလို၊ လိုတာမရ” ဘဝနဲ႔ပဲ စခန္းသြားေနၾကရတာ မ်ားပါတယ္။ ကုိယ့္လက္ထဲ ေရာက္ရွိျပီးသားအရာေတြကို မလိုအပ္ေတာ့သလို ခံစားေနရျပီး သူတစ္ပါးရရွိထားတဲ့အရာေတြကမွ ကုိယ္လိုခ်င္ေနတဲ့အရာအစစ္လို႕ခံစားေနၾကရသူေတြလည္း ရွိပါတယ္။ ဒါဘာျဖစ္လို႔ပါလိမ့္။ အေၾကာင္းျပခ်က္အခ်ိဳ႕ကို ေအာက္မွာ စုစည္းေပးထားပါတယ္။

၁။ သင့္ဘဝမွာ မွားေနတဲ့အရာေတြကိုပဲ သင္ရွာေဖြေနပါတယ္။

သင္ဟာ အဆိုးျမင္ဝါဒီသမားျဖစ္ေနတယ္ဆိုရင္ သင္နဲ႔ သင့္ပတ္ဝန္းက်င္မွာ မေကာင္းတဲ့အရာေတြ စိတ္ညစ္စရာေတြကိုပဲ သင္ျမင္ႏုိင္မွာျဖစ္ပါတယ္။ သင္အမွားျမင္တတ္တဲ့အက်င့္က သင့္ဘဝရဲ႕ပန္းတိုင္ဆီ ေရာက္ခြင့္မေပးပါဘူး။ အဲဒါေၾကာင့္ သင့္မွာရိွတဲ့အရာေတြကို ေက်းဇူးတင္တတ္ဖို႔ လိုအပ္ျပီးေတာ့ သင္မႏွစ္သက္တဲ့ အရာေတြအတြက္ ေဝဖန္ျခင္းေတြကို သင္ရပ္တန္႔လိုက္ဖို႔ လိုအပ္ပါတယ္။

၂။ သင့္မွာ ရွင္းလင္းတဲ့ ပန္းတိုင္မရိွဘူး။

ရုတ္တရတ္ ဘာျဖစ္ခ်င္လဲေမးရင္ အတိအက်ေျဖဆိုႏိုင္တဲ့သူ တစ္ဝက္ျပည့္ခ်င္မွျပည့္မွာပါ။ ရည္ရြယ္ခ်က္ေဝဝါးစြာနဲ႔ပဲ ဘဝကို ျဖတ္သန္းရင္း သူမ်ားကို အားက်ျခင္းနဲ႔ပဲ ဘဝကို စိတ္နာေနတဲ့သူေတြ တပုံၾကီးရိွပါတယ္။ မျဖစ္ႏိုင္ဘူးဆိုတာ မရိွပါဘူး။ ပန္းတိုင္ကို ခ်မွတ္ဖို႔ သင္နည္းလမ္း မသိဘူးဘူးဆိုရင္ေတာင္မွ ဘယ္အရာနဲ႔မဆုိ အစျပဳႏိုင္ပါတယ္။ အဲဒီေနရာမွပဲ အေကာင္းဆုံးျဖစ္ေအာင္ ၾကိဳးစားပါ။ သင့္ရဲ႕မေသခ်ာျခင္းေတြကို တျဖည္းျဖည္း ေျဖရွင္းေပးပါလိမ့္မယ္။

၃။ မွားေနတဲ့ ပတ္ဝန္းက်င္မွာပဲ သင္ဟာ ရိွေနပါတယ္။

သင့္ဘဝအတြက္ အဆိုးေတြခ်ည္းပဲ ျဖစ္လာေစတဲ့ ပတ္ဝန္းက်င္မွာ သင္ေနထိုင္လို႔လည္း ျဖစ္နိုင္ပါတယ္။ အက်ဳိးဆက္ကေတာ့ သင့္အိပ္မက္ေတြနဲ႔ ပိုေဝးသြားေအာင္ သူတို႔ဆြဲေခၚႏိုင္ပါတယ္။ အဲဒါေၾကာင့္ တိုးတက္မႈရိွတဲ့ ပတ္ဝန္းက်င္မွာပဲ ေနထိုင္ဖို႔ၾကိဳးစားပါ။ ဒီႏြ႔ံထဲမွ သင္ရုန္းထြက္မွ ေရၾကည္ဘက္ကို သင္ကူးေျပာင္းလို႔ရမွာပါ။

၄။ သင့္ဘဝကို သင္ကိုယ္တိုင္ေအာင္ျမင္ခြင့္မျပဳထားလို႔ပဲ ျဖစ္ပါတယ္။

ပုံမွန္ဘဝမွာပဲ သင္ဟာ ေနသားက်ေနျပီျဖစ္တဲ့အခါမွာ ေအာင္ျမင္မႈတစ္ခု ရုတ္တရက္ပိုင္ဆိုင္သြားလို႔ ပိုေကာင္းတဲ့ပန္းတိုင္အသစ္ကို ရယူဖို႔သင္အခက္အခဲေတြ႕ေနရတတ္ပါတယ္။ သင့္ေအာင္ျမင္မႈကို သင္ေၾကာက္ရြ႔႔ံျပီး လက္ခံဖို႔ခဲယဥ္းတတ္ပါတယ္။ သင့္ဘဝမွာ ေကာင္းတဲ့အရာေတြ အစပ်ဳိးလာျပီဆိုရင္ ဘဝရဲ႕စာမ်က္ႏွာအသစ္ကို ဖြင့္ဖို႔မစိုးရြံ႕႔သင့္ပါဘူး။

၅။ သင့္ရဲ႕ပန္းတိုင္းကို အာရုံမစိုက္ထားလို႔ပဲ ျဖစ္ပါတယ္။

သင္ဟာ ေကာင္းေကာင္းေတြးေခၚတတ္သူျဖစ္တယ္ဆိုရင္ အၾကံေကာင္းေတြနဲ႔ သင့္ဘဝဟာ ျပည့္ေနမွာပဲ ျဖစ္ပါတယ္။ အိပ္မက္မက္ရင္း နာရီေပါင္းမ်ားစြာ အခ်ိန္ကုန္ခဲ့ေပမယ့္ အရာရာဟာ သူ႔ဘာသာ ျဖစ္မလာႏိုင္ပါဘူး။ ေအာင္ျမင္မႈဆိုတာဟာ သင့္အေတြးအေခၚ အိပ္မက္ေတြကို ရုပ္လုံးေပၚေအာင္ ဖန္တီးလုိုက္တဲ့အခ်ိန္မွာပဲ ျဖစ္လာပါတယ္။

၆။ အေကာင္းဆုံး လႈပ္ရွားမႈကိုပဲ သင္ေစာင့္ဆုိင္းေနတတ္ပါတယ္။

တခ်ဳိ႕လူေတြဟာ ကိုယ္အေလးခ်ိန္ေလ်ာ့က်မယ့္အခ်ိန္ကို ေစာင့္ေနစဥ္ တခ်ဳိ႕က်ျပန္ေတာ့လည္း ဝင္ေငြမ်ားလာေအာင္ ၾကိဳးစားၾကတယ္။ အခြင့္အေရးျပတင္းေပါက္ဟာ အရမ္းက်ဥ္းေျမာင္းပါတယ္။ ထက္ျမက္တဲ့လူေတြဟာ သူတို႔ပိုင္ဆိုင္ေနတဲ့ အေျခအေနကို လက္ခံတာကို ႏွစ္သက္ၾကျပီး သူတုိ႔ရဲ႕အိပ္မက္ဆီကို တေျဖးေျဖးေရြ႕လ်ားၾကတယ္။

၇။ သင္ဟာ အပ်င္းၾကီးတဲ့သူျဖစ္ပါတယ္။

အပ်င္းၾကီးျခင္းက သင္ဟာေအာင္ျမင္ဖို႔အတြက္ လုံေလာက္တဲ့ အင္အားမရိွဘူးဆိုျပီး အယုံသြင္းတဲ့ အနီးကပ္ရန္သူပဲ ျဖစ္ပါတယ္။ လႈပ္ရွားမႈအသစ္ေတြနဲ႔ အေကာင္းျမင္တတ္တဲ့ စိတ္ထားေတြနဲ႔အတူ သင့္ဘဝကို အားသြင္းျပီးေတာ့ ထုတ္လုပ္မႈအသစ္ေတြကို စတင္ပါ။ သင့္ဘဝဟာ သင့္ေရြးခ်ယ္မႈမွာပဲ ရပ္တည္ေနတယ္ဆိုတာ အျမဲသတိရဖို႔လိုအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

လူအများစုဟာ “ရတာမလို၊ လိုတာမရ” ဘဝနဲ့ပဲ စခန်းသွားနေကြရတာ များပါတယ်။ ကိုယ့်လက်ထဲ ရောက်ရှိပြီးသားအရာတွေကို မလိုအပ်တော့သလို ခံစားနေရပြီး သူတစ်ပါးရရှိထားတဲ့အရာတွေကမှ ကိုယ်လိုချင်နေတဲ့အရာအစစ်လို့ခံစားနေကြရသူတွေလည်း ရှိပါတယ်။ ဒါဘာဖြစ်လို့ပါလိမ့်။ အကြောင်းပြချက်အချို့ကို အောက်မှာ စုစည်းပေးထားပါတယ်။

၁။ သင့်ဘဝမှာ မှားနေတဲ့အရာတွေကိုပဲ သင်ရှာဖွေနေပါတယ်။

သင်ဟာ အဆိုးမြင်ဝါဒီသမားဖြစ်နေတယ်ဆိုရင် သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ မကောင်းတဲ့အရာတွေ စိတ်ညစ်စရာတွေကိုပဲ သင်မြင်နိုင်မှာဖြစ်ပါတယ်။ သင်အမှားမြင်တတ်တဲ့အကျင့်က သင့်ဘဝရဲ့ပန်းတိုင်ဆီ ရောက်ခွင့်မပေးပါဘူး။ အဲဒါကြောင့် သင့်မှာရှိတဲ့အရာတွေကို ကျေးဇူးတင်တတ်ဖို့ လိုအပ်ပြီးတော့ သင်မနှစ်သက်တဲ့ အရာတွေအတွက် ဝေဖန်ခြင်းတွေကို သင်ရပ်တန့်လိုက်ဖို့ လိုအပ်ပါတယ်။

၂။ သင့်မှာ ရှင်းလင်းတဲ့ ပန်းတိုင်မရှိဘူး။

ရုတ်တရတ် ဘာဖြစ်ချင်လဲမေးရင် အတိအကျဖြေဆိုနိုင်တဲ့သူ တစ်ဝက်ပြည့်ချင်မှပြည့်မှာပါ။ ရည်ရွယ်ချက်ဝေဝါးစွာနဲ့ပဲ ဘဝကို ဖြတ်သန်းရင်း သူများကို အားကျခြင်းနဲ့ပဲ ဘဝကို စိတ်နာနေတဲ့သူတွေ တပုံကြီးရှိပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ပန်းတိုင်ကို ချမှတ်ဖို့ သင်နည်းလမ်း မသိဘူးဘူးဆိုရင်တောင်မှ ဘယ်အရာနဲ့မဆို အစပြုနိုင်ပါတယ်။ အဲဒီနေရာမှပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ သင့်ရဲ့မသေချာခြင်းတွေကို တဖြည်းဖြည်း ဖြေရှင်းပေးပါလိမ့်မယ်။

၃။ မှားနေတဲ့ ပတ်ဝန်းကျင်မှာပဲ သင်ဟာ ရှိနေပါတယ်။

သင့်ဘဝအတွက် အဆိုးတွေချည်းပဲ ဖြစ်လာစေတဲ့ ပတ်ဝန်းကျင်မှာ သင်နေထိုင်လို့လည်း ဖြစ်နိုင်ပါတယ်။ အကျိုးဆက်ကတော့ သင့်အိပ်မက်တွေနဲ့ ပိုဝေးသွားအောင် သူတို့ဆွဲခေါ်နိုင်ပါတယ်။ အဲဒါကြောင့် တိုးတက်မှုရှိတဲ့ ပတ်ဝန်းကျင်မှာပဲ နေထိုင်ဖို့ကြိုးစားပါ။ ဒီနွံ့ထဲမှ သင်ရုန်းထွက်မှ ရေကြည်ဘက်ကို သင်ကူးပြောင်းလို့ရမှာပါ။

၄။ သင့်ဘဝကို သင်ကိုယ်တိုင်အောင်မြင်ခွင့်မပြုထားလို့ပဲ ဖြစ်ပါတယ်။

ပုံမှန်ဘဝမှာပဲ သင်ဟာ နေသားကျနေပြီဖြစ်တဲ့အခါမှာ အောင်မြင်မှုတစ်ခု ရုတ်တရက်ပိုင်ဆိုင်သွားလို့ ပိုကောင်းတဲ့ပန်းတိုင်အသစ်ကို ရယူဖို့သင်အခက်အခဲတွေ့နေရတတ်ပါတယ်။ သင့်အောင်မြင်မှုကို သင်ကြောက်ရွ့ံ့ပြီး လက်ခံဖို့ခဲယဉ်းတတ်ပါတယ်။ သင့်ဘဝမှာ ကောင်းတဲ့အရာတွေ အစပျိုးလာပြီဆိုရင် ဘဝရဲ့စာမျက်နှာအသစ်ကို ဖွင့်ဖို့မစိုးရွံ့သင့်ပါဘူး။

၅။ သင့်ရဲ့ပန်းတိုင်းကို အာရုံမစိုက်ထားလို့ပဲ ဖြစ်ပါတယ်။

သင်ဟာ ကောင်းကောင်းတွေးခေါ်တတ်သူဖြစ်တယ်ဆိုရင် အကြံကောင်းတွေနဲ့ သင့်ဘဝဟာ ပြည့်နေမှာပဲ ဖြစ်ပါတယ်။ အိပ်မက်မက်ရင်း နာရီပေါင်းများစွာ အချိန်ကုန်ခဲ့ပေမယ့် အရာရာဟာ သူ့ဘာသာ ဖြစ်မလာနိုင်ပါဘူး။ အောင်မြင်မှုဆိုတာဟာ သင့်အတွေးအခေါ် အိပ်မက်တွေကို ရုပ်လုံးပေါ်အောင် ဖန်တီးလိုက်တဲ့အချိန်မှာပဲ ဖြစ်လာပါတယ်။

၆။ အကောင်းဆုံး လှုပ်ရှားမှုကိုပဲ သင်စောင့်ဆိုင်းနေတတ်ပါတယ်။

တချို့လူတွေဟာ ကိုယ်အလေးချိန်လျော့ကျမယ့်အချိန်ကို စောင့်နေစဉ် တချို့ကျပြန်တော့လည်း ဝင်ငွေများလာအောင် ကြိုးစားကြတယ်။ အခွင့်အရေးပြတင်းပေါက်ဟာ အရမ်းကျဉ်းမြောင်းပါတယ်။ ထက်မြက်တဲ့လူတွေဟာ သူတို့ပိုင်ဆိုင်နေတဲ့ အခြေအနေကို လက်ခံတာကို နှစ်သက်ကြပြီး သူတို့ရဲ့အိပ်မက်ဆီကို တဖြေးဖြေးရွေ့လျားကြတယ်။

၇။ သင်ဟာ အပျင်းကြီးတဲ့သူဖြစ်ပါတယ်။

အပျင်းကြီးခြင်းက သင်ဟာအောင်မြင်ဖို့အတွက် လုံလောက်တဲ့ အင်အားမရှိဘူးဆိုပြီး အယုံသွင်းတဲ့ အနီးကပ်ရန်သူပဲ ဖြစ်ပါတယ်။ လှုပ်ရှားမှုအသစ်တွေနဲ့ အကောင်းမြင်တတ်တဲ့ စိတ်ထားတွေနဲ့အတူ သင့်ဘဝကို အားသွင်းပြီးတော့ ထုတ်လုပ်မှုအသစ်တွေကို စတင်ပါ။ သင့်ဘဝဟာ သင့်ရွေးချယ်မှုမှာပဲ ရပ်တည်နေတယ်ဆိုတာ အမြဲသတိရဖို့လိုအပ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top