Property Expo
×

ကိုယ္စားတဲ့အတုိင္း ကိုယ့္ပံုစံျဖစ္လာမွာပါပဲတဲ့။ ဦးေႏွာက္၊ ေျခသည္းလက္သည္း၊ အေရျပားနဲ႔ ဆံသားေတြအတြက္ လိုအပ္တဲ့ အာဟာရေတြကို အစားအေသာက္ေတြကေနပဲ ရယူႏိုင္ပါတယ္။

ဆံသားေတြအတြက္ ဘာေတြစားသင့္လဲ? ေစ်းကြက္ထဲမွာေတာ့ ဆံသားေတာက္ေျပာင္က်န္းမာဖို႔အတြက္ ပစၥည္းအမ်ိဳးအစားမ်ိဳးစံုကို ပံုစံအမ်ိဳးမိ်ဳးနဲ႔ ေတြ႕ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုထြက္သမွ် ပစၥည္းမ်ိဳးစံုကို ၀ယ္ယူၿပီး ကိုယ့္ဆံပင္ေတြအတြက္ အသံုးျပဳဖို႔ဆိုတာကေတာ့ ထင္သေလာက္မလြယ္ပါဘူ။ ဒီေတာ့ အစားအေသာက္ကေနတစ္ဆင့္ ခႏၶာကိုယ္အတြက္ေကာ၊ ဆံသာေတြအတြက္ပါ က်န္းမာႀကံ႕ခိုင္ေစမယ့္ အစားအစားေတြကို ေဖာ္ျပလိုက္ပါတယ္။

အိုမီဂါ ၃ ဖက္တီအက္ဆစ္

က်န္းမာေရးအတြက္ အလြန္ေကာင္းမြန္တဲ့ အိုမီဂါ ၃ ဖက္တီအက္ဆစ္ ေတြဟာ ဆံသားေတြကို သန္စြမ္းက်န္းမာၿပီး  ေျပာင္လက္ေတာက္ပေစဖို႔ ကူညီေပးပါတယ္။ အုိမီဂါ ၃ ဖက္တီအက္ဆစ္ကို ငါး၊ အေစ့အဆံေတြကေနၿပီး ရရွိႏိုင္ပါတယ္။


ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ ကေတာ့ ပရိုတင္းဓါတ္အျပည္႔အ၀ ပါ၀င္တာမို႔ ဆံသားက်န္းမာေရးအတြက္ အဓိကက်တဲ့ အရာတစ္ခုပဲျဖစ္ပါတယ္။ ဒိန္ခ်ဥ္မွာပါ၀င္တဲ့ ဗီတာမင္ B5 ကလည္း ဆံလံုးေသးျခင္း၊ ဆံပင္ကြ်တ္ျခင္းေတြကို ကာကြယ္ေပးႏိုင္ပါတယ္။


စေတာ္ဘယ္ရီ၊ အခ်ဥ္ဓါတ္ရွိတဲ့ အသီးမ်ားနဲ႔ ငရုတ္ေကာင္း

ဒီအစားအစာေတြမွာေတာ့ ဗီတာမင္ စီ ဓါတ္အျပည္႔အ၀ ပါ၀င္တာေၾကာင့္ ခႏၶာကိုယ္တြင္း ပရိုတင္းဓါတ္ထုတ္လုပ္ႏိုင္ဖို႔ အကူအညီေပးပါတယ္။ ဒါေၾကာင့္ ဗီတာမင္ စီ ဓါတ္ပါ၀င္တဲ့ နာနတ္သီး၊ ကီ၀ီသီး၊ ပန္းပြင့္စိမ္း လိုအသီးအရြက္ေတြကို မ်ားမ်ားစားေပးသင့္ပါတယ္။

သံဓါတ္ျပည္႔၀ေသာ အစားအစာမ်ား

သံဓါတ္ျပည္႔၀တဲ့ အစားအစာေတြကေတာ့ ဆံပင္ကြ်တ္ျခင္းကို ေလွ်ာ့ခ်ေပးႏို္င္ပါတယ္။ သံဓါတ္ျပည္႔၀တဲ့ အစားအစာေတြျဖစ္တဲ့ အသား၊ အေစ့အဆံ၊ သစ္သီးေျခာက္ နဲ႔ ဥ အႏွစ္ေတြကို စားသံုးႏိုင္ပါတယ္။

ကန္စြန္းဥ

ခႏၶာကိုယ္ဟာ ဓါတ္တိုးပစၥည္းေတြကို ဗီတာမင္ ေအ အျဖစ္ေျပာင္းလဲေပးတတ္ၿပီး ဗီတာမင္ ေအ ကေတာ့ ေျခာက္ေသြ႕ၿပီး အေရာင္မြဲတဲ့ ဆံသားေတြမျဖစ္ေစဖို႔ အကာအကြယ္ေပးၿပီး လိုအပ္တဲ့ အဆီဓါတ္ေတြ ထုတ္လုပ္ေပးပါတယ္။ ဒီလို ဓါတ္တိုးပစၥည္းေတြကို မုန္လာဥနီ၊ သရက္သီး၊ ကန္စြန္းဥ တို႔လို အေရာင္အေသြးေတာက္ပတဲ့ အသီးအရြက္ေတြကို စားေပးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version

ကိုယ်စားတဲ့အတိုင်း ကိုယ့်ပုံစံဖြစ်လာမှာပါပဲတဲ့။ ဦးနှောက်၊ ခြေသည်းလက်သည်း၊ အရေပြားနဲ့ ဆံသားတွေအတွက် လိုအပ်တဲ့ အာဟာရတွေကို အစားအသောက်တွေကနေပဲ ရယူနိုင်ပါတယ်။

ဆံသားတွေအတွက် ဘာတွေစားသင့်လဲ? ဈေးကွက်ထဲမှာတော့ ဆံသားတောက်ပြောင်ကျန်းမာဖို့အတွက် ပစ္စည်းအမျိုးအစားမျိုးစုံကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုထွက်သမျှ ပစ္စည်းမျိုးစုံကို ဝယ်ယူပြီး ကိုယ့်ဆံပင်တွေအတွက် အသုံးပြုဖို့ဆိုတာကတော့ ထင်သလောက်မလွယ်ပါဘူ။ ဒီတော့ အစားအသောက်ကနေတစ်ဆင့် ခန္ဓာကိုယ်အတွက်ကော၊ ဆံသာတွေအတွက်ပါ ကျန်းမာကြံ့ခိုင်စေမယ့် အစားအစားတွေကို ဖော်ပြလိုက်ပါတယ်။

အိုမီဂါ ၃ ဖက်တီအက်ဆစ်

ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အိုမီဂါ ၃ ဖက်တီအက်ဆစ် တွေဟာ ဆံသားတွေကို သန်စွမ်းကျန်းမာပြီး  ပြောင်လက်တောက်ပစေဖို့ ကူညီပေးပါတယ်။ အိုမီဂါ ၃ ဖက်တီအက်ဆစ်ကို ငါး၊ အစေ့အဆံတွေကနေပြီး ရရှိနိုင်ပါတယ်။


ဒိန်ချဉ်

ဒိန်ချဉ် ကတော့ ပရိုတင်းဓါတ်အပြည့်အ၀ ပါဝင်တာမို့ ဆံသားကျန်းမာရေးအတွက် အဓိကကျတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ဗီတာမင် B5 ကလည်း ဆံလုံးသေးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။


စတော်ဘယ်ရီ၊ အချဉ်ဓါတ်ရှိတဲ့ အသီးများနဲ့ ငရုတ်ကောင်း

ဒီအစားအစာတွေမှာတော့ ဗီတာမင် စီ ဓါတ်အပြည့်အ၀ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ပရိုတင်းဓါတ်ထုတ်လုပ်နိုင်ဖို့ အကူအညီပေးပါတယ်။ ဒါကြောင့် ဗီတာမင် စီ ဓါတ်ပါဝင်တဲ့ နာနတ်သီး၊ ကီဝီသီး၊ ပန်းပွင့်စိမ်း လိုအသီးအရွက်တွေကို များများစားပေးသင့်ပါတယ်။

သံဓါတ်ပြည့်ဝသော အစားအစာများ

သံဓါတ်ပြည့်ဝတဲ့ အစားအစာတွေကတော့ ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ သံဓါတ်ပြည့်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသား၊ အစေ့အဆံ၊ သစ်သီးခြောက် နဲ့ ဥ အနှစ်တွေကို စားသုံးနိုင်ပါတယ်။

ကန်စွန်းဥ

ခန္ဓာကိုယ်ဟာ ဓါတ်တိုးပစ္စည်းတွေကို ဗီတာမင် အေ အဖြစ်ပြောင်းလဲပေးတတ်ပြီး ဗီတာမင် အေ ကတော့ ခြောက်သွေ့ပြီး အရောင်မွဲတဲ့ ဆံသားတွေမဖြစ်စေဖို့ အကာအကွယ်ပေးပြီး လိုအပ်တဲ့ အဆီဓါတ်တွေ ထုတ်လုပ်ပေးပါတယ်။ ဒီလို ဓါတ်တိုးပစ္စည်းတွေကို မုန်လာဥနီ၊ သရက်သီး၊ ကန်စွန်းဥ တို့လို အရောင်အသွေးတောက်ပတဲ့ အသီးအရွက်တွေကို စားပေးသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top