Property Expo
×




Credit:7Day Daily

Unicode Version

သရုပ်ဆောင်မင်းဦးနှင့် မခိုင်ဝေသူတို့၏မင်္ဂလာညစာစား ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက်ညက နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ အနုပညာမောင်နှမ များအပါအဝင် မိတ်ဆွေသူငယ် ချင်းများက  တက်ရောက်ချီးမြှင့်ခဲ့ ကြသည်။

‘‘ဟန်းနီးမွန်းကတော့ အခု လောလောဆယ်မသွားဖြစ်သေး ဘူး။ မနက်ဖြန်ဆိုရင်လည်း ကား ရိုက်ရှိတယ်။ ရုပ်ရှင်ကားကြီးပြီး ရင်လည်း တီဗီစီးရီးရိုက်ရမှာဆို တော့ အဲဒါလေးတွေပြီးမှပဲ နောက်လထဲလောက်မှ တစ်နေ ရာရာသွားဖြစ်မယ်’’ဟု မင်းဦးက ပြောသည်။

မင်းဦးနှင့် မခိုင်ဝေသူတို့ သည် ချစ်သူသက်တမ်းဆယ်နှစ် ကျော်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး မင်္ဂလာလက်မှတ်ရေးထိုးခြင်းနှင့် မင်္ဂလာဦးဆွမ်းကျွေးကို အောက် တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့သည်။‘‘ကိုယ့်အသက်အရွယ်အရ ရင်သွေးရမယ်ဆိုရင်တော့ အမြန် ဆုံးလိုချင်ပါတယ်’’ဟု ၎င်း၏မိ သားစုအစီအစဉ်နှင့်ပတ်သက်၍ မင်းဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top