Property Expo
×

ကြန္ဒံုးကို သားဆက္ျခားဖို႔ ကမာၻတစ္ဝန္းက သံုးစြဲေနၾကခ်ိန္မွာ က်ဴးဘားရဲ႕ တစ္ေနရာမွာေတာ့ ငါးမွ်ားဖို႔ အသံုးခ်ေနပါတယ္။


ေရလမ္းေၾကာင္းကေန အေမရိကန္ကို တရားမဝင္ဝင္ေရာက္မႈေတြေၾကာင့္ က်ဴးဘားအစိုးရဟာ ေလွပိုင္ဆိုင္မႈနဲ႔ပတ္သက္ျပီး တင္းၾကပ္စြာ ထိန္းခ်ဳပ္ထားတာျဖစ္ပါတယ္။  ဒီအခါမွာ ေလွမလိုတဲ့ ေဘာလံုးငါးဖမ္းနည္း ဒါမွမဟုတ္ ကြန္ဒံုးငါးဖမ္းနည္းဟာ ေဝးေဝးလံလံထိ သြားေရာက္ဖမ္းဆီးႏုိင္ကာ ထိေရာက္မႈလည္း ရွိပါတယ္။ ကြန္ဒံုးကို ပူေဖာင္းလုပ္ျပီး ေရထဲမွာ ငါးစာကို ေပ ၉၀၀ ထိေမွ်ာႏုိင္ကာ ငါးလာဟပ္သြားတဲ့အခါ ၾကိဳးကို ျပန္ရစ္ရုံပဲ ျဖစ္ပါတယ္။


အဆုိပါ လြယ္ကူထိေရာက္တဲ့နည္းေၾကာင့္ ငါးဖမ္းရာသီေရာက္တဲ့အခါ က်ဴးဘားႏုိင္ငံတြင္း ကြန္ဒံုးေရာင္းခ်မႈဟာ ျမင့္တက္သြားေလ့ရွိပါတယ္။ ေငြေၾကးအနည္းငယ္ကိုသာ သံုးရတဲ့ အဆိုပါနည္းဟာ ေဒၚလာ ၁၀ တန္ကေန ၂၀ တန္တဲ့ထိ ငါးအမ်ိဳးမ်ိဳးကို ဖမ္းဆီးရမိတာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ကွန်ဒုံးကို သားဆက်ခြားဖို့ ကမ္ဘာတစ်ဝန်းက သုံးစွဲနေကြချိန်မှာ ကျူးဘားရဲ့ တစ်နေရာမှာတော့ ငါးမျှားဖို့ အသုံးချနေပါတယ်။

ရေလမ်းကြောင်းကနေ အမေရိကန်ကို တရားမဝင်ဝင်ရောက်မှုတွေကြောင့် ကျူးဘားအစိုးရဟာ လှေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တင်းကြပ်စွာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။  ဒီအခါမှာ လှေမလိုတဲ့ ဘောလုံးငါးဖမ်းနည်း ဒါမှမဟုတ် ကွန်ဒုံးငါးဖမ်းနည်းဟာ ဝေးဝေးလံလံထိ သွားရောက်ဖမ်းဆီးနိုင်ကာ ထိရောက်မှုလည်း ရှိပါတယ်။ ကွန်ဒုံးကို ပူဖောင်းလုပ်ပြီး ရေထဲမှာ ငါးစာကို ပေ ၉၀၀ ထိမျှောနိုင်ကာ ငါးလာဟပ်သွားတဲ့အခါ ကြိုးကို ပြန်ရစ်ရုံပဲ ဖြစ်ပါတယ်။

အဆိုပါ လွယ်ကူထိရောက်တဲ့နည်းကြောင့် ငါးဖမ်းရာသီရောက်တဲ့အခါ ကျူးဘားနိုင်ငံတွင်း ကွန်ဒုံးရောင်းချမှုဟာ မြင့်တက်သွားလေ့ရှိပါတယ်။ ငွေကြေးအနည်းငယ်ကိုသာ သုံးရတဲ့ အဆိုပါနည်းဟာ ဒေါ်လာ ၁၀ တန်ကနေ ၂၀ တန်တဲ့ထိ ငါးအမျိုးမျိုးကို ဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top