Property Expo
×

မိန္းကေလးငယ္ တစ္ဦးကို ေသေစခဲ့သည့္အတြက္ အိႏၵိယတြင္ က်ားသစ္တစ္ေကာင္ကို ေဒါသထြက္ေနသည့္ ရြာသားမ်ားက အရွင္လတ္လတ္ မီး႐ိႈ႕သတ္ခဲ့ၾကေၾကာင္း သိရသည္။

ဂူဂ်ာရတ္ ျပည္နယ္တြင္ အဆိုပါ က်ားသစ္သည္ ႏိုဝင္ဘာ ၃ ရက္က အသက္ ၈ ႏွစ္အရြယ္ နီကီတာ ဗာဆာဗားကို တိုက္ခုိက္ခဲ့သည္။ မိန္းကေလးသည္ ေက်းရြာအနီး လယ္ကြက္တစ္ခုသို႔ အသြားတြင္ အဆုိပါ သားရဲေကာင္၏ ရန္ျပဳမႈႏွင့္ ႀကံဳေတြ႕ခဲ့ရၿပီး အသက္ဆံုး႐ံႈးခဲ့ရွာသည္။

ထို႔ေနာက္တြင္ က်ားသစ္ကို ေထာင္ေခ်ာက္ဆင္ ဖမ္းဆီးရာ နာရီအနည္းငယ္မွ် အၾကာတြင္ ဖမ္းမိခဲ့သည္။ အဆုိပါ က်ားသစ္ကို ရြာသားမ်ားက ေထာင္ေခ်ာက္ထဲတြင္ပင္ အရွင္လတ္လတ္ မီး႐ိႈ႕သတ္ခဲ့ျခင္းဟု သိရသည္။

 က်ားသစ္ အပါအဝင္ ေၾကာင္အႀကီးစားမ်ိဳးႏြယ္ သားစားသတၱဝါမ်ားသည္ ပံုမွန္အားျဖင့္ လူထူထပ္ရာ ေဒသမ်ားကို ေရွာင္ရွားသြားေလ့ ရွိေသာ္လည္း လူသားမ်ား၏ အေျခခ် ေနထုိင္မႈ က်ယ္ျပန္႔လာကာ ၎တို႔၏ စားက်က္ေျမမ်ားႏွင့္ နီးစပ္လာသည့္ေနာက္ ယခုလို ျပႆနာမ်ား ေပၚေပါက္လာတတ္ေၾကာင္း သား႐ိုင္းတိရစာၦန္ဆိုင္ရာ ကၽြမ္းက်င္သူမ်ားက သတိေပးထားသည္။

ေဒသခံ သစ္ေတာအရာရွိ တစ္ဦးျဖစ္သည့္ အာရက္စ္ ဂက္ဒ္ဗီးက “ေထာင္ေခ်ာက္ဆင္ဖမ္းတာကေတာ့ ဌာန ဝန္ထမ္းေတြပါ။ ေထာင္ေခ်ာက္ ၇ ခု ျဖန္႔ထားၿပီး က်ားသစ္ကို ဖမ္းခဲ့တယ္။ က်ားသစ္ေထာင္ေခ်ာက္ကို ေစာင့္ေနတဲ့ အရာရွိေတြကို ဖိအားေပး ေမာင္းထုတ္ၿပီး ေလွာင္အိမ္ကို ဓာတ္ဆီေလာင္း၊ မီးတင္႐ိႈ႕လုိက္တာပါ”ဟု ေျပာၾကားခဲ့သည္။

အိႏၵိယတြင္ ၿပီးခဲ့သည့္ ႏွစ္ပိုင္းမ်ားအတြင္း လူႏွင့္ ေတာ႐ိုင္းတိရစာၦန္မ်ားၾကား ပဋိပကၡ အေျခအေနမ်ား မၾကာခဏ ေပၚေပါက္ခဲ့ဖူးသည္။ ဇူလုိင္လကလည္း ဂူဂ်ာရတ္ရွိ ေရာ့ဂ်္မဲလ္ ျပည္နယ္တြင္ လူတစ္စုက က်ားသစ္တစ္ေကာင္ကို တုတ္ဓား လက္နက္မ်ားျဖင့္ ဝိုင္းဝန္းသတ္ျဖတ္ခဲ့ၾကသည္။

ဂူဂ်ာရတ္တြင္ က်ားသစ္ေကာင္ေရ ၁၄၀၀ နီးပါး ရွိမည္ဟု ခန္႔မွန္းရၿပီး အိႏၵိယ တစ္ႏုိင္ငံလံုးတြင္ က်ားသစ္ အေရအတြက္ ဒုတိယ အမ်ားဆံုး ေဒသလည္း ျဖစ္သည္။ သို႔ေသာ္ အဆိုပါ က်ားသစ္မ်ားအနက္ သံုးပံုတစ္ပံုခန္႔သည္ စိုးရိမ္ရေလာက္သည့္ အေျခအေနထိ လူသားမ်ားႏွင့္ နီးကပ္စြာ ေနထုိင္ က်က္စားေနေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 မိန်းကလေးငယ် တစ်ဦးကို သေစေခဲ့သည့်အတွက် အိန္ဒိယတွင် ကျားသစ်တစ်ကောင်ကို ဒေါသထွက်နေသည့် ရွာသားများက အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြကြောင်း သိရသည်။

ဂူဂျာရတ် ပြည်နယ်တွင် အဆိုပါ ကျားသစ်သည် နိုဝင်ဘာ ၃ ရက်က အသက် ၈ နှစ်အရွယ် နီကီတာ ဗာဆာဗားကို တိုက်ခိုက်ခဲ့သည်။ မိန်းကလေးသည် ကျေးရွာအနီး လယ်ကွက်တစ်ခုသို့ အသွားတွင် အဆိုပါ သားရဲကောင်၏ ရန်ပြုမှုနှင့် ကြုံတွေ့ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရှာသည်။

ထို့နောက်တွင် ကျားသစ်ကို ထောင်ချောက်ဆင် ဖမ်းဆီးရာ နာရီအနည်းငယ်မျှ အကြာတွင် ဖမ်းမိခဲ့သည်။ အဆိုပါ ကျားသစ်ကို ရွာသားများက ထောင်ချောက်ထဲတွင်ပင် အရှင်လတ်လတ် မီးရှို့သတ်ခဲ့ခြင်းဟု သိရသည်။

 ကျားသစ် အပါအဝင် ကြောင်အကြီးစားမျိုးနွယ် သားစားသတ္တဝါများသည် ပုံမှန်အားဖြင့် လူထူထပ်ရာ ဒေသများကို ရှောင်ရှားသွားလေ့ ရှိသော်လည်း လူသားများ၏ အခြေချ နေထိုင်မှု ကျယ်ပြန့်လာကာ ၎င်းတို့၏ စားကျက်မြေများနှင့် နီးစပ်လာသည့်နောက် ယခုလို ပြဿနာများ ပေါ်ပေါက်လာတတ်ကြောင်း သားရိုင်းတိရစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်သူများက သတိပေးထားသည်။

ဒေသခံ သစ်တောအရာရှိ တစ်ဦးဖြစ်သည့် အာရက်စ် ဂက်ဒ်ဗီးက “ထောင်ချောက်ဆင်ဖမ်းတာကတော့ ဌာန ဝန်ထမ်းတွေပါ။ ထောင်ချောက် ၇ ခု ဖြန့်ထားပြီး ကျားသစ်ကို ဖမ်းခဲ့တယ်။ ကျားသစ်ထောင်ချောက်ကို စောင့်နေတဲ့ အရာရှိတွေကို ဖိအားပေး မောင်းထုတ်ပြီး လှောင်အိမ်ကို ဓာတ်ဆီလောင်း၊ မီးတင်ရှို့လိုက်တာပါ”ဟု ပြောကြားခဲ့သည်။

အိန္ဒိယတွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း လူနှင့် တောရိုင်းတိရစ္ဆာန်များကြား ပဋိပက္ခ အခြေအနေများ မကြာခဏ ပေါ်ပေါက်ခဲ့ဖူးသည်။ ဇူလိုင်လကလည်း ဂူဂျာရတ်ရှိ ရော့ဂျ်မဲလ် ပြည်နယ်တွင် လူတစ်စုက ကျားသစ်တစ်ကောင်ကို တုတ်ဓား လက်နက်များဖြင့် ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြသည်။

ဂူဂျာရတ်တွင် ကျားသစ်ကောင်ရေ ၁၄၀၀ နီးပါး ရှိမည်ဟု ခန့်မှန်းရပြီး အိန္ဒိယ တစ်နိုင်ငံလုံးတွင် ကျားသစ် အရေအတွက် ဒုတိယ အများဆုံး ဒေသလည်း ဖြစ်သည်။ သို့သော် အဆိုပါ ကျားသစ်များအနက် သုံးပုံတစ်ပုံခန့်သည် စိုးရိမ်ရလောက်သည့် အခြေအနေထိ လူသားများနှင့် နီးကပ်စွာ နေထိုင် ကျက်စားနေကြောင်းလည်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top