Property Expo
×

လုပ္ငန္းရွင္ထံမွ ျပန္ လည္သိမ္းယူထားသည့္ မႏၲေလး ေတာင္ေျခရွိ ရတနာပံုေရကူးကန္ ႏွင့္ အပန္းေျဖနားေနစခန္းကို အာမခံစေပၚေငြတင္သည့္စနစ္ ျဖင့္ ငွားရမ္းမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီမွ သတင္းရရွိသည္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီပိုင္ ရတနာ ပံုေရကူးကန္ႏွင့္ အပန္းေျဖစခန္း ကို ၂၀၁၃ ႏို၀င္ဘာက တင္ဒါေအာင္သည့္ ကုမၸဏီအား ပထမတစ္ႏွစ္လွ်င္ ငွားရမ္းခက်ပ္ ၃,၆၃၆ သိန္း၊ ေနာက္ပိုင္းႏွစ္မ်ားအတြက္ တစ္ႏွစ္လွ်င္ ယင္းပမာဏထက္ ၁၅ ရာခိုင္ႏႈန္းႏွစ္စဥ္ ငွားရမ္းခတိုးကာ ငါးႏွစ္သက္တမ္း ငွားရမ္းလုပ္ကိုင္ခြင့္ျပဳခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ အဆိုပါကုမၸဏီသည္ တတိယေျမာက္ႏွစ္ျဖစ္သည့္ ၂၀၁၆/၁၇ ဘ႑ာႏွစ္တြင္ ငွား ရမ္းခေပးသြင္းျခင္းမရွိသျဖင့္ ေအာက္တိုဘာ ၃၁ ရက္က ျပန္ လည္သိမ္းယူကာ ပိတ္သိမ္းေစခဲ့ ေၾကာင္း၊ ယခုအခါ ရတနာပံုေရကူးကန္ႏွင့္ အပန္းေျဖစခန္းငွားရမ္းေပးရန္ အိတ္ဖြင့္တင္ဒါေခၚယူေနၿပီး ယခုထပ္မံငွားရမ္းေပးရာတြင္ ထိုကဲ့သို႔ မျဖစ္ေပၚေစရန္ အာမခံစေပၚေငြတင္သည့္စနစ္ျဖင့္သာ  ငွားရမ္းေပးေတာ့မည္ ျဖစ္ၿပီး ေငြေပးသြင္းျခင္းမရွိပါက အာမခံတင္ထားသည့္ ေငြကို သိမ္းယူမည္ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ပန္းဥယ်ာဥ္ႏွင့္ ကစားကြင္းဌာနမွ ဌာနမွဴး ဦးစိုးမိုးသိမ္းက ေျပာသည္။

‘‘ပိုက္ဆံမရွိဘဲနဲ႔ ၀ါးတား တားနဲ႔ လာဆြဲၿပီးေတာ့မွ ပိုက္ဆံ မသြင္းတဲ့ကိစၥမ်ဳိးမျဖစ္ေအာင္ စီမံ ထားပါတယ္’’ဟု ဌာနမွဴး ဦးစိုးမိုး သိမ္းက ေျပာသည္။ ထို႔အျပင္ ေငြသြင္းၿပီးမွသာ စာခ်ဳပ္ခ်ဳပ္ဆိုမည္ ျဖစ္ၿပီး အမွန္တကယ္လုပ္ငန္း ေဆာင္ရြက္မည့္သူျဖစ္ျခင္း၊ လုပ္ ငန္းအေတြ႕အႀကံဳရွိျခင္း၊ ေဆာင္ ရြက္ရမည့္ လုပ္ငန္းစဥ္မ်ား တင္ျပႏိုင္ျခင္း၊ ကုမၸဏီမ်ား၏ ေငြေၾကး ႏွင့္ ပိုင္ဆိုင္မႈအေထာက္အထား မ်ားစသည္တို႔ကို စိစစ္ေရြးခ်ယ္ မည္ျဖစ္ေၾကာင္း စည္ပင္တာ၀န္ရွိသူမ်ားက ေျပာသည္။

ရတနာပံုေရကူးကန္ႏွင့္ အပန္းေျဖစခန္းသည္ ရတနာပံုတိရစၧာန္ဥယ်ာဥ္ႏွင့္ ကပ္လ်က္ ရွိၿပီး ၄ဒသမ၁၃ ဧက က်ယ္၀န္းကာ ယခင္လုပ္ငန္းရွင္က ေရကူးကန္၊ စားေသာက္ဆိုင္၊ ေကတီဗီ၊ စင္တင္ေတးဂီတ၊ ကေလးကစားကြင္းလုပ္ငန္းမ်ား လုပ္ကိုင္ခဲ့သည္။အိတ္ဖြင့္တင္ဒါကို လာမည့္ ႏို၀င္ဘာ ၁၀ ရက္တြင္ စတင္ေရာင္းခ်ေပးမည္ျဖစ္ၿပီး ဒီဇင္ဘာ ၂ ရက္ေနာက္ဆံုးထားကာ ျပန္ လည္တင္သြင္းရမည္ ျဖစ္သည္။ မႏၲေလးၿမိဳ႕တြင္ ရတနာပံုေရကူး ကန္ႏွင့္ အပန္းေျဖစခန္းအျပင္ ကမ္းနားလမ္းရွိ ၿမိဳ႕ေတာ္ဥယ်ာဥ္ႏွင့္ ၆၂ လမ္းရွိ မေနာ္ရမၼံဥယ်ာဥ္ တို႔ကိုပါ ပုဂၢလိကငွားရမ္းလုပ္ကိုင္ခြင့္ျပဳထားေၾကာင္း မႏၲေလးၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မ တီ ပန္းဥယ်ာဥ္ႏွင့္ ကစားကြင္းမ်ားဌာနမွ သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

လုပ်ငန်းရှင်ထံမှ ပြန် လည်သိမ်းယူထားသည့် မန္တလေး တောင်ခြေရှိ ရတနာပုံရေကူးကန် နှင့် အပန်းဖြေနားနေစခန်းကို အာမခံစပေါ်ငွေတင်သည့်စနစ် ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။

မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီပိုင် ရတနာ ပုံရေကူးကန်နှင့် အပန်းဖြေစခန်း ကို ၂၀၁၃ နိုဝင်ဘာက တင်ဒါအောင်သည့် ကုမ္ပဏီအား ပထမတစ်နှစ်လျှင် ငှားရမ်းခကျပ် ၃,၆၃၆ သိန်း၊ နောက်ပိုင်းနှစ်များအတွက် တစ်နှစ်လျှင် ယင်းပမာဏထက် ၁၅ ရာခိုင်နှုန်းနှစ်စဉ် ငှားရမ်းခတိုးကာ ငါးနှစ်သက်တမ်း ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါကုမ္ပဏီသည် တတိယမြောက်နှစ်ဖြစ်သည့် ၂၀၁၆/၁၇ ဘဏ္ဍာနှစ်တွင် ငှား ရမ်းခပေးသွင်းခြင်းမရှိသဖြင့် အောက်တိုဘာ ၃၁ ရက်က ပြန် လည်သိမ်းယူကာ ပိတ်သိမ်းစေခဲ့ ကြောင်း၊ ယခုအခါ ရတနာပုံရေကူးကန်နှင့် အပန်းဖြေစခန်းငှားရမ်းပေးရန် အိတ်ဖွင့်တင်ဒါခေါ်ယူနေပြီး ယခုထပ်မံငှားရမ်းပေးရာတွင် ထိုကဲ့သို့ မဖြစ်ပေါ်စေရန် အာမခံစပေါ်ငွေတင်သည့်စနစ်ဖြင့်သာ  ငှားရမ်းပေးတော့မည် ဖြစ်ပြီး ငွေပေးသွင်းခြင်းမရှိပါက အာမခံတင်ထားသည့် ငွေကို သိမ်းယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းဌာနမှ ဌာနမှူး ဦးစိုးမိုးသိမ်းက ပြောသည်။

‘‘ပိုက်ဆံမရှိဘဲနဲ့ ဝါးတား တားနဲ့ လာဆွဲပြီးတော့မှ ပိုက်ဆံ မသွင်းတဲ့ကိစ္စမျိုးမဖြစ်အောင် စီမံ ထားပါတယ်’’ဟု ဌာနမှူး ဦးစိုးမိုး သိမ်းက ပြောသည်။ ထို့အပြင် ငွေသွင်းပြီးမှသာ စာချုပ်ချုပ်ဆိုမည် ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ဆောင်ရွက်မည့်သူဖြစ်ခြင်း၊ လုပ် ငန်းအတွေ့အကြုံရှိခြင်း၊ ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များ တင်ပြနိုင်ခြင်း၊ ကုမ္ပဏီများ၏ ငွေကြေး နှင့် ပိုင်ဆိုင်မှုအထောက်အထား များစသည်တို့ကို စိစစ်ရွေးချယ် မည်ဖြစ်ကြောင်း စည်ပင်တာဝန်ရှိသူများက ပြောသည်။

ရတနာပုံရေကူးကန်နှင့် အပန်းဖြေစခန်းသည် ရတနာပုံတိရစ္ဆာန်ဥယျာဉ်နှင့် ကပ်လျက် ရှိပြီး ၄ဒသမ၁၃ ဧက ကျယ်ဝန်းကာ ယခင်လုပ်ငန်းရှင်က ရေကူးကန်၊ စားသောက်ဆိုင်၊ ကေတီဗီ၊ စင်တင်တေးဂီတ၊ ကလေးကစားကွင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။အိတ်ဖွင့်တင်ဒါကို လာမည့် နိုဝင်ဘာ ၁၀ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နောက်ဆုံးထားကာ ပြန် လည်တင်သွင်းရမည် ဖြစ်သည်။ မန္တလေးမြို့တွင် ရတနာပုံရေကူး ကန်နှင့် အပန်းဖြေစခန်းအပြင် ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်နှင့် ၆၂ လမ်းရှိ မနော်ရမ္မံဥယျာဉ် တို့ကိုပါ ပုဂ္ဂလိကငှားရမ်းလုပ်ကိုင်ခွင့်ပြုထားကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မ တီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top